တီဘီရောဂါလူနာများအတွက် အာဟာရလမ်းညွှန်

ကလေးတီဘီဖြစ်ရခြင်း
တီဘီရောဂါက အခုနောက်ပိုင်း ကလေးတွေမှာ ပိုဖြစ်တာတွေ့ရပါတယ်။ ကင်ဆာရောဂါသည်တွေ၊ HIဠရောဂါ သည်တွေမှာ တွေ့ရတာကတော့ ကိုယ် ခံအားနည်းလို့ပါ။ အခု အတော်များများ ဖြစ်နေတာကတော့ ငါးနှစ်ကနေ တစ် ဆယ့်ကိုးနှစ်အတွင်း ကလေးတွေမှာပါ။ ကျွန်မဆီကိုလာပြတဲ့ လူနာကလေးတွေ မှာဆို အစာမစားလို့ လာကြတာများပါ တယ်။ စစ်ဆေးကြည့်တဲ့အခါ ကလေးက ဘယ်လိုစားစား ကိုယ်အလေးချိန်မတက် ဘူး။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ လက္ခ ဏာက ဏမငာမေပ ဃသာစူနထ ကိုတွေ့ တာပါပဲ။ အဲဒီတော့မိဘတွေ၊ ကလေး ကို ထိန်းကျောင်းနေတဲ့သူတွေအနေနဲ့ ကလေးတွေဖြစ်တတ်တဲ့ရောဂါ အခြေ အနေတွေကို သိသင့်သိထိုက်တာ သိရှိ အောင်လုပ်ဆောင်ထားဖို့ လိုပါတယ်။
ကလေးတီဘီရောဂါက လူကြီးကို မကူးပါဘူး။ လူကြီးတီဘီရောဂါကတော့ ကလေးကိုကူးနိုင်ပါတယ်။ ကလေးငယ် တွေက ကိုယ်ခံအားနည်းတော့ အိမ်မှာ အတူတူနေတဲ့ အဘိုးတွေ၊ အဘွားတွေ မှာ တီဘီရောဂါဖြစ်နေရင် ကလေးမှာတီ ဘီရောဂါကူးဖို့ သေချာပါတယ်။

သတိထားသင့်သည်များ
ကလေးကအစာမစားလို့ ပိန်သွား တာလား၊ အစာက ဘာလို့မစားတာလဲ၊ ကိုယ်အလေးချိန်ကကော တဖြည်းဖြည်း ကျသွားတာလား ဆိုတာတွေလည်း သိဖို့ ကလေးရဲ့ ကိုယ်အလေးချိန်ကို အမြဲ တမ်းလိုလိုချိန်ပေးဖို့လည်း လိုအပ်ပါ တယ်။ ကလေးအစာမစားတာက သာ မန်အခြေအနေကြောင့် မစားချင်တာ လား ဒါမှမဟုတ် တီဘီရောဂါကြောင့်ပဲ မစားချင်တာလားဆိုတာ ဆန်းစစ်ပေးရ ပါမယ်။ တကယ်လို့ ကလေးက မူမမှန် တော့ဘူးဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပေးဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်တွေမှာလည်း တီ ဘီရောဂါဖြစ်တာတွေ တွေ့ရပါတယ်။ ကိုယ်ဝန်ရှိစမှာ ပိန်တဲ့သူက ရိုးရိုးသား သား ပိန်သွားတယ်ပဲထင်တာပေါ့နော်။ တကယ်တမ်းစစ်ဆေးကြည့်တဲ့အခါ တီ ဘီရောဂါဖြစ်နေတာကို တွေ့ရပါတယ်။

တီဘီဆေးသောက်မည်ဆိုလျှင်
တီဘီဆေးသောက်တဲ့အခါ တချို့ လူနာတွေမှာ ဆေးရဲ့ဘေးထွက်ဆိုးကျိုး ကြောင့် အသည်းအင်ဇိုင်းထွက်နှုန်းတက် လာတာတွေရှိပါတယ်။ နည်းနည်းပါးပါး က ကိစ္စမရှိပေမယ့် တချို့လူနာတွေမှာ တော့ ခန္ဓာကိုယ်က အရမ်းကြီး ဝါထိန် လာတာမျိုးဖြစ်ရင်တော့ တီဘီဆေးကို ဆက်ပြီး မသောက်သင့်ပါဘူး။ အရင်ဆုံး ဘာလုပ်သင့်လဲဆိုတော့ အာဟာရဓာတ် ပြည့်ဝအောင်လုပ်ရပါမယ်။ အာဟာရ ပြည့်ဝမယ့်အစာတွေ ကျွေးတာ၊ အား ဆေးတွေပေးတာမျိုးပေါ့နော်။ ပြီးမှ တီ ဘီဆေးပြန်တိုက်ရပါမယ်။ အဲဒီလို ပြန် တိုက်တဲ့အခါ ဆေးပမာဏကို အစအဆုံး ပြန်တိုက်ရမှာပါ။
တချို့ကျောက်ကပ်ရောဂါသည် တွေလည်း တီဘီရောဂါဖြစ်နေတာတွေ ရှိပါတယ်။ အဲဒီလိုအချိန်ဆို အာဟာရ ဓာတ်ရရှိနှုန်းက အရမ်းအရေးကြီးပါတယ်။ ကျောက်ကပ်ရောဂါသည်တွေက သာမန် လူနာတွေလို စားချင်တာစားလို့မရပါဘူး။ အဲဒီတော့ ဟင်းသီးဟင်းရွက်၊ သစ်သီး တွေဆိုရင်လည်း အကုန်စားလို့မရပါဘူး။ ပိုတက်စီယမ်ဓာတ်တွေလည်း မတက် နိုင်အောင် ချိန်ဆပေးရတာဆိုတော့ ကျွန်မတို့တွေလည်း သေသေချာချာ စဉ်း စားပေးရပါတယ်။

ဆေးယဉ်ပါးတီဘီရောဂါဖြစ်နေလျှင်
MDR-TB လို့ခေါ်တဲ့ဆေးယဉ်ပါး တီဘီရောဂါဖြစ်တဲ့အခါမှာလည်း လူနာ က အာဟာရဓာတ်လုံလုံလောက်လောက် မှီဝဲဖို့လိုပါတယ်။ အဲဒီတော့ ပရိုတင်း ဓာတ်ကို အဓိကဖြည့်ရပါမယ်။ အသား စားပေးပေါ့နော်။ အသားမစားရင် တိုဟူး နဲ့ ပဲနို့သောက်ပေးနိုင်ပါတယ်။
ဟိုတလောက ကျွန်မဆီကိုကျောင်း သားလေးတစ်ယောက် အူတီဘီရောဂါနဲ့ ရောက်လာပါတယ်။ အူတီဘီက ချောင်း မဆိုးပါဘူး။ ဝမ်းတော့ နည်းနည်းလျှောပါ တယ်။ ဗိုက်အောင့် ဗိုက်နာတွေဖြစ်ပြီး ကိုယ်အလေးချိန်က တဖြည်းဖြည်း ကျ ကျသွားပါတယ်။ အရင်ဆုံးတော့ ဘာဖြစ် မှန်းမသိဘူးပေါ့။ နောက်မှ အူတီဘီဆိုပြီး အဖြေထွက်လာပါတယ်။
အရိုးတီဘီ ကျပြန်တော့လည်း ခါး နာတယ်၊ တဖြည်းဖြည်း ကိုယ်အလေး ချိန်ကျတယ်ပေါ့။ MRI ရိုက်ကြည့်တဲ့ အခါ တီဘီဖြစ်နေတဲ့ အရိုးက သိသာပါ တယ်။ တစ်ခါတလေ မကုဘဲထားတာ ကြာတဲ့အခါ အရိုးကျွံတာတွေ ဖြစ်တတ် ပါတယ်။

ပေါ့ပေါ့ဆဆ နေလျှင်
တီဘီရောဂါ ဖြစ်လို့ဆေးသောက် ပြီး ပျောက်ကင်းထားတဲ့ လူနာတွေမှာ တီဘီရောဂါ ပြန်ဖြစ်နိုင်ခြေတော့ ရှိပါ တယ်။ ရာခိုင်နှုန်း အရမ်းမများပေမယ့် ပေါ့ပေါ့ဆဆနေရင်တော့ ပြန်ဖြစ်နိုင် ပါတယ်။ အာဟာရဓာတ် မျှတအောင် စားပြီး ကိုယ်ခံအားကောင်းအောင် နေ သင့်ပါတယ်။ ကလေးငယ်ငယ်လေးတွေ မှာလည်း မူကြိုတွေ၊ ကျောင်းတွေသွား တဲ့အခါတခြား ကလေးတစ်ယောက်က တီဘီဖြစ်နေတယ်ဆိုပါတော့၊ အတူတူ ဆော့ဖြစ်တာ၊ ထမင်း တူတူစားတာတွေ က ရောဂါကူးနိုင်ပါတယ်။

အကြံပြုစကား
တီဘီရောဂါက လူအတော်များများ မှာ ခံစားနေရတာ တွေ့ရပါတယ်။ ကြောက်စရာကောင်းတဲ့ရောဂါ ဖြစ် ပေမယ့်ဆေးဝါးတွေကို အချိန်မီသောက် သုံးမယ်၊ အာဟာရကောင်းကောင်း မှီဝဲ မယ်ဆိုရင်တော့ လုံးဝ ပျောက်ကင်းနိုင်ပါ တယ်။ အဲဒီတော့ ကြောက်စရာမလိုဘူး ပေါ့၊ ဒါပေမဲ့ ဒီအတိုင်းမကုဘဲ ထားလို့ ရလားဆိုတော့လည်းမရပါဘူး။
ဒီတော့ တီဘီရောဂါလို့ယူဆရတဲ့ လက္ခဏာတွေ တွေ့တဲ့အခါ အမြန်ဆုံး ကုသမှုခံယူသင့်ပါတယ်။ မိဘတွေအနေ နဲ့ ကလေးတွေကို ဂရုစိုက်ပြီး အာဟာရမျှ တအောင်ကျွေးကြပါလို့ တိုက်တွန်းချင်ပါ တယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
(အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *