သွားဖုံးရောဂါကြောင့် သွေးပေါင်ချိန်မြင့်တက်နိုင်တယ် လို့ သုတေသနသစ်တစ်ရပ်မှာ ဖော်ပြပါရှိခဲ့ပါတယ်။ ဗြိတိန်သိပ္ပံ ပညာရှင်တွေက လူပေါင်း ၂၅၀၀၀၀ ကျော်ပါဝင်တဲ့လေ့လာမှု ပေါင်း ၈၁ ခုကို လေ့လာဆန်းစစ်ခဲ့ကြတာဖြစ်ပါတယ်။ သာမန် သွားဖုံးရောဂါရှိသူတွေမှာ သွေးပေါင်ချိန်မြင့်တက်နိုင်ခြေက ၂၂ ရာခိုင်နှုန်းဖြစ်ပြီး ရောဂါပြင်းထန်တယ်ဆိုရင်တော့ ၄၉ ရာခိုင် နှုန်းဖြစ်ပါတယ်။University College London’s Eastman Dental Institute ရဲ့ ဒေါက်တာ Francesco D’Aiuto က ]ခံတွင်းကျန်းမာရေးက တစ်ကိုယ်လုံးရဲ့ယေဘုယျကျန်းမာရေးနဲ့ ဆက်စပ်နေပါတယ်။ လူအများစုက သွားနဲ့သွားဖုံးကျန်းမာရေး ကို လျစ်လျူရှုထားတတ်ကြပါတယ်။ တစ်ကိုယ်လုံးရဲ့ယေဘု ယျကျန်းမာရေးအတွက် ဒီလိုမလုပ်သင့်ပါဘူး}လို့ ဆိုခဲ့ပါတယ်။ သွားဖုံးရောဂါရှိသူတွေမှာ သာမန်လူတွေထက်စာရင် အပေါ် သွေး 4.5 mm Hg ပိုများပြီး အောက်သွေးက 2 mm Hg ပို များတာကို တွေ့ရှိခဲ့ကြပေမယ့် သုတေသီတွေက အကြောင်းရင်း ကိုတော့ လေ့လာနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
(AP,3.10.19) အေးယုနိုင်
