အိမ်သာသွားရာတွင် ပြုပြင်သင့်သော အမူအကျင့်များ

ကျွန်မတို့တစ်တွေက လမ်းလျှောက် တတ်တဲ့အရွယ်ကတည်းကစတင်ပြီး အိမ်သာကို သွားတတ်တဲ့အလေ့အကျင့် ကို သင်ကြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အိမ် သာသွားတဲ့အခါမှာ ပြုလုပ်ရမယ့် အ လေ့အကျင့်ကောင်းတွေကိုတော့ အခုထိ မလေ့လာမိခဲ့ကြပါဘူး။ အိမ်သာနဲ့ ရေချိုး ခန်းတွဲနေတဲ့အိမ်တွေမှာဆိုရင် အိမ်သာ ခန်းက တိတ်ဆိတ်ငြိမ်သက်ပြီး အေး ချမ်းနေတာကြောင့် တချို့ဆို အိမ်သာ ထဲမှာ အလုပ်လုပ်ကြတာ၊ သတင်းစာ^ ဂျာနယ်တွေ ဖတ်ကြတာ၊ ဖုန်းအသုံးပြု ကြတာတွေကို အချိန်အကြာကြီးပြုလုပ် တတ်ကြပါတယ်။ ဒီလိုပြုလုပ်တာကြောင့် ဝမ်းချုပ်တာ၊ ရောဂါပိုးဝင်တာလိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်လာတတ် ကြပါတယ်။ အိမ်သာတက်ရာမှာ ပြုလုပ် ရမယ့်အမူအကျင့်ကောင်းတွေကို သိ ထားသင့်တယ်လို့ ယူဆတာကြောင့် ပြုပြင်သင့်တဲ့အမူအကျင့်တွေကို ဖော် ပြပေးလိုက်ပါတယ်။

အိမ်သာပေါ်တွင် အကြာကြီး ထိုင်နေခြင်း
အိမ်သာပေါ်မှာ အကြာကြီးထိုင်နေ တာကြောင့် စအိုအောက်ပိုင်းမှာ ရှိတဲ့ သွေးပြန်ကြောတွေက အချိန်အကြာကြီး ဆွဲဆန့်ခံရနိုင်ပါတယ်။ ဒီလိုဖြစ်တာ ကြောင့် သွေးကြောရောင်ရမ်းမှုဖြစ်ပြီး လိပ်ခေါင်းထွက်လာနိုင်ပါတယ်။ ဒီပြဿ နာဟာ တစ်ပတ်အတွင်း ပြန်လည် ပျောက်ကင်းသွားတတ်ပေမယ့် နေ့စဉ် ရက်ဆက် အိမ်သာပေါ်မှာ အကြာကြီး ထိုင်တဲ့အကျင့်ကြောင့် ရောဂါဝေဒနာ ပို မိုဆိုးရွားလာနိုင်ပါတယ်။ လိပ်ခေါင်းဖြစ် နေရင် ဆရာဝန်နဲ့ ပြသပြီး သေချာကုသ ဖို့ လိုအပ်ပါတယ်။ မကုသဘဲ လျစ်လျူ ရှုထားခဲ့မယ်ဆိုရင် အူမကြီးကင်ဆာလို မျိုး ဆိုးရွားတဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါ တယ်။

ဝမ်းကို အားစိုက်ညှစ်ထုတ်ခြင်း
ဝမ်းချုပ်နေတာကြောင့် ဝမ်းကို အားစိုက်ပြီး အတင်းညှစ်ထုတ်လိုက်တာ ကြောင့် စအိုဝကွဲနိုင်တဲ့အပြင် လိပ်ခေါင်း ရောဂါပါ ရရှိနိုင်ပါတယ်။ ဝမ်းချုပ်တာက စမြင်းတုံးခံနေတာကြောင့် ဖြစ်ပြီး သင့်အ နေနဲ့ အရည်ဓာတ် လုံလုံလောက်လောက် မရရှိတာ၊ အမျှင်ဓာတ် ပြည့်ပြည့်၀၀ မစားသုံးတာတွေကြောင့် ဖြစ်တာပါ။ ဝမ်း ချုပ်နေရင် အိမ်သာအိုးပေါ် မထိုင်ခင်မှာ ကြမ်းပြင်ပေါ်မှာ မကြာခဏ ဆောင့် ကြောင့်ထိုင်ပေးပါ။ ဒီလိုပြုလုပ်တာ ကြောင့် အူလမ်းကြောင်းက သဘာဝ ပုံစံအတိုင်းဖြစ်သွားပြီး အားမစိုက်ထုတ်ရ ဘဲ ဝမ်းထွက်နိုင်သွားပါတယ်။

သင် သွားပြီးသား ဝမ်းကိုပြန်မကြည့်ခြင်း
သင်သွားထားတဲ့ဝမ်းကို ရေနဲ့ မဆွဲ ချခင်မှာ သင့်မျက်စိနဲ့ ဖျတ်ခနဲ ကြည့် လိုက်ပါ။ ဒီလိုကြည့်လိုက်တာကြောင့် ဝမ်းကို ဓာတ်ခွဲခန်းမှာ စစ်ဆေးတာထက် ပိုပြီး ကျန်းမာရေးအခြေအနေကို သိရနိုင် ပါတယ်။
– သင်ရဲ့ အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအခြေအနေ ကောင်းမွန်နေ တယ်ဆိုရင် သင်သွားတဲ့ဝမ်းက ဝက်အူ ချောင်းပုံသဏ္ဌာန် ချောမွေ့နေပါလိမ့်မယ်။
– သင် သွားတဲ့ဝမ်းက မာကျောကျစ် လျစ်နေတာ၊ ဒါမှမဟုတ် စမြင်းတုံးလေး တွေဖြစ်နေတယ်ဆိုရင် သင့်အနေနဲ့ အရည်ဓာတ်နဲ့ အမျှင်ဓာတ်ကို ပိုမိုစားသုံး ဖို့ လိုအပ်နေပါပြီ။
– သင့်ဝမ်းက အရည်ခပ်ပျော့ပျော့ဖြစ် နေတယ်ဆိုရင် အစာအဆိပ်အတောက် ဖြစ်တာ၊ အူလမ်းကြောင်းထဲ ပိုးဝင်တာ ဒါမှမဟုတ် အူရောဂါတွေ ဖြစ်နေနိုင်ပါ တယ်။
– သင့်ဝမ်းက ခဲတံပုံသဏ္ဌာန်ပိန်ရှည် ရှည်လေး ဖြစ်နေရင်တော့ အူမကြီးကင် ဆာဖြစ်နေတဲ့ လက္ခဏာပါ။
ဒါကြောင့် သင့်အနေနဲ့ သင်သွား ထားတဲ့ဝမ်းကို ဖျတ်ခနဲ ပြန်ကြည့်တတ် တဲ့အကျင့်ကို လေ့ကျင့်ထားဖို့တော့ လို အပ်ပါတယ်။

ဆီးအနံ့နံတာကို လျစ်လျူရှုထားခြင်း
သင့်အနေနဲ့ ကညွတ်ဟင်းပါတဲ့ ညစာကို စားအပြီး နောက်တစ်နေ့မှာ ဆီးအနံ့နံနေတာက ပြဿနာမဟုတ်ပါ ဘူး။ ကညွတ်မှာ ပါဝင်တဲ့ တချို့အက်စစ် တွေက အစာခြေစနစ်ကြောင့် ဖြိုခွဲခံရတဲ့ အခါမှာ အနံ့နံတဲ့ပစ္စည်းတွေ ထွက်လာ တာကြောင့်ပါ။ တချို့ဆေးဝါး၊ ဗီတာမင် နဲ့ တညင်းသီးလိုမျိုး အစားအစာတွေ ကြောင့်လည်း ဆီးအနံ့က အလွန်အမင်း နံတတ်ပါတယ်။ ဒီလိုအကြောင်းအရာ တွေကြောင့်မဟုတ်ဘဲ ဆီးအနံ့နံနေရင် တော့ လျစ်လျူရှုထားလို့ မရပါဘူး။ ဆီး အနံ့က အလွန်အမင်းအနံ့ထွက်နေပြီး ဆီးအရောင်ရင့်ကာ အနှစ်ဖြစ်နေခဲ့ရင် သင့်မှာ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ အသည်း ရောဂါပိုးဝင်တာ၊ ဆီးအိတ်ထဲ ရောဂါပိုးဝင်တာ ဒါမှမဟုတ် ဆီးချိုတက် လာတဲ့ လက္ခဏာတွေဖြစ်နိုင်တာမို့ ဆ ရာဝန်နဲ့ ပြသဖို့တော့ လိုအပ်ပါတယ်။

အိမ်သာအိုးအဖုံးကို မပိတ်ဘဲ ရေဆွဲချခြင်း
အိမ်သာသွားအပြီးမှာ အိမ်သာအိုး အဖုံးကို မပိတ်ဘဲ ရေဆွဲချလိုက်တာ ကြောင့် ပိုးမွှားတွေ လေထဲကို ပျံ့နှံ့သွား နိုင်ပါတယ်။ သင့်အိမ်သာက ရေချိုးခန်း ထဲမှာရှိနေပြီး သင်ရဲ့သွားတိုက်သွားပွတ် တံတွေကလည်း စင်ပေါ်မှာ အလွယ်တကူ ရှိနေခဲ့ရင် အဲဒီပိုးမွှားတွေက သွားတိုက် သွားပွတ်တံလိုမျိုး အသုံးအဆောင် ပစ္စည်းတွေပေါ်မှာ ကပ်ငြိသွားတာကြောင့် သင့်ကို ရောဂါပိုးအလွယ်တကူ ကူးစက် သွားနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး