အရေပြားမှိုစွဲရောဂါမှာ ယားယံတာက အစားအသောက်နဲ့ဆိုင်လား

ပြည်သူတွေ အများစုက ကျန်းမာ ရေးပြဿနာ တစ်စုံတစ်ခုဖြစ်လာတဲ့အခါ ဘယ်လိုအစားအစာတွေကို စားရမလဲ၊ ဘာတွေရှောင်ရမလဲဆိုပြီး ဆရာဝန်ကို မေးတတ်ကြပါတယ်။ တချို့ရောဂါတွေ က အစားအသောက်နဲ့ မသက်ဆိုင်တာ ကြောင့် ဘာမှရှောင်ဖို့ မလိုတတ်ပါဘူး။ ဒါကို လူနာနဲ့ လူနာရှင်တွေက အလိုမကျ တတ်ကြပါဘူး။ အာဟာရပြည့်ဝအောင် စားသုံးမယ်၊ သန့်ရှင်းလတ်ဆတ်တာကို သာ စားမယ်၊ ကျန်းမာရေးနဲ့ညီအောင် နေထိုင်မယ်ဆိုတာတွေအစား ကျန်းမာ ရေး ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် အစာရှောင်ဖို့သာ စိတ်ထဲစွဲနေတတ်ကြပါ တယ်။ အဲဒါကြောင့် အရေပြားမှာ မှိုစွဲ ရောဂါဖြစ်တဲ့အခါမှာလည်း ယားယံမှု တွေ ခံစားရတာကြောင့် အစာရှောင်ဖို့ လိုမလားဆိုတဲ့ မေးခွန်းက ဖြစ်လာပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး အရေပြားအထူး ကုဆရာဝန် ပါမောက္ခ ဒေါက်တာခိုင်ခိုင် ဇော်က အခုလို ရှင်းပြထားပါတယ်။

♦  အရေပြားမှိုစွဲရောဂါက အစားအသောက် နဲ့ကော ဆိုင်ပါသလား။ အစာရှောင်ဖို့ လိုပါသလား။
အရေပြားရောဂါဖြစ်တော့ ယားလို့ အစာရှောင်နေရတာ ဘာမှကို မစားရ ဘူး။ ရေနဲ့ထမင်းပဲကျန်တော့တယ်၊ သက်သတ်လွတ်စားလည်း ယားတာပဲ ဆရာမရယ်၊ ဘာမှမစားလည်း ယားနေ တာပဲ ဆရာမရယ်၊ လုပ်ပါဦးဆိုပြီး ရောက်လာတတ်ပါတယ်။ အရေပြား မှိုစွဲရောဂါကြောင့် ယားယံနေတာက အစား အသောက်နဲ့ လုံးဝမသက်ဆိုင်ပါဘူး။ အစားအသောက်နဲ့ သက်ဆိုင်တဲ့ရောဂါ က ဓာတ်မတည့်တဲ့ ရောဂါပါ။ မြေပဲစား ရင် ယားတယ်၊ ပုစွန်စားရင် ယားတယ်၊ ပင်လယ်စာတွေစားရင် ယားတယ်၊ စားစ မရှိတာတွေစားရင် ယားတယ်။ အဲဒါက ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်တစ်မျိုးနဲ့ မတည့်တဲ့ရောဂါပါ။ ကိုယ်ရဲ့ အလုပ်က နဂိုကတည်းက ချွေးထွက်အောင် လုပ်ရ တယ်၊ အပူအစပ်တွေလည်း စားမယ်၊ ဟင်းချိုပူပူသောက်မယ်ဆိုရင် ချွေးတွေ ထွက်လာပါတယ်။ ခဏနေတော့ ပူလို့ အဲယားကွန်းအခန်းထဲသွားတော့ ချွေး က ခြောက်သွားတယ်။ ခဏနေတော့ ထွက်လာပြီး အလုပ်ပြန်လုပ်တော့ ချွေး က ပြန်ထွက်တယ်။ အဲဒီတော့ စိုလိုက်၊ ခြောက်လိုက်ဖြစ်နေတဲ့အခါ အရေပြားက နူးပြီး ပျော့နေပါတယ်။ အဲဒီအချိန်မှာ မှိုပိုးကူးစက်ပါတယ်။ မှိုပိုး စွဲတဲ့အခါ ယား ပါတယ်။ ပူတဲ့အချိန်မှာ ယားပါတယ်၊ အေးတဲ့အချိန်မှာ ယားတာ သက်သာ ပါတယ်။ ရာသီဥတုက ပူတယ်ဆိုရင် ပူတဲ့အစားအသောက်လေးတွေ ရှောင် ပါ။ အေးတဲ့နေရာမှာနေပါ။ မုန့်ဟင်းခါး ဆိုရင် ကျွန်မအရမ်းကြိုက်ပါတယ်။ မုန့်ဟင်းခါးမှာ စပါးလင်၊ ချင်း (ဂျင်း)၊ ငရုတ်သီးတွေထောင်းပြီး ထည့်ချက်ထား ပါတယ်။ ငယ်တဲ့သူတွေဆို ရခိုင်မုန့်တီ ထဲကို ငရုတ်သီးထောင်းထားတာ ထပ် ထည့်စားကြပါတယ်။ အဲဒီလို အပူအစပ် တွေ စားတဲ့အခါ ချွေးတွေထွက်လာ ပါတယ်။ ချွေးထွက်ရင် ပေါ့သွားတာတော့ မှန်ပေမယ့် မှိုစွဲရောဂါရှိနေသူတွေမှာ တော့ ချွေးထွက်တဲ့အခါ ယားယံတာတွေ ဖြစ်စေပါတယ်။ အစားအသောက်နဲ့ မှိုစွဲ ရောဂါက တိုက်ရိုက်တော့ မသက်ဆိုင် ဘူး။ ဒီအစားအစာစားလို့ ဒီရောဂါဖြစ်တာ လည်း မဟုတ်ပါဘူး။ ဒီအစားအစာတွေ စားရင်း ချွေးထွက်တာကြောင့်ပါ။

♦ အရေပြားမှိုစွဲရောဂါ အဖြစ်များတဲ့ ခန္ဓာ ကိုယ် အစိတ်အပိုင်းတွေကို ပြောပြပေးပါ ဆရာမ။
ခေါင်းကနေ ခြေထောက်အထိ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင် ပါတယ်။ စစတွေ့ချင်းမှာ ပုရွက်ဆိတ် ကိုက်သလောက်ပဲ အဖုလေး သေးသေး လေး စတွေ့တယ်။ အရမ်းမြန်ပါတယ်။ တစ်ပတ်လောက်အတွင်းမှာ အ၀ိုင်းဖြစ် လာတယ်။ ဘာကြောင့်လဲဆိုတော့ မှိုပိုး က အခက်အလက်လေးတွေ ရှိပါတယ်။ အဲဒီ အခက်အလက်လေးတွေက ပြန့် ကားလာပြီး အရေပြားရဲ့အပေါ်ယံအလွှာ က မှိုပိုးရဲ့အစာအာဟာရဖြစ်တယ်။ ဒီတစ်နေရာမှာ စားသုံးပြီးလို့ ကုန်သွားရင် တခြားနေရာကို ပြောင်းပြီးထပ်စားတယ်။ အဲဒီလိုနည်းနဲ့ ဖြစ်တဲ့နေရာကျယ်သွား တာပါ။ မြေကြီးကို လယ်ထွန်ထားသလို မျိုး အရေပြားက ပွနေပါတယ်။ ညှင်းက ရင်ဘတ်နဲ့ ကျောကုန်းနေရာတွေမှာ ပေါက်ပါတယ်။ အဖြူအဖတ်အဖတ်လေး တွေပါ။ စပါးညှင်းလို့ ပြောကြတဲ့ အညို ရောင် ညှင်းတွေလည်း ရှိပါတယ်။ အဖြူ လေးတွေ တွေ့တယ်ဆိုရင် တချို့တွေ စိုးရိမ်တာက ခရုသင်းများ ဖြစ်နေပြီလား ဆရာမရယ် ကြည့်ပေးပါဦးဆိုပြီး ရောက် လာတတ်ပါတယ်။ ကျွန်မက ကြည့်ရှုပြီး ခရုသင်း မဟုတ်ဘူး။ အရေပြားအပေါ်ယံ လေးမှာပဲ ဖြစ်တာဆိုပြီး ရှင်းပြလိုက်ရင် နားလည်သွားကြပါတယ်။ အဓိက ကျွန်မတို့ဆီ လာပြတယ်ဆိုတာ စိတ်ထဲ ဒွိဟဖြစ်နေတာကို ရှင်းချင်တာပါ။ ဒါက စိုးရိမ်ရတဲ့ ရောဂါလား၊ ဒါက ရိုးရိုးသာ မန်ရောဂါပဲလားဆိုတာ သိချင်ကြတာပါ။ ကျွန်မတို့က သေချာနားလည်အောင် ရှင်းပြလိုက်မယ်ဆိုရင် သူတို့အတွက် ရောဂါတစ်ဝက် သက်သာသွားပါတယ်။

♦ ဖြစ်တဲ့နေရာပေါ် မူတည်ပြီး မှိုစွဲရောဂါကို ဘယ်လိုတွေ သတ်မှတ်ပါသလဲ ဆရာမ။
ခြေသည်း၊ လက်သည်းတွေမှာ မှိုစွဲ ရင် မလှပါဘူး။ မလှတော့ ခြေသည်းနီ၊ လက်သည်းနီ ဆိုးကြပါတယ်။ ကျွန်မက ခြေသည်းနီ၊ လက်သည်းနီ မဆိုးစေချင်ပါ ဘူး။ ဆေးထည့်ပြီး ရေခြောက်အောင်နေ စေချင်ပါတယ်။ အိမ်အလုပ်ဆိုတာက လက်နဲ့မပြတ်အောင် လုပ်နေရင် ရေက အမြဲလိုထိတွေ့နေမှာပါ။ အဓိက လက်မ မှာ တွေ့ရပိုများတယ်။ ရေနဲ့ထိတွေ့ပြီး အလုပ်လုပ်ရသူတွေရဲ့ ခြေထောက်မှာ အတွေ့ရများတယ်။ တစ်နေကုန် ရှူးဖိနပ် စီးပြီး အလုပ်လုပ်ရသူတွေမှာ ဖိနပ်ချွတ် လိုက်ရင် ပုပ်အဲ့အဲ့နဲ့ အနံ့ရှိပါတယ်။ ဒါ လည်း မှိုကြောင့်ဖြစ်တာပါ။ ပါးစပ်မှာဆို မှိုစွဲတာကို မှက်္ခရုလို့ ခေါ်ပါတယ်။ ဦးရေ ပြားမှာ မှိုစွဲတာကတော့ ဗောက်ထတာ ပေါ့။ အဖြူအဖတ်လေးတွေ ခေါင်းကုတ် လိုက်ရင် ကျလာပါတယ်။ ဦးရေပြားမှာက ဆံပင်စိုက်နေတာကြောင့် အဲဒီဆံပင် စိုက်နေတဲ့အမြစ်ထဲအထိ မှိုပိုးတွေက ၀င်သွားတယ်ဆိုရင် ရောင်လာမယ်၊ ဆံပင် တွေ ကျွတ်ထွက်မယ်၊ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး အလုံးကြီးတွေ ဖြစ်လာတတ် ပါတယ်။ ဒါကိုတော့ တော်ရုံတန်ရုံလူမှာ မတွေ့ရပါဘူး။ ဘုန်းတော်ကြီးကျောင်း တွေ၊ ပရဟိတကျောင်းတွေမှာ ကိုရင် လေးတွေ၊ သီလရှင်လေးတွေ ၀တ်ထား ပေးပါတယ်။ သူတို့က ကတုံး ခဏခဏ ရိတ်ရပါတယ်။ တစ်ပါးပြီးတစ်ပါး ရိတ်ရ တော့ မှိုပိုးတွေ ကူးစက်ပါတယ်။ ကျွန်မ တို့ ပရဟိတကျောင်းတွေ သွားတဲ့အခါ မှိုပိုးတွေ အများကြီးတွေ့ရတယ် ဘာလုပ် ရမလဲ ဆရာမဆိုပြီး လာမေးကြတဲ့သူ တွေလည်း ရှိပါတယ်။ ကျွန်မတို့ကိုယ်တိုင် လည်း အချိန်ရတဲ့အခါ ဒီနေရာတွေကို သွားပြီး ဆေးတွေပေးခဲ့ပါတယ်။ တစ်လ စောင့်ကြည့်ပြီး တစ်လပြည့်တော့ ထပ် သွားပါတယ်။ လိုအပ်ရင် ဆေးထပ်ပေး ပါတယ်။ ကတုံးတုံးတဲ့ဓားကို တစ်ခါသုံးပဲ သုံးဖို့မှာ ထားရပါတယ်။ ထပ်ခါထပ်ခါ သုံးရင် မှိုပိုးတွေ ပိုပြီးကူးစက်လွယ်ပါ တယ်။ မိဘမရှိဘဲ စုနေရတဲ့နေရာတွေ ဖြစ်တာကြောင့် သန့်ရှင်းရေးကို ဂရုစိုက် ရပါတယ်။ ဒီလို နေရာတွေမှာ အရေပြား မှိုစွဲတာကို ဆိုးဆိုးရွားရွားတွေ တွေ့ရ တတ်ပါတယ်။

♦ အရေပြားမှိုစွဲရောဂါဖြစ်စေတဲ့ မှိုပိုးက ဘယ်ပိုးဖြစ်ပါသလဲ ဆရာမ။
အရေပြားမှိုစွဲတာဖြစ်ပွားရတဲ့ အဓိ က တရားခံက Dermatophytes ပါ။ သူ့ မှာ အခက်အလက်လေးတွေ၊ အလုံးအဖု လေးတွေ ရှိပါတယ်။ သစ်္စာပန်းဆိုရင် နွေရာသီရောက်ရင် အပင်မရှိတော့ဘူး၊ ပျောက်သွားတယ်၊ ဒါပေမဲ့ မြေကြီး အောက်ထဲမှာ ဥရှိတဲ့အတွက် မိုးရွာရင် ပြန်ပေါက်လာတယ်။ မှိုပိုးမှာလည်း အဲဒီ လိုပဲ Spore လေးတွေရှိတာကြောင့် အပေါ်ယံမှာ မရှိတော့ဘူး၊ ကောင်းသွားပြီ ဆိုပြီး စိတ်ချနေလို့ မရဘူး။ Spore တွေ ကုန်မှပဲ အမြစ်ပြတ်ပါတယ်။
အသည်းတို့ ကိုယ်တွင်းကလီစာတို့ ကိုသွားတဲ့ မှိုအမျိုးအစား မရှိဘူးလားဆို ရင် ရှိပါတယ်။ ဒါပေမဲ့ အပေါ်ယံဖြစ်တဲ့ ညှင်းတို့၊ မှက္ခရုရောဂါတို့က အတွင်းထဲ ကို မရောက်ပါဘူး။ တချို့မှိုအမျိုးအစား တွေကတော့ အလုပ်အကိုင်တို့၊ ပတ်ဝန်း ကျင်တို့နဲ့ ဆိုင်ပါတယ်။ သာမန်ပြည်သူ တွေမှာတော့ ခန္ဓာကိုယ်အတွင်းပိုင်းအထိ ရောက်တဲ့ မှိုစွဲရောဂါတွေက တွေ့ရနည်း ပါတယ်။

◘ ပါမောက္ခဒေါက်တာခိုင်ခိုင်ဇော်
အရေပြားရောဂါအထူးကုဌာန
ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published.