ကင်ဆာဖြစ်နိုင်ခြေ နည်းအောင် မှီဝဲသင့်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ

ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့၊ ဖွံ့ဖြိုးဖို့၊ ပြုပြင်ထိန်းသိမ်းဖို့နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လုပ်ငန်းတွေ လုပ်ဆောင်ဖို့အပြင် ကင်ဆာရောဂါအတွက်ပါ ကာကွယ်မှုပေးနိုင်ကြောင်း သုတေသနတွေမှာ တွေ့ရှိလာပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေပါက ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။

ဗီတာမင်များ
ဗီတာမင် အေ၊ သိုင်ရာမင်း၊ ရိုက်ဗိုဖ လေဗင်၊ နိုင်ယာစင်၊ ဗီတာမင်B6၊ ဗီတာ မင်B12၊ ဗီတာမင် C၊ ဗီတာမင်K၊ ဗီတာမင် E၊ ဗီတာမင်D၊ ဖောလစ်အက်စစ်၊ ပန်သိုသဲနစ်အက်စစ်၊ ဘိုင်အိုတင်။

သတ္တုဓာတ်များ
ကယ်လ်စီယမ်၊ ခရိုမီယမ်၊ သွပ်ဓာတ်၊ အိုင်အိုဒင်း၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဆီလီနီယမ်၊ ဆိုဒီယမ်၊ ဇင့်ဓာတ်။

အင်တီအောက်ဆီးဒင့်နှင့် ကင်ဆာကာ ကွယ်ခြင်း
ခန္ဓာကိုယ်ရှိ ဆဲလ်တွေက ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ နေရောင်ခြည်နဲ့ စိတ်ဖိစီးမှု စတာတွေကြောင့် အမြဲလိုလို ဓာတ်တိုးမှုဖြစ်စဉ်တွေဖြစ်ပေါ်ပြီး ပျက်စီးမှုတွေ ဖြစ်နေပါတယ်။ ဆဲလ်တွေ ပျက်စီးမှုက ရောဂါတွေဖြစ်စေပြီး ကင်ဆာရောဂါကိုလည်း ဖြစ်စေပါတယ်။ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တချို့ဓာတ်တွေက ဓာတ်တိုးမှုဖြစ်စဉ်ကို တားဆီးပေးပြီး ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင် E၊ ဗီတာမင် A၊ ဗီတာမင် C၊ ဆီလီနီယမ်နဲ့ အပင်ကရတဲ့ ဖလေဗိုနွိုက်စတာတွေက အင်တီအောက်ဆီးဒင့်အာနိသင်ရှိပါတယ်။

ဗီတာမင် A
ဘီတာကယ်ရိုတင်း သောက်ပြီး ခန္ဓာကိုယ်ထဲ ရောက်သွားပါက ဗီတာမင် A အဖြစ် ပြောင်းလဲကာ အာနိသင်ရရှိစေပါတယ်။ လေ့လာမှုတွေအရ ဗီတာ မင် ဗ က ဆေးလိပ်သောက်သုံးသူတွေမှာ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့နည်းစေတာကို တွေ့ရှိပါတယ်။

ဗီတာမင် C
ဗီတာမင် C ကို ပမာဏများများ စားသုံးတာက အစာအိမ်ကင်ဆာဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ လေ့လာမှုတွေအရ ပညာရှင်တွေကြားမှာ ကွဲလွဲမှု တွေ ရှိနေသေးတာကြောင့် ဆက်လက် လေ့လာမှုတွေပြုလုပ်ဖို့ လိုနေပါသေးတယ်။

ဗီတာမင် E
ဗီတာမင် အီးက ဓာတ်တိုးမှုကို ဆန့် ကျင်ပေးတာကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ ဒါ့ပြင် ဗီတာမင် E က ဆီးကျိတ်ကင်ဆာဖြစ်ပွား နိုင်ခြေကို လျှော့ချပေးနိုင်စွမ်းနဲ့ပတ်သက်ပြီးလည်း သုတေသီတွေက လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။

ဆီလီနီယမ်
လေ့လာမှုအတွေအရ ဆီလီနီယမ်က ကင်ဆာဖြစ်ပွားမှုကို လျော့နည်းစေတာ တွေ့ရပါတယ်။ ဆီလီနီယမ်က အရေပြားကို နုပျိုစေပေမယ့် ကင်ဆာ ဖြစ်ပွားနေတဲ့အရေပြားကိုတော့ ပြန်လည်ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဆီးကျိတ်ကင်ဆာ၊ အဆုတ် ကင်ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာတွေ ဖြစ်ပွားနိုင်ခြေကို လျော့ နည်းစေပါတယ်။ ကင်ဆာဖြစ်ပွားပြီးသား အခြေအနေကိုတော့ ပြန်လည်ကောင်း မွန်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ကြို တင်ကာကွယ်မှုအနေနဲ့ သောက်သုံးဖို့ သင့်တော်ပါတယ်။

ဗီတာမင်၊ သတ္တုဓာတ်များနှင့် သုတေ သနများ
ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ ခန္ဓာကိုယ်အပေါ် စွမ်းဆောင်နိုင်ရည်ကို သုတေသနပြုလုပ်လေ့လာကြည့်တဲ့အခါ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံသောက်သုံး ပါက အူလမ်းကြောင်းမှာရှိတဲ့ အသားသီးတွေကို လျော့နည်းစေပါတယ်။ အဲဒီအသားသီးတွေက အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာဖြစ်ပွားနိုင်ခြေကို များ စေပါတယ်။ ပုံမှန်ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်တာက အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာဖြစ်ပွားမှုကို အစောဆုံး သိရှိနိုင်စေပါတယ်။
သွေးဆုံးပြီး အမျိုးသမီးတွေ အရိုး ပါးရောဂါမဖြစ်အောင် ကယ်လ်စီယမ်နဲ့ ဗီတာမင်D သောက်သုံးတာက အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာဖြစ်ပွားမှု ကို လျော့နည်းစေတယ်လို့ လေ့လာမှု တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
ဖောလိတ်ဓာတ် ခန္ဓာကိုယ်မှာ ချို့တဲ့ပါက အမျိုးသမီးတွေမှာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ ကောက်နှံတစ် ခုလုံးပါဝင်စာ စတာတွေကနေ ဖောလိတ်ဓာတ်ကို ရရှိနိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အဓိကပါဝင်ပြီး ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ အောက်ပါ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လုံ လောက်အောင် စားသုံးဖို့လိုပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal