မျက်မှန် အမြဲတပ်ရသူတို့အတွက်အသုံးဝင်မည့် Tips

မျက်မှန်ကို အမြဲတမ်းတပ်ထားရသူ တွေရဲ့ ဒုက္ခကလည်း မသေးလှပါဘူး။ ပူ ပြင်းတဲ့ရာသီမှာ မျက်မှန်တပ်ထားတဲ့နေ ရာက ချွေးပြန်လို့ ခဏခဏ သုတ်ရတဲ့ ဒုက္ခ၊ မျက်မှန်ရာပေါ်နေလို့ စိတ်ညစ်ရတဲ့ ဒုက္ခတွေအပြင် မျက်မှန်ကို ဘယ်နား ထားလို့ ထားမှန်းမသိဘဲ လိုက်ရှာရတဲ့ ဒုက္ခတွေကြောင့် မျက်မှန်ကို မတပ်ချင် ပေမယ့်လည်း မတပ်ရင်မမြင်ရတဲ့ အခြေ အနေ ဒါမှမဟုတ်ခေါင်းကိုက်ရတဲ့အခြေ အနေတွေကြောင့် မဖြစ်မနေ တပ်နေရ သူတွေအတွက် သိထားသင့်တာလေး တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်မှန်ထားတဲ့နေရာကို မမှတ်မိ တော့တဲ့အတွက်ရှာဖွေရခက်နေပါသလား
အခန်းကလည်း မှောင်၊ မျက်လုံး ကလည်း မမြင်ရတဲ့အတွက် မျက်မှန်ကို ရှာဖွေရတဲ့အခက်အခဲတွေက မျက်မှန် တပ်သူတိုင်း မလွဲမသွေကြုံတွေ့ရတဲ့ ပြဿနာဖြစ်ပါတယ်။ ဖြေရှင်းနည်းက တော့ လွယ်လွယ်လေးပါ။ အမှောင်ထဲမှာ မြင်ရတဲ့ Fluorescent Sticker (အဏု မြူစတစ်ကာ)ကို သင့် မျက်မှန်ကိုင်း ထောင့်တစ်နေရာမှာ တပ်ထားလိုက်ပါ။ သင့်အနေနဲ့ မျက်မှန်ကို ရှာဖွေရတာ လွယ်ကူသွားပါလိမ့်မယ်။

၂။ သင့်မျက်မှန်မှာ စင်းကြောင်းရာတွေ ထင်နေလို့ မျက်မှန်ကို သန့်စင်ပေးပေမယ့် ဒါတွေ မပျောက်ကင်းဘဲ ဖြစ်နေပါသလား
အစင်းကြောင်းရာတွေ အရမ်းများ နေရင်တော့ မျက်မှန်အသစ်ကို လဲလှယ် သင့်ပါတယ်။ မျက်မှန်အသစ်မလဲလှယ် ချင်သူတွေအတွက်ကတော့ မျက်မှန် ဆေးရည်၊ မျက်မှန်သုတ်တဲ့နူးညံ့တဲ့ပဝါ နဲ့ Car wax တချို့တော့ လိုအပ်ပါတယ်။ အရင်ဆုံး မှန်ကို မျက်မှန်ဆေးရည်နဲ့ အ ရင်ဆေးကြောပါ။ ပြီး Car wax လေး သုတ်လိမ်းပေးပြီး မျက်မှန်သုတ် နူးညံ့ တဲ့ပဝါလေးနဲ့ စက်ဝိုင်းပုံစံ လှည့်ပတ်ပြီး Car wax တွေ ကင်းစင်တဲ့အထိ သုတ် ပေးပါ။ မျက်မှန်က စင်းကြောင်းရာတွေ ပျောက်ကွယ်ပြီး အမြင်အာရုံရှင်းလင်း သွားနိုင်ပါတယ်။

၃။ သင့်မျက်မှန်က အောက်ကို မကြာ ခဏလျှောကျနေပါသလား
မျက်မှန်က အောက်ကို မကြာခဏ လျှောကျလို့ မျက်မှန်ကိုင်းက ဝက်အူကို တင်းကျပ်ပေမယ့်လည်း ထပ်ဖြစ်နေသေး တယ်ဆိုရင် အဲဒီဝက်အူပတ်ဝန်းကျင်မှာ လက်သည်းဆိုးဆေးအကြည်တစ်ထပ် လောက် ဆိုးလိုက်ပါ။ ဝက်အူချောင်ကျ မှာ မဟုတ်တော့ပါဘူး။

၎။ သင့်အနေနဲ့ ပန်းခြံ ဒါမှမဟုတ် ကစား ကွင်းထဲရောက်နေလို့ မျက်မှန်ကိုင်းက ဝက် အူပြုတ်ကျသွားတာကြောင့် စိတ်ညစ်နေပါ သလား
သွားလေရာမှာ သွားကြားထိုးတံ ဒါ မှမဟုတ် ပင်အပ်လေး ဆောင်ထားဖို့ တော့ လိုအပ်ပါတယ်။ ဝက်အူနေရာမှာ သွားကြားထိုးတံ ဒါမှမဟုတ် ပင်အပ်ကို အစားထိုးအသုံးပြုနိုင်ပါတယ်။ သွားကြား ထိုးတံရဲ့ ပိုတဲ့အစိတ်အပိုင်းတွေကိုတော့ ညှပ်ထုတ်လိုက်ဖို့ လိုအပ်ပါတယ်။]

၅။ သင့်မျက်မှန်က ယိုင်နေပါသလား
မျက်မှန်ကိုင်း ယိုင်နေတာက သင့် ကို အနှောင့်အယှက်ဖြစ်နေရင် အပူပေး တဲ့နည်းကို အသုံးပြုနိုင်ပါတယ်။ မျက်မှန် ကိုင်းက သတ္တုဖြစ်နေရင် အပူအနည်း ငယ်သာ ပေးပါ။ အပူနဲ့ တွေ့တာကြောင့် သတ္တုတွေ ပျော့ပျောင်းသွားတဲ့အခါ သင် လိုချင်တဲ့အနေအထားကို ပြန်လည်သွင်း ယူပါ။ ပလတ်စတစ်ကိုင်းတွေကိုလည်း ဒီနည်းလမ်းအတိုင်းပဲ အသုံးပြုနိုင်ပါ တယ်။ အပူနဲ့ တိုက်ရိုက် မထိတွေ့စေဘဲ ရေနွေးငွေ့လိုမျိုး အပူငွေ့သာ အသုံးပြုရ ပါမယ်။

၆။ သင့်မျက်မှန်မှာ Protective Coat ပါနေပါသလား
Protective Coat ပါတဲ့ မျက်မှန် တွေကို မျက်မှန်ဆေးရည်နဲ့ မသန့်စင် သင့်ပါဘူး။ မျက်မှန်ဆေးရည်မှာ အယ်လ် ကိုဟောပါဝင်နေတဲ့အတွက် ခသအေ ပျက်စီး သွားနိုင်ပါတယ်။ မုန့်ဖုတ်ဆော်ဒါကို ရေ နဲ့အနှစ်ဖြစ်အောင်ဖျော်ပြီး မျက်မှန်ကို သုတ်ကာ စက်ဝိုင်းပုံသဏ္ဌာန် ပွတ်တိုက် ပေးပါ။ ပြီးရင် မျက်မှန်သုတ်ပဝါနဲ့ အဲဒီ အနှစ်တွေ ကုန်စင်အောင် သန့်စင်ပေးပါ။ ပြီးမှ ရေနွေးနွေးနဲ့ ဆေးကြောပါ။

၇။ မျက်မှန်ကြောင့် သင့်နှာခေါင်းနဲ့ နား ထင်နေရာမှာ အရာထင်နေပါသလား
သင့်အနေနဲ့ ချွေးထွက်များတဲ့အ ခါမှာ မျက်မှန်ကို ဖယ်ရှားလိုက်ပြီး မျက် နှာကိုသန့်စင်လိုက်ပါ။ ပြီးရင် မျက်မှန် ကိုင်းကိုပါ သန့်စင်ပေးပါ။ မျက်မှန်ကိုင်း ကြောင့် အရေပြားယားယံတယ်ဆိုရင် သင့်အသားအရေက ခြောက်သွေ့လွန်း တာကြောင့်ပါ။ မျက်မှန်နဲ့ထိ တွေ့တဲ့နေ ရာတွေကို အစိုဓာတ်ထိန်း ခရင်မ်များများ လိမ်းပေးပါ။ ဒါ့အပြင် မျက်မှန်ရဲ့ နှာ ခေါင်းဒေါက်က တင်းကျပ်လွန်းရင် အဲဒီ နေရာကို အပူအနည်းငယ်ပေးပြီး သင် လိုချင်တဲ့ပုံစံရအောင် သွင်းယူပါ။

၈။ မျက်မှန်ဆေးရည်ကုန်နေပါသလား
သင့်မှာ မျက်မှန်ဆေးဖို့ မျက်မှန် ဆေးရည် အဆင်သင့်မရှိရင် အိမ်မှာလုပ် ယူလို့ရပါတယ်။ ရေ၊ အရက်ပြန်နဲ့ ပန်းကန် ဆေးဆပ်ပြာအနည်းငယ်တော့လိုပါတယ်။ ရေနဲ့ အရက်ပြန်ကို ဆတူရောပြီး အဲဒီထဲ ကို ဆပ်ပြာရည်တစ်စက်လောက်ချလိုက် ပါ။ (ရှလကာရည် ဒါမှမဟုတ် အမိုးနီး ယားပါဝင်တဲ့ ပန်းကန်ဆေးဆပ်ပြာရည် ကို အသုံးမပြုသင့်ပါ)။ အဲဒီရောစပ်ထား တဲ့အရည်ကို မျက်မှန်ဆေးရည်ထည့်တဲ့ ဘူးထဲ ထည့်ပြီး မျက်မှန်ပေါ်ဖျန်းကာ မျက်မှန်သုတ်ပဝါနဲ့ သန့်စင်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *