သဘာဝအတိုင်း စပျစ်သီးခြောက်ပြုလုပ်နည်း

ကျန်းမာရေးအတွက် အစွမ်းသတ္တိတွေ မြောက်မြားစွာရှိတဲ့ စပျစ် သီးခြောက်ကို ဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ ရရှိနိုင်ပေမယ့်လည်း တခြားအချိုဓာတ်၊ အငန်ဓာတ်နဲ့ ဓာတုပစ္စည်းတွေမပါဝင်ဘဲ သဘာဝ အချိုဓာတ်အတိုင်း အိမ်မှာ ကိုယ်တိုင်ပြုလုပ်ပြီး စားနိုင်ရင် ပိုမိုထိရောက် စေနိုင်တာကြောင့် စပျစ်သီးခြောက်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက် ပါရစေ။

စပျစ်သီးမှာ ပေါ်လီဖီနောလို့ခေါ်တဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာ ပါဝင်ပြီး ရောင်ရမ်းမှုလျော့ကျစေတဲ့ ပစ္စည်းတွေလည်း ပေါကြွယ်ဝပါတယ်။ ဓာတ်ခွဲခန်းလေ့လာမှုတွေအရ စပျစ်သီးရဲ့အခွံမှာပါဝင်တဲ့ ရီဗက်စထရော တွေက Lပာစ့ ၊ အသည်း၊ အစာအိမ်၊ ရင်သား၊ ဃသူသည တွေမှာဖြစ်တတ်တဲ့ ကင်ဆာကျိတ်ကြီးထွားမှုကို နှေးကွေးစေသလို မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်နဲ့ လူကီးမီးယား သွေးကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ဒါ့အပြင် စပျစ်သီးခြောက်က ဝက်ခြံမထွက်အောင် ကာကွယ်ပေးတာ၊ နှလုံးကျန်းမာရေးကိုကောင်းမွန်တိုးတက်စေတာ၊ သွေးတွင်းမကောင်းတဲ့အဆီတွေလျော့ကျစေတာ၊ သွေးဖိအားမြင့်တက်မှုကို လျှော့ချပေးတာလိုမျိုး အစွမ်းသတ္တိရှိပါတယ်။ သူ့ကို ပုံမှန်စားပေးရင် အရွယ်ရောက်ပြီးသူတွေမှာ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဖြစ်နှုန်း လျှော့နည်းစေတယ်လို့ ၂၀၁၃ ခုနှစ် BMJ ရဲ့ လေ့လာမှုအရ အကြံပြုထားပါတယ်။
စပျစ်သီးခြောက်မှာ lutein နဲ့ zeaxanthin လိုမျိုး မျက်လုံးကျန်းမာရေး ကို အထောက်အကူပြုစေတဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါ တယ်။ ဒါ့အပြင် သွေးတွင်း ဂလူးကို့စ်ဓာတ်ကို ထိန်းချုပ်ပေးနိုင်ပြီး immune system ကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

ပြုလုပ်နည်း – ၁
– စပျစ်သီးတွေကို ညှာတံတွေဖယ်ပြီး သေချာရေစင်အောင် ဆေးကြောပါ။
– အဲဒီစပျစ်သီးတွေကို အဝတ်စတစ်ခုနဲ့ သေချာခြောက်အောင်သုတ်ပြီး ထမင်းပေါင်းအိုးရဲ့ ပေါင်းခံခွက်ထဲ ထည့်ပါ။
– စပျစ်သီးတွေကို ဖြန့်ထည့်ကာ အပေါ်က အဝတ်စအုပ်ပြီး နေရောင်အောက် မှာ လှန်းပေးပါ။
– စပျစ်သီးတွေကို အထက်အောက်လှန်ပေးပြီး သုံးလေးရက်ခန့် နေလှန်း ပေးပါ။
– လိုချင်တဲ့အနေအထားအတိုင်း စပျစ်သီးခြောက်တွေရရှိပြီဆိုရင် လေလုံ ဖန်ပုလင်းတစ်ခုထဲ သိမ်းဆည်းပါ။


ပြုလုပ်နည်း – ၂
– Oven ကို ၂၂၅ ဒီဂရီဖာရင်ဟိုက် (၁၀၇ Hဃ) ထားပြီး စပျစ်သီးတွေမထည့်ခင် အရင်ဆုံး အပူပေးပါ။
– စပျစ်သီးကို ညှာတံတွေဖယ်ပြီး သေချာဆေးကြောပါ။
– Oven ထဲထည့်မယ့် အပူခံလင်ဗန်းပေါ်မှာ ဆီသုတ်လိမ်းပါ။
– စပျစ်သီးတွေကို အဲဒီလင်ဗန်းထဲဖြန့်ထည့်ကာ ဖုတ်ပါ။
– လိုအပ်တဲ့အနေအထားအတိုင်း စပျစ်သီးတွေခြောက်သွေ့သွားပြီဆိုရင် ဖယ်ထုတ်ပြီး အဲဒီလင်ဗန်းကို အအေးခံပြီးမှ ကျန်တဲ့စပျစ်သီး တွေကို အထက်ပါနည်းအတိုင်းပြုလုပ်ပါ။
– ပြီးရင် စပျစ်သီးခြောက်တွေကို လေလုံအိတ်ထဲထည့်ကာ သိမ်းဆည်းပြီး လိုအပ်ချိန်တိုင်း အဆာပြေအစာအဖြစ် သုံးဆောင်နိုင်ပါပြီ။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published.