မနက် အိပ်ရာထခါစ ဗိုက်ထဲမှာ အစာမရှိဘဲ ကော်ဖီသောက်သင့်ပါသလား

မနက်အိပ်ရာထထချင်း ကော်ဖီတစ်ခွက်သောက်တာက အကျင့်ဆိုးတစ်ခုဖြစ်ပါတယ်။ ဒီလိုဝမ်းဗိုက်ထဲမှာ အစာမရှိတဲ့အချိန်မှာ ကော်ဖီသောက်တာကြောင့် အောက်ဖော်ပြပါဆိုးကျိုးတွေကို ရရှိနိုင်ပါတယ်။

ရင်ပူဝေဒနာခံစားရခြင်း။
ဝမ်းဗိုက်ထဲမှာ အစာမရှိဘဲကော်ဖီသောက်တာကြောင့် ရင်ပူဝေဒနာခံစားရပြီး ရင်ဘတ်အပေါ်ပိုင်းနဲ့ အလယ်ပိုင်းနေရာမှာ ပူစပ်ပူလောင် နာကျင်နိုင်ပါတယ်။ ကော်ဖီကြောင့် အစာအိမ်အက်စစ်တွေ ထွက်ရှိလာကာ အစာအိမ်ရဲ့ စံ လျော့ကျလာပြီး အက်စစ်ဘက် ပိုပြီးရောက်ရှိသွားနိုင်ပါတယ်။ သင်က ကော်ဖီထဲ နွားနို့ထည့်သောက်ရင် ဒါမှမဟုတ် ကော်ဖီမသောက်ခင် ဝမ်းဗိုက်ထဲမှာအစာရှိနေရင် အစာအိမ်ရဲ့ စံအဆင့်က လျော့ ကျသွားမှာ မဟုတ်တော့ပါဘူး။ စံ အနည်းငယ် လျော့နေတာက အစာအိမ်အတွက် ပြဿနာမဟုတ်ပေမယ့် အစာမျိုပြွန် အမြှေးပါးကတော့ ထိခိုက်ပျက်စီးနိုင်ပါတယ်။

ကော်ဖီနှင့် ကော်တီစော။
မနက်အိပ်ရာထထချင်း ကော်ဖီသောက်တာက ကောင်းကျိုးထက် ဆိုးကျိုးပိုများနိုင်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရာမှထအပြီး တစ်နာရီအတွင်းမှာ ခန္ဓာကိုယ်မှ ကော်တီစော ထုတ်လုပ်မှု အများဆုံးအချိန်ဖြစ်တယ်လို့ သိရပါတယ်။ ကော်တီစောက တက်ကြွမှုရှိအောင် ကူညီပေးပါတယ်။ ကော်ဖီမှာပါဝင်တဲ့ကဖင်းက ကော်တီစောပမာဏကို မြင့်မားစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ကော်တီစော အများဆုံရှိနေပြီဖြစ်တဲ့ နံနက်ပိုင်း အိပ်ရာထခါစအချိန်မှာ ကဖင်းပါဝင်တဲ့ကော်ဖီကို သောက်လိုက်တာကြောင့် ခန္ဓာကိုယ်မှ ကော်တီစောကို လျှော့ထုတ်လိုက်အောင် ပြုလုပ်ပေးသလို ဖြစ်သွားပါတယ်။ ဒါ့ပြင် ကော်ဖီကို ခံနိုင်ရည်ရှိသွားပြီး ဒီလိုတက်ကြွမှုရရှိနိုင်ဖို့ ကော်ဖီကို ပမာဏပိုပြီး သောက်ရမှာ ဖြစ်သွားပါတယ်။

ကော်ဖီနှင့် ဝမ်းလှုပ်ရှားမှု။
ကော်ဖီသောက်ပြီး ကျန်းမာရေးအတွက် မျှတတဲ့အစားအစာကို စားသုံးတာက အူမကြီးကို လှုံ့ဆော်နိုင်ပြီး ဝမ်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက်ထဲမှာ အစာမရှိဘဲသောက် မိရင် ချက်ချင်းဝမ်းသွားချင်လာတတ်ပြီး ဝမ်းမထိန်းနိုင် ဖြစ်တတ်ပါတယ်။

ဘယ်အချိန်မှာ ကော်ဖီသောက်သင့်ပါသလဲ။
မနက်အိပ်ရာထအပြီး အနည်းဆုံး တစ်နာရီကြာမှသာ ကော်ဖီသောက်ဖို့ အကြံပေးထားပါတယ်။ အစာမျိုပြွန်ထိခိုက်မှုမရှိအောင် ဘလက်ကော်ဖီမသောက်ဘဲ နွားနို့နဲ့ ရောသောက်ရပါမယ်။
အိပ်ရာထခါစမှာ မလန်းဆန်းနေရင် အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်သလို ရေဓာတ်ချို့တဲ့နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်ရာထထချင်း ရေတစ်ဖန်ခွက်သောက်တာက သင့်အတွက် စွမ်းအင်အပြည့်နဲ့ နိုးထလာသလို ဖြစ်သွားနိုင်ပါတယ်။ ရေနွေးနဲ့ ရှောက်ရည်သောက်တာကလည်း ကိုယ် တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့အတွက် အသားအရေ ကြည်လင်ဝင်းပနိုင်ပါတယ်။ အိပ်ရာထအပြီး တစ်နာရီအကြာမှ ကော်ဖီသောက်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal