အိပ်ရာထချိန် ဖြစ်တတ်သော ပြဿနာများကိုဖြေရှင်းရအောင် ….

အိပ်ရာထချိန် ကြုံတွေ့ရတတ်တဲ့ ပြဿနာသုံးမျိုးကို အောက်ပါအတိုင်း ဖြေရှင်းနိုင်ပါတယ်။

အိပ်ရာထ ခံတွင်းရနံ့ဆိုးနေလျှင်
မနက်ခင်း အိပ်ရာက နိုးထချိန်မှာ ခံတွင်းရနံ့ဆိုးတာကြောင့် ဘယ်သူ့ကိုမှ စကားမပြောနိုင်အောင် ဖြစ်နေမယ်ဆို ရင်တော့ သင်ဟာ လှပတဲ့ နိုးထချင်း မျိုးဖြစ်မှာ မဟုတ်တော့ပါဘူး။ နှစ်လို ဖွယ်အပြုံးနဲ့ နိုးထလာနိုင်စေဖို့ဆိုရင် တော့ သင့်သွားနဲ့ခံတွင်းကိုလည်း ညအိပ် ရာမဝင်ခင် ဂရုစိုက်ပေးဖို့လိုပါတယ်။ အိပ်ရာမဝင်ခင်က စားထားတဲ့အစာတွေ သွားကြားမှာကပ်နေလို့ အနံ့ဆိုးထွက်ရ တာပါ။
ဖြေရှင်းနည်း
ခံတွင်းရနံ့နံတာကို မဖြေရှင်းဘူးဆို ရင် မနက်အိပ်ရာထချိန်မှာ သာမကဘဲ လူအများနဲ့ စကားပြောချိန်တွေမှာလည်း သင့်ကို နှာခေါင်းရှုံ့ကြပါလိမ့်မယ်။ ဒါ ကြောင့် လိုအပ်တဲ့ သွားနဲ့ခံတွင်း သန့်စင် မှုကို နားလည်ထားဖို့လိုပါတယ်။ အစာ စားပြီးတိုင်း ပလုတ်ကျင်းပါ၊ တစ်နေ့ နှစ် ကြိမ် သွားတိုက်ပါ၊ သွားကြားပွတ်ကြိုး တစ်ကြိမ်သုံးပါ။

အိပ်ရာထချိန်မှာ ဆံပင်တွေ ရှုပ်ပွနေ လျှင်
မနက်ခင်းအိပ်ရာက နိုးထချိန်မှာ ဆံပင်တွေက ပွရောင်းပြီး ကြမ်းတမ်း ခြောက်သွေ့ကာ ရှုပ်ပွနေမယ်ဆိုရင် မှန် ထဲမှာ ကိုယ့်မျက်နှာတောင် ကိုယ်မကြည့် ချင် ဖြစ်နေပါလိမ့်မယ်။

ဖြေရှင်းနည်း
ညအိပ်ရာမဝင်ခင်မှာ ဆံသားကို သံလွင်ဆီ နှစ်စက်လောက် လက်ဝါးပေါ် တင်ပြီးလိမ်းကာ ခပ်ဖွဖွ စည်းနှောင်တာ မျိုး၊ ဒါမှမဟုတ် ကျစ်ဆံမြီး ခပ်ဖွဖွကျစ် ပြီး အိပ်ရာဝင်လိုက်ပါ။

အိပ်ရာနိုးချိန် မျက်နှာအရေးကြောင်း ထင်ထင်ရှားရှား ပေါ်နေလျှင်
မနက်ခင်းအိပ်ရာက နိုးထချိန်မှာ မျက်နှာပေါ်မှာ အစင်းကြောင်းတွေနဲ့ ဖောင်းအစ်နေတာမျိုးတွေရှိနေပါသလား။ ဒါဆိုရင်တော့ လှပတဲ့နိုးထချင်းမျိုး မဖြစ် နိုင်တော့ပါဘူး။ ကျန်းမာလှပနေစေဖို့ တစ်နေ့ကို အချိန် ရှစ်နာရီလောက်ကြာ အောင် အိပ်စက်သင့်တယ်ဆိုတာကို သိ ပြီးသားဖြစ်မှာပါ။ မနက်အိပ်ရာထချိန် တိုင်း မျက်နှာပေါ်မှာ အစင်းကြောင်းတွေ ထင်နေမယ်ဆိုရင်တော့ကြာရင် မျက် နှာ အရေးကြောင်းတွေပေါ်လာနိုင်ပါ တယ်။

ဖြေရှင်းနည်း
အိပ်စက်ချိန်မှာ မှောက်အိပ်တာကို ရှောင်ပါ။ အိပ်ပျော်သွားချိန်မှာ သင့်ဝမ်း ဗိုက်နေရာကစပြီး ခန္ဓာကိုယ်အလေးချိန် က သင့်မျက်နှာပေါ်ကို ကျရောက်သွား တတ်ပါတယ်။ ဒီအချိန်မှာ တစ်ညလုံး သင်က မှောက်အိပ်ထားတာကြောင့် သင့်မျက်နှာမှာ အစင်းကြောင်းတွေပေါ် နေတာပါ။ အချိန်ကြာကြာ မှောက်အိပ် မယ်ဆိုရင်တော့ သင့်မျက်နှာမှာ အရေး ကြောင်းတွေ ပေါ်လာနိုင်ပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal