အမျိုးသမီးတွေ သွေးဆုံးခါနီးမှာ ဘာတွေ ဖြစ်လာတတ်လဲ

ရေပိုက်ထဲမှာ ရေတွေစီးနေသလိုမျိုး သွေးကြောထဲမှာ စီးနေတဲ့သွေးတွေက သန့်စင်မှုမရှိတော့ရင် တစ်ချိန်ချိန်မှာ ပိတ်ဆို့မှုတွေဖြစ်ပြီး အသက်အန္တရာယ် ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း
ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် ကေ ပြည့်ဝစွာပါဝင်ပြီး သွေးကြောတွေ မာကျောမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲမှာပါဝင်တဲ့ ဗီတာ မင်နဲ့ အင်တီအောက်ဆီးဒင့်တွေက မကောင်းတဲ့ကိုလက်စထရောအဆီတွေ ဓာတ်တိုးတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေ ဓာတ်တိုးတာကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ စားသုံးတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ သွေးဖိအားပုံမှန်ဖြစ်တဲ့အခါ သွေးကြောတွေအပေါ် သက်ရောက်မှု နည်းသွားတာကြောင့် သွေးကြောတွေ ပျက်စီးမှုမှလည်း ကာကွယ်ပေးပါတယ်။
ပင်ပွား
မန်ကျည်းဖျော်ရည်၊ ကျောက်ကျော ဖျော်ရည်သောက်တဲ့အခါ ထည့်သောက်တတ်တဲ့ ပင်ပွားက နှလုံးကျန်းမာစေတဲ့ အစာပါ။ အမျှင်ဓာတ်၊ အယ်လ်ဖာလီနို လန်းနစ်အက်စစ်တွေပါဝင်လို့ သွေးကြောတွေကို သန့်စင်စေတာကြောင့် သွေးဖိအား ပုံမှန်ဖြစ်စေတာ၊ သွေးတွင်းမကောင်းတဲ့အဆီ လျော့နည်းစေပြီး ကောင်းတဲ့အဆီများစေတာ စတဲ့ကောင်း ကျိုးတွေရရှိစေပါတယ်။
သစ်ကြံပိုးခေါက်
သစ်ကြံပိုးခေါက်မှုန့် တစ်ဇွန်းစာက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေး နိုင်ပါတယ်။ တစ်နေ့ကို သစ်ကြံပိုးခေါက်မှုန့် တစ်ဇွန်းစာ စားသုံးပါက သွေးတွင်း အဆီဓာတ်တွေ လျော့နည်းစေလို့ သွေးကြောတွေကို သန့်စင်စေပါတယ်။ သစ်ကြံပိုးခေါက်မှာ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်လို့ ဓာတ်တိုးဖြစ်စဉ်တွေကို တားဆီးပေးတာကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်တွေ ဖျော်တဲ့အခါ သစ်ကြံပိုးခေါက်နဲ့မွှေပြီး သောက်ပါက အနံ့သင်းစေပြီး နှလုံးကျန်းမာရေးအတွက်လည်း ကောင်းကျိုးတွေ ရရှိစေပါတယ်။
အုန်းဆီ
ပြည့်ဝဆီတွေက သွေးကြောထဲမှာ အဆီတွေ ကပ်ငြိတွယ်စေပြီး နှလုံးနဲ့သွေးကြောရောဂါတွေကို ဖြစ်စေပါတယ်။ အုန်းဆီကို တစ်နေ့ လက်ဖက်ရည်ဇွန်း ၂-၃ ဇွန်း ပုံမှန်သုံးစွဲပါက သွေးကြောထဲမှာ အဆီတွေ ကပ်ငြိတာကို ဖယ်ရှားပေးလို့ သွေးကြောတွင်းသန့်စင်စေပါတယ်။ အုန်းဆီမှာ ထရွိုင်ဂလစ်စရွိုက်၊ လားရစ် အက်စစ်တွေပါဝင်လို့ သွေးထဲမှာ အင်တီအောက်ဆီးဒင့်ရဲ့လုပ်ငန်းဆောင်တာကို ပိုမိုကောင်းမွန်စေပါတယ်။
ကော်ဖီ
ကော်ဖီက ကျန်းမာရေးအတွက် ဆိုးကျိုးတွေပဲပေးတာမဟုတ်ပါဘူး။ လေ့လာမှုအရ တစ်နေ့ကို ကော်ဖီ ၈ အောင်စကနေ ၁၆ အောင်စ သောက်သုံးပါက နှလုံးရောဂါဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းစေတယ်လို့ သိရပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်း ဓာတ်များရင်လည်း နှလုံးခုန်မြန်တာနဲ့ သွေဖိအားများတာ စတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ခရင်မ်ဘယ်ရီသီး
ခရင်မ်ဘယ်ရီသီးမှာ အင်တီအောက် ဆီးဒင့်တွေ များစွာပါဝင်လို့ မကောင်းတဲ့ အဆီတွေကို လျော့နည်းစေပြီး ကောင်းတဲ့အဆီတွေကို များစေလို့ နှလုံးကျန်းမာရေးကို များစွာအထောက်အကူ ဖြစ်စေပါတယ်။ နေ့စဉ် ခရင်မ်ဘယ်ရီသီးဖျော်ရည်ကို သောက်သုံးပါက သွေးကြောတွင်း အဆီတွေကို ဖယ်ရှားပေးပြီး နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
အဆီများသောငါး
ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးတွေက သွေးလွှတ်ကြောတွေကို သန့်စင်စေပါတယ်။ တစ်ပတ်ကို ငါးနှစ်ကြိမ်စားပေးပါက သွေးကြောထဲမှာ အဆီခဲ ဖတ်တွေကပ်ငြိမှုနဲ့ ရောင်ရမ်းမှုတွေ မဖြစ်အောင် ကာကွယ်ပေးလို့ နှလုံးကျန်း မာစေပါတယ်။ သွေးတွင်း ထရွိုင်ဂလစ် စရွိုက်ပမာဏကို လျော့နည်းစေပြီး ကောင်းတဲ့ အဆီHDLကို မြင့်မားစေပါ တယ်။
လက်ဖက်စိမ်း
လက်ဖက်စိမ်းထဲမှာ ကက်တီချင်နဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်လို့ အစာခြေစနစ်ကနေ အဆီစုပ်ယူမှုကို ဟန့်တားပေးပါတယ်။ တစ်နေ့ကို လက် ဖက်စိမ်းရည် တစ်ခွက် ဒါမှမဟုတ် နှစ်ခွက်သောက်ပေးပါက သွေးတွင်းအဆီကို လျော့နည်းစေပြီး သွေးကြောတွေ ပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့ပြင် လက်ဖက်စိမ်းက ကိုယ်အလေးချိန်မတက်အောင်ကာကွယ်ပေးပြီး နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေပါတယ်။
အစေ့အဆန်
အစေ့အဆန်တွေက ဆံချည်မျှင် သွေးကြောတွေအထိ ကောင်းကျိုးအာနိ သင်ကို ပေးစွမ်းနိုင်ပါတယ်။ မိုနိုမပြည့်၀ ဆီ၊ ဗီတာမင် အီး၊ အမျှင်ဓာတ်နဲ့ ပရိုတင်း တွေ များစွာပါတဲ့ ဗာဒံစေ့မှာ ALA လည်း ပါဝင်တာကြောင့် သွေးဖိအားမတက်အောင် ကာကွယ်ပေးတာ၊ ရောင်ရမ်းမှု လျော့နည်းစေတာ၊ သွေးလွှတ်ကြော မပိတ်အောင် ကာကွယ်ပေးတာ စတဲ့ကောင်းကျိုးတွေကို ရရှိစေပါတယ်။
သံလွင်ဆီ
သံလွင်ဆီမှာ မိုနိုမပြည့်ဝဆီ အိုးလစ်အက်စစ် များစွာ ပါဝင်တာကြောင့် သွေးတွင်းမကောင်းတဲ့အဆီတွေကို ဖယ်ရှားပေးပါတယ်။ သွေးကြောထဲမှာ ဓာတ်တိုးဖြစ်စဉ်တွေ ဖြစ်ပွားမှုမှလည်း တားဆီးပေးပါတယ်။ မကြာသေးမီက လေ့လာမှုအရ သံလွင်ဆီက နှလုံးနဲ့ သွေးကြောတွေမှာ ရောဂါဖြစ်ပွားနိုင်ခြေကို ၄၁ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။သံလွင်ဆီ ဝယ်ယူတဲ့အခါ အရည်အသွေးကောင်းတာကို ရွေးချယ်ဝယ်ယူဖို့လိုပါတယ်။
လိမ္မော်ရည်
လိမ္မော်သီးကနေ လတ်လတ်ဆတ် ဆတ်ညှစ်ယူရရှိတဲ့ လိမ္မော်ရည်ကို တစ်နေ့ နှစ်ခွက်သောက်ပေးပါက သွေးဖိအား မြင့်မားတာကို ထိန်းညှိပေးပြီး သွေးကြောတွေ ရောင်ရမ်းတာကို လျော့နည်းစေပါတယ်။ လိမ္မော်ရည်မှာ အင်တီအောက်ဆီး ဒင့်ဖြစ်တဲ့ ဗီတာမင် စီများစွာပါဝင်လို့ သွေးကြောတွေကို သန့်စင်စေပြီး သွေးစီးကြောင်းအတွင်း ဓာတ်တိုးဖြစ်စဉ်တွေ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။
ကညွတ်
သွေးလွှတ်ကြောတွေကို သန့်စင်စေတဲ့ အကောင်းဆုံးအစားအစာတစ်ခု ဖြစ်ပါတယ်။ အမျှင်ဓာတ်နဲ့ အာဟာရ ဓာတ်တွေဖြစ်တဲ့ ဗီတာမင် ကေ၊ စီ၊ အီးနဲ့ ဗီတာမင် ဘီအုပ်စုတွေ ပါဝင်ပါတယ်။ ကညွတ်က သွေးဖိအား လျော့နည်းစေပြီး သွေးကြောတွေ ပိတ်ဆို့မှုမှ ကာကွယ်ပေးတာကြောင့် နှလုံးနဲ့ သွေးကြောတွေအတွက် အလွန်ပဲကောင်းမွန်ပါတယ်။ ကညွတ်ကို ပေါင်းစားတာက အာဟာရ ဓာတ်တွေ မပျက်မစီးဘဲ အပြည့်အ၀ ရရှိနိုင်ပါတယ်။
ထောပတ်သီး
လေ့လာမှုတွေအရ ထောပတ်သီးက သွေးတွင်းမှာ မကောင်းတဲ့ကိုလက်စထရော ၂၂ ရာခိုင်နှုန်းနည်းစေပြီး ကောင်းတဲ့ကိုလက်စထရော ၁၁ ရာခိုင်နှုန်း များစေပါတယ်။ ကောင်းတဲ့ကိုလက် စထရောက သွေးကြောတွေက ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးလို့ သွေးစီးဆင်းမှုကို ကောင်းစေပါတယ်။ ပရိုတင်း ၄ ဂရမ်၊ အမျှင်ဓာတ် ၁၁ ဂရမ်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် များစွာကိုလည်း ထောပတ်သီးကနေ ရရှိနိုင်ပါတယ်။
တည်သီး
တည်သီးမှာ အင်တီအောက်ဆီးဒင့်တွေနဲ့ ပိုလီဖီနောတွေ များစွာပါဝင်လို့ သွေးတွင်းမကောင်းတဲ့အဆီတွေကို လျော့နည်းစေပါတယ်။ တည်သီးမှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်ပြီး သွေးဖိအားကို ပုံမှန်ဖြစ်စေတာ၊ နှလုံးကျန်းမာ စေတာ၊ သွေးလွှတ်ကြောတွေ သန့်စင်စေတာ စတဲ့ ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal