လိင်ပြောင်းအမျိုးသားက ကိုယ်ဝန်လွယ်ကာ သားလေးကိုမီးဖွားခဲ့

အမျိုးသမီးဘ၀ကနေ အမျိုးသားဘ၀ကို ပြောင်းလဲခံယူ သွားဖို့ နှစ်ပေါင်းများစွာကြာအောင် ဟော်မုန်းကုသမှုခံယူနေတဲ့ တက္ကဆက်ပြည်နယ်မှ ဝီလီဆင်ဆန်ဆိုသူ အသက် ၂၈ နှစ်အ ရွယ် လိင်ပြောင်းအမျိုးသားက ကိုယ်ဝန်လွယ်ပြီး သားလေးကို အောင်မြင်စွာမီးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကုသမှုတွေ ကြောင့် ရာသီပေါ်မှုရပ်တန့်သွားတဲ့အခါကျရင် ကိုယ်ဝန်ရနိုင် တော့မှာ မဟုတ်ဘူးလို့ ဆရာဝန်တွေက ဆိုထားခဲ့ကြပေမယ့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ဝီလီက ကိုယ်ဝန်ရသွားခဲ့တာလို့ သိရပါတယ်။ ဟော်မုန်းကုသမှုတွေကြောင့် ၂၁ နှစ်အရွယ်က တည်းက အမျိုးသားတစ်ဦးပုံစံအဖြစ် တဖြည်းဖြည်းစတင် ပြောင်းလဲလာခဲ့ပြီး လူကိုကြည့်လိုက်ရင် အမျိုးသားတစ်ဦးလို ပုံပေါက်နေပြီဆိုပေမယ့် ဝီလီမှာ သားအိမ်လမ်းကြောင်းနဲ့ အမျိုး သမီးမျိုးပွားအင်္ဂါတွေအပြည့်အစုံရှိနေဆဲဖြစ်ပါတယ်။ ဝီလီရဲ့ ချစ်သူ စတီဖင်ဂေ့သ်နဲ့ အတူတွဲနေချိန်မှာပဲ ကိုယ်ဝန်မရနိုင်တော့ တဲ့အခြေအနေလို့ စိတ်ချထားခဲ့ပေမယ့် မထင်မှတ်ဘဲ ကိုယ်ဝန် ရသွားခဲ့တာဖြစ်ပါတယ်။ အမျိုးသားခန္ဓာကိုယ်နဲ့ကိုယ်ဝန်လွယ်ရ မယ့်သူ့အဖြစ်ကို အတော်လေးစိတ်ပျက်ခဲ့ပြီး ကိုယ်ဝန်အတွက် အဆင်သင့်မဖြစ်ခဲ့ဘူးလို့ ဝီလီကဆိုပါတယ်။ ကလေးကိုမွေးဖို့ အ ခိုင်အမာဆုံးဖြတ်ခဲ့ပေမယ့် ပတ်ဝန်းကျင်က ထိုးနှက်တိုက်ခိုက် တဲ့စကားတွေကိုပါ တွန်းလှန်နေထိုင်ခဲ့ရတယ်လို့ ဝီလီက ဆို ပါတယ်။ သားလေးကို ခွဲစိတ်မီးဖွားခဲ့ပြီး သားလေးက ၇ ပေါင် ၅ အောင်စရှိခဲ့ပြီး ပျော်ရွှင်စရာမိသားစုဘ၀ကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ လို့ ဝီလီက ဆိုပါတယ်။ နောက်တစ်ကြိမ် ကိုယ်ဝန်ထပ်လွယ် ဖို့ကတော့ လုံးဝမဖြစ်နိုင်တော့ပါဘူးလို့ ဝီလီက ပြောခဲ့ပါတယ်။

(DM, 14.3.19)သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published.