ရယ်မောခြင်းဖြင့် အသက်ရှည်စေမည်

ရယ်မောတာက သင့်ကျန်းမာရေး အတွက် ကောင်းကျိုးတွေပါ ယူဆောင် ပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေအတွက် ဆိုရင် ရယ်မောတာက အစွမ်းထက်တဲ့ ဖြေဆေးတစ်လက်ပဲ ဖြစ်ပါတယ်။
ရယ်မောတာက ပေးနိုင်တဲ့ ကောင်း ကျိုးတွေက –

ကြွက်သားတွေတင်းမာမှုလျော့စေတယ်
ခန္ဓာကိုယ်မှာ တောင့်တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့စေပါတယ်။ ရယ်မောပြီး ၄၅ မိနစ်အကြာအထိ ကြွက်သားတွေ ပျော့ပျောင်းနေစေပါ တယ်။

စိတ်ဖိစီးမှုလျော့စေတယ်
စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေ ကို လျော့နည်းစေပြီး ကိုယ်ခံစွမ်းအား တက်စေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေတဲ့ အင်ဒိုဖင်ဟော်မုန်းကို လည်း ထွက်လာစေပါတယ်။

နှလုံးကျန်းမာရေးကောင်းစေတယ်
ရယ်မောတာက သွေးကြောအတွင်း သွေးလည်ပတ်မှုကောင်းစေပြီး သွေး ကြောတွေရဲ့ လုပ်ငန်းဆောင်တာကို အ ကူအညီဖြစ်စေပါတယ်။ ဒါကြောင့် နှလုံး တိုက်ခိုက်ခံရတာမဖြစ်အောင်လည်း ကာ ကွယ်နိုင်စွမ်းရှိပါတယ်။

ကယ်လိုရီတွေလောင်ကျွမ်းစေတယ်
ကယ်လိုရီလောင်စေတယ်ဆိုလို့ အားကစားမလုပ်ဘဲ ထိုင်ရယ်နေလို့တော့ မရပါဘူးနော်။ သုတေသီတွေတွေ့ရှိထား တာကတော့ တစ်နေ့ကို ၁၀ – ၁၅ မိနစ် လောက်ရယ်မောသူတွေဟာ ကယ်လိုရီ ၄၀ လျော့ကျစေပါတယ်။ တစ်နှစ်ကို သုံး လေးပေါင်လောက် ဝိတ်ကျစေနိုင်ပါ တယ်။

ဒေါသစိတ်ကိုပြေပျောက်စေတယ်
ရယ်မောလိုက်တာလောက် ဘယ် အရာကမှ ဒေါသစိတ်ကို ပြေပျောက်နိုင် စွမ်းမရှိပါဘူး။ ပြဿနာတစ်စုံတစ်ခုဖြစ် ရင်တောင် အကောင်းဘက် ကတွေးပြီး ဟာသအသွင် ကြည့်လိုက်မယ်ဆိုရင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အ လွယ်တကူ ကျော်လွှားနိုင်မှာပါ။

အသက်ရှည်စေတယ်
ပျော်ပျော်နေသေခဲဆိုတာကို သင် ကြားဖူးမှာပါ။ ရယ်မောတာက ပျော်ရွှင်မှု ရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ နော်ဝေး မှာပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုက ရယ် မောပျော်ရွှင်စွာနေတတ်သူတွေဟာ သိပ် ပြီးမရယ်မပြုံးတဲ့သူတွေထက် ပိုပြီး သက် တမ်းရှည်ပါတယ်။ အထူးသဖြင့် ကင်ဆာ ဝေဒနာခံစားနေရသူတွေမှာ ပိုပြီး သိသာ တယ်လို့ ဆိုထားပါတယ်။

အမှန်အကန်ရယ်မောပါ
စိတ်နှလုံးရွှင်လန်းစေဖို့ ရယ်မောတဲ့ အခါမှာလည်း ဟန်ဆောင်ပြီး ရယ်တာ မျိုး ဖြစ်လို့ မရပါဘူး။ အူလှိုက်သည်းလှိုက် အမှန်တကယ်ရယ်တာမျိုးဖြစ်ရမှာပါ။ ရယ်မောတာက ခန္ဓာကိုယ် ကျန်းမာရေးနဲ့ (ကိုယ်ခံအား ကောင်းစေတာ၊ နာကျင်မှု ဝေဒနာကို သက်သာစေတာ၊ ကြွက်သား တွေကို ပြေလျော့စေတာ၊ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးတာ) စိတ် ကျန်းမာရေး (စိတ်ဖိစီးမှုလျော့စေတာ၊ စိတ်ခံစားမှုကောင်းစေတာ၊ ခံနိုင်ရည်စွမ်း အားကောင်းမွန်တာ၊ စိတ်လှုပ်ရှားမှု လျော့နည်းစေတာ) အတွက် အထောက် အကူပြုတဲ့အပြင် လူမှုပေါင်းသင်းဆက် ဆံရေးမှာလည်း လူတွေ ကိုယ့်ကို ချစ် ခင်စေတာ၊ Relationship ခိုင်မြဲစေတာ၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေ တာ စတဲ့ ကောင်းကျိုးတွေကိုလည်း ရရှိ စေပါတယ်။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published.