ခန္ဓာကိုယ်အတွင်း ပရိုတင်း အာဟာရ ချို့တဲ့ခဲ့ရင်

ပရိုတင်းက အမိုင်နိုအက်စစ်တွေနဲ့ပြုလုပ်ထားတဲ့ အာဟာရဓာတ်ဖြစ်ပြီး ကြွက်သားထု တည်ဆောက်ဖို့အတွက် လိုအပ်ပါတယ်။ သူက ကြွက်သားထုတွေကိုထိန်းသိမ်းဖို့နဲ့ ပြန်လည်ပြုပြင်နိုင်ဖို့သာမက ခန္ဓာကိုယ်အတွက် စွမ်းအင်ပေးပြီး ဟော်မုန်းကို ထိန်းချုပ်ပေးပါတယ်။ ဓာတုတုံ့ပြန်မှုကောင်းအောင် အင်ဇိုင်းလိုပြုမူပြီး ရောဂါတွေအတွက်လည်း ဒိုင်းလို ကာကွယ်ပေးပါတယ်။ ပရိုတင်းကို လုံလောက်စွာ မရရှိခဲ့ရင် အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

ကြွကက်သားထုဆုံးရှုံးနိုင်ပါတယ်။
ခန္ဓာကိုယ်အတွင်းမှာ ပရိုတင်းဓာတ်လိုအပ်နေတဲ့အတွက် အားနည်းတာ၊ မောပန်း တာနဲ့ ကြွက်သားဆုံးရှုံးတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ ပရိုတင်းဓာတ်လျော့ နည်းလာတဲ့အခါမှာ အရိုးကြွက်သားတွေဆီမှ ပရိုတင်းကို ထုတ်ယူသုံးစွဲတာကြောင့် အချိန်ကြာလာတဲ့အခါမှာ ကြွက်သားထုလျော့နည်းလာပြီး အားနည်းတာ၊ မောပန်းတာ တွေ ဖြစ်လာနိုင်ပါတယ်။

ခုခံအားစနစ် ကျဆင်းနိုင်ပါတယ်။
ပရိုတင်းချို့တဲ့တာကြောင့် ဖျားနာနိုင်ပါတယ်။ ပရိုတင်းက ခုခံအားစနစ်အတွက် လိုအပ်ပြီး ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားတွေကို တွန်းလှန်နိုင်ပါတယ်။ ဒါ့ပြင် ခုခံအားဆဲလ် တွေက ပရိုတင်းအခြေခံတဲ့ အမိုင်နိုအက်စစ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အရိုးကြီးထွားမှုနဲ့ သိပ်သည်းဆ လျော့နည်းနိုင်ပါတယ်။
သင့်အရိုးတွေက ပရိုတင်းတစ်မျိုးဖြစ်တဲ့ ကော်လာဂျင်နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကလေးငယ်တွေက ပရိုတင်းရရှိမှုနည်းပါးတာကြောင့် အရိုးကြီးထွားမှု လျော့နည်း နိုင်ပါတယ်။ အသက်ကြီးသူတွေမှာ ပရိုတင်းလုံလောက်မှုမရှိတာကြောင့် အရိုးသိပ်သည်း ဆလျော့နည်းလာတဲ့အတွက် အရိုးသန်မာမှုနည်းပါးက ကျိုးလွယ်ထိခိုက်လွယ်နိုင် ပါတယ်။

ဝမ်းဗိုက် ပိုမို ဆာလောင်နိုင်ပါတယ်။
ပရိုတင်းက အစာစားချင်စိတ်ကို ကျေနပ်နှစ်သိမ့်မှုရရှိနိုင်တဲ့ အာဟာရဖြစ်ပြီး သူ့ကြောင့် အချိန်အကြာကြီး ဝမ်းဗိုက်ပြည့်ဝမှု ရရှိနိုင်ပါတယ်။

အရေပြားနဲ့ဆံသား ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။
ခန္ဓာကိုယ်အတွင်း ပရိုတင်းလုံလောက်မှုမရှိရင် လက်သည်းအားနည်းပြီး <ကပ်ဆတ်တာ၊ အသားအရေခြောက်သွေ့တာနဲ့ ဆံသားပါးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရေပြား၊ ဆံသားနဲ့ လက်သည်းခြေသည်းတွေက အီလက် စတင်၊ ကော်လာဂျင်နဲ့ ကရက်တင်လိုမျိုး ပရိုတင်းအမျိုးအစားတချို့နဲ့ ပြုလုပ်ထားတာ ကြောင့်ပါ။

ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ဖို့ နှေးကွေးနိုင်ပါတယ်။
သင်က မကြာခင်ကမှ ထိခိုက်ဒဏ်ရာရထားရင် ဒါမှမဟုတ် အပြင်းအထန် လေ့ကျင့်ခန်းပြုလုပ်ထားရင် ဒါမှမဟုတ် ခွဲစိတ်ကုသမှု ခံယူထားရရင် ပရိုတင်းဓာတ် ချို့တဲ့နေတာကြောင့် အနာကျက် ဖြစ်စဉ်နှေးကွေးနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal