အဆီကြောင့်မဟုတ်သော ဝမ်းဗိုက်ပူခြင်းနှင့် ဖြေရှင်းနိုင်သော နည်းလမ်းများ

သင့်အနေနဲ့ ဝမ်းဗိုက်ချပ်ရပ်အောင် ဝမ်းဗိုက်လေ့ကျင့်ခန်းတွေပြုလုပ်နေပေ မယ့် ဗိုက်က မကျဘဲ ပူမြဲပူနေလို့ စိတ် ညစ်နေပါသလား။ ဒါဟာ အဆီကြောင့် ဒါမှမဟုတ် ကိုယ်အလေးချိန်ကြောင့် မဟုတ်တဲ့ ဗိုက်ပူတာ ဖြစ်နေနိုင်ပါပြီ။ အောက်ပါငါးမျိုးဟာ အဆီကြောင့်မ ဟုတ်တဲ့ ဗိုက်ပူတာနဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

လေဗိုက်
သင်က လေကို မျိုချမိလိုက်တာ ကြောင့် သင်မျိုချလိုက်တဲ့လေတွေက အူထဲမှာ ပိတ်နေပြီး ဗိုက်ပူလာနိုင်ပါ တယ်။ အူထဲကို ရောက်ရှိနေတဲ့ လေတွေ ကို ထုတ်နိုင်တဲ့နည်းလမ်းကတော့ လေ ချဉ်တက်တာ ဒါမှမဟုတ် လေလည် လိုက်တာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ စိုး ရိမ်စိတ်များလွန်းတဲ့အခါမှာ လေတွေကို ပုံမှန်ထက် ပိုပြီးမျိုချမိတတ်ပါတယ်။ အသက်ရှူမ၀တဲ့အခါမှာလည်း လေတွေ ကို မြန်မြန်ရှူရတဲ့အတွက် လေမျိုချမိနိုင် ပါတယ်။
ဖြေရှင်းနည်း
လေတွေ မမျိုချမိအောင် အစာကို ဖြည်းဖြည်းစားပါ။ အရည်တွေကို ဖြည်း ဖြည်းသောက်ပါ။ ပါးစပ်ပိတ်ပြီး အစာကို ကြေညက်စွာ ဝါးစားပါ။ အစာစားနေစဉ် စကားမပြောပါနဲ့။ ဆေးလိပ်သောက်တာ ကြောင့် ပုံမှန်ထက် လေကို မျိုချနိုင်တဲ့ အတွက် ဆေးလိပ်မသောက်ပါနဲ့။ ဆော် ဒါပါဝင်တဲ့ ဖျော်ရည်တွေကလည်း ခန္ဓာ ကိုယ်အတွင်း ကာဗွန်ဒိုင်အောက်ဆိုက် တွေ ထုတ်လုပ်နိုင်တဲ့အတွက် လေထ နိုင်ပါတယ်။

ရေဗိုက်
ခန္ဓာကိုယ်ထဲမှာ ရေဓာတ်စုဆောင်း မှု များလာတဲ့အခါ အစာအိမ်နေရာမှာ လည်း ရေတွေ ပြည့်လျှံလာပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ခန္ဓာကိုယ်က တုံ့ပြန်တဲ့အနေနဲ့ ကိုယ်တွင်းရေဓာတ်စု ဆောင်းမှုတွေ များလာတတ်ပါတယ်။ ခန္ဓာကိုယ်အတွင်း ဓာတ်ဆားညီညွတ်မျှ တမှုမရှိတဲ့အခါမှာလည်း ကိုယ်တွင်းရေ ဓာတ်စုဆောင်းမှုများလာနိုင်ပါတယ်။ ဒီ လိုဖြစ်လာရင် ခြေလက်တွေ ဖောရောင် လာတတ်ပြီး ဗိုက်လည်း ဖောရောင်ကာ ဗိုက်ပူရတာဖြစ်ပါတယ်။ ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကြောင့် ဝမ်းဗိုက်အောက်ပိုင်း မှာ တခြားနေရာတွေထက် ပိုပြီး ပူနေရ တာဖြစ်ပါတယ်။ များသောအားဖြင့် ဒီလို ရောင်ရမ်းတာက ယာယီသာ ဖြစ်ပြီး စိတ် ဖိစီးမှုပြန်လည်လျော့ကျသွားတာနဲ့တစ် ပြိုင်နက် နဂိုပုံမှန်ဗိုက်အနေအထားအ တိုင်း ဖြစ်သွားနိုင်ပါတယ်။
တစ်ခါတလေမှာ ဝမ်းဗိုက်မှာ အရည် ဓာတ်တွေ များနေတာက နှလုံးရောဂါ၊ အဆုတ်ရောဂါ ဒါမှမဟုတ် ကျောက်ကပ် ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဖြေရှင်းနည်း
သင်ရဲ့ ကိုယ်အလေးချိန်ကို အမြဲ တမ်းစစ်ဆေးပါ။ ခန္ဓာကိုယ်အလေးချိန် ရုတ်တရက်မြင့်တက်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။ အငန်ဓာတ်များတဲ့အ စားအစာ ဒါမှမဟုတ် ဆိုဒီယမ်ပါဝင်မှုများ တဲ့အစားအစာတွေဟာ ရေဓာတ်စု ဆောင်းမှုဖြစ်စေနိုင်တဲ့အတွက် အကန့် အသတ်နဲ့သာ စားသုံးပါ။ ရေများများ သောက်ပေးပါ။ ရေသောက်တာက ခန္ဓာ ကိုယ်အတွင်းမှာ ရှိတဲ့ စုဆောင်းနေတဲ့ အရည်ဓာတ်တွေကို ဖယ်ရှားပေးနိုင်ပါ တယ်။

ဂက်စ်ဗိုက်
လေကို မျိုချမိတာ တစ်မျိုးတည်း အတွက်ကြောင့် အစာအိမ်ထဲမှာ ဂက်စ် တွေ အလွန်အကျွံရှိနေတာက မဟုတ်ပါ ဘူး။ အစာကို အစာအိမ်ထဲမှာ သေချာမ ခြေနိုင်တဲ့ တချို့အစားအစာတွေကြောင့် လည်း ဖြစ်တတ်ပါတယ်။ ဂေါ်ဖီထုပ်၊ ကြက်သွန်နီနဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေက အစာချေဖျက်တဲ့ဖြစ် စဉ်နောက်ပိုင်းမှာ ထုတ်ကုန်အနေနဲ့ လေ တွေထွက်လာပါတယ်။ လက်တို့စ်၊ ဖရူး တို့စ်နဲ့ ဂလူတင်တွေကို ခံနိုင်ရည်မရှိသူ တွေအနေနဲ့လည်း အစာအိမ်ထဲမှာ ဂက်စ်တွေ ထွက်လာနိုင်ပါတယ်။ အစာ အိမ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေ ကြောင့်လည်း လေပွတာတွေ ဖြစ်လာနိုင် ပါတယ်။
ဖြေရှင်းနည်း
သင်စားတဲ့အစာကြောင့် လေပွတာ ဆိုရင် အဲဒီအစားအစာတွေကို ရှောင် ကြဉ်ရပါမယ်။ အူအတွင်း လူ့အကျိုးပြု ဘက်တီးရီးယားတွေ ပွားများဖို့အတွက် ဒိန်ချဉ်လိုမျိုး ပရိုဘိုင်အောတစ်အစား အစာတွေကို စားသုံးပေးပါ။ အမျှင်ဓာတ် ပါဝင်တဲ့အစားအစာတွေကို ခေတ္တခဏ ရှောင်ကြဉ်ထားပါ။ အချိုဓာတ်နဲ့ အဆီ ဓာတ်များစွာ ပါဝင်တဲ့အစားအစာတွေကို သင့်အူတွေ ကျန်းမာရေးကောင်းမွန်လာ တဲ့အချိန်အထိ အကန့်အသတ်နဲ့သာ စား သုံးပါ။

အရည်အိတ် (Cyst) ဗိုက်
မမျိုးဥအိမ်ထဲမှာ အရည်အိတ်တည် တာရဲ့ လက္ခဏာတစ်ခုက ဝမ်းဗိုက်ပူလာ တာပဲဖြစ်ပါတယ်။ လစဉ်လတိုင်း မမျိုး ဥအိမ်ကနေ ဥတစ်လုံးကို ထုတ်လုပ်ပေး ပါတယ်။ တစ်ခါတလေမှာ ဥမထုတ်လုပ် နိုင်ခဲ့ရင် မမျိုးဥအိမ်အတွင်း ရေဓာတ်စု ဆောင်းမှုဖြစ်လာကာ အရည်အိတ်ဖြစ် လာပါတယ်။ ဒီရေအိတ်တွေက ဘာမှ မလုပ်ရဘဲနဲ့ အလိုလို ပြန်လည်ပျောက် ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့လည်း သင့်မှာ ဆီးစပ်ကိုက်တာ၊ ဝမ်းသွားတဲ့အမူ အကျင့် ပြောင်းလဲတာ၊ သွေးဆင်းများတာ တွေ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ချက် ချင်းပြသပါ။
ဖြေရှင်းနည်း
မမျိုးဥအိမ်ထဲမှာ တည်နေတဲ့အ ရည်အိတ်ကပေါက်သွားတာ ဒါမှမဟုတ် လိမ်သွားတာတွေ ဖြစ်မလာခဲ့ရင် ဘာမှ ပြုလုပ်စရာမလိုပါဘူး။ သင့်ဆရာဝန်က သင့်ကို ဟော်မုန်းစစ်ဆေးတာ၊ CT Scan နဲ့စစ်ဆေးတာတွေ ပြုလုပ်ပေးပြီး ကိုယ်ဝန်တားဆေးသောက်ခိုင်းတာ၊ ခွဲစိတ်ပြီး အရည်အိတ်ဖယ်ရှားတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ သင့်အနေနဲ့ မ မျိုးဥအိမ်မှာ အရည်အိတ်တည်နေတတ် သူဖြစ်ရင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုခံ ယူဖို့ လိုအပ်ပါတယ်။

ဝမ်းချုပ်ဗိုက်
ဝမ်းသွားဖို့ ခက်ခဲတာ ဒါမှမဟုတ် နှစ်ရက်၊ သုံးရက်နေမှ တစ်ကြိမ် ဝမ်း သွားတာကို ဝမ်းချုပ်တယ်လို့ သတ်မှတ် ပါတယ်။ ဝမ်းချုပ်တာအများစုက အစား အစာမလုံလောက်တာကြောင့် ဖြစ်ပါ တယ်။ စားသုံးတဲ့အစားအစာထဲမှာ အ မျှင်ဓာတ်ပါဝင်မှုနည်းတာကြောင့် ဝမ်း ချုပ်နိုင်သလို ရေလုံလုံလောက်လောက် မသောက်တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။ ဝမ်းချုပ်တဲ့သူတွေမှာ အူမကြီး အတွင်းမှာ ဘက်တီးရီးယားတွေ ပေါက် ဖွားဖို့အတွက် အကောင်းဆုံးအနေအ ထား ရောက်ရှိသွားပြီး ဒီဘက်တီးရီးယား တွေကြောင့် လေတွေ ထွက်ရှိလာကာ လေပွတာ၊ လေထိုးတာနဲ့ လေလည်တာ တွေဖြစ်လာနိုင်ပါတယ်။
ဖြေရှင်းနည်း
အမျှင်ဓာတ်လုံလုံလောက်လောက် ပါဝင်အောင် စားသုံးပါ။ ရေလုံလုံ လောက်လောက်သောက်ပါ။ အစား စားချိန်ကို ပုံမှန်သတ်မှတ်ပြီး စားပေးပါ။ ကဖင်းလျှော့သောက်ပါ။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။
သင် ဗိုက်ပူနေတိုင်း သင့်ကိုယ်ခန္ဓာ ကိုယ်အလေးချိန်ကြောင့် ဒါမှမဟုတ် အ ဆီစုဆောင်းမှုများလာတာကြောင့်လို့ ထင်မနေပါနဲ့။ အထက်ဖော်ပြပါထဲက တစ်ခုခုကြောင့် ဖြစ်နိုင်တာမို့ ဖြေရှင်း နည်းအတိုင်း လိုက်နာလိုက်ရင် သင့်အ နေနဲ့ ဗိုက်ချပ်ရပ်ပြီး လှပလာမှာ မလွဲပါဘူး။

 ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *