ကွမ်းစားတာက နီကိုတင်း၊ အရက် နဲ့ ကဖင်းဓာတ်ပြီးရင် ကမ္ဘာမှာလေးနေ ရာမြောက် Psychoactive Substance အနေနဲ့ သုံးစွဲမှုအများဆုံးဖြစ်ပါတယ်။ အာရှတိုက်တောင်ပိုင်းကနေ အစပြုခဲ့ တာဖြစ်ပြီး မြန်မာနိုင်ငံ၊ အာဖရိကအရှေ့ ပိုင်းနဲ့အိန္ဒိယအနောက်ပိုင်းတွေမှာကွမ်း စားတာကျယ်ကျယ်ပျံ့ပျံ့တွေ့ရပါတယ်။
ကွမ်းပင် (Areca) ဟာ တကယ် တော့ ဆေးဖက်ဝင်အပင်ဖြစ်ပြီး စိတ် ကစဥ့်ကလျားရောဂါ၊ မျက်လုံးတွင်း ဖိ အားတိုး မျက်စိရောဂါ၊ အစာမကြေ ဝေဒနာ အတွက် ဆေးအနေနဲ့ အသုံးပြု နိုင်ပါတယ်။ ကျွဲ၊ နွား၊ ခွေး၊ မြင်း စတဲ့ တိရစ္ဆာန်တွေမှာ တုတ်ကောင်ချဆေး၊ မြင်းတွေမှာ ဗိုက်ရစ်နာတာအတွက် ဆေးအဖြစ် အသုံးပြုပါတယ်။ ဒါပေမဲ့ ကွမ်းယာစားတာကတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ကွမ်းယာမှာ ကွမ်း သီးစေ့၊ ကွမ်းရွက်၊ ထုံးနဲ့ နီကိုတင်းတွေ ပါဝင်ပါတယ်။
အမေရိကန် အာဟာရ ပညာရှင် အဖွဲ့က ပြုစုထားတဲ့ သုတေသနအရ ကွမ်းစားတာဟာ နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ အဝလွန်ရောဂါ စတဲ့ ဇီဝတွင်း ဖြစ်ပျက်မှု ပုံမမှန်ရောဂါ(Metabolic Syndrome) ဖြစ်စေမှုနဲ့ ဆက်စပ်နေ ပါတယ်။ ကွမ်းသီးစေ့ (Betel Nut) ဟာ ကဖင်းဓာတ်၊ နီကိုတင်းတွေလိုအာနိသင် လိုမျိုး ပေးနိုင်ပါတယ်။ ပမာဏများများ သုံးစွဲမယ်ဆိုရင် ကိုကင်းဆေးလိုမျိုးနှလုံး ခုန်နှုန်းမြင့်တက်တာ၊ သွေးဖိအားတက် တာ၊ မျက်စိသူငယ်အိမ်ကျယ်လာတာ၊ စိတ်လှုပ်ရှားတာ၊ အိပ်မပျော်တာ၊ နှလုံး ခုန်နှုန်းမမှန်တာတွေဖြစ်လာစေပါတယ်။
ကွမ်းသီးစေ့ရဲ့ အာနိသင်ဟာ ဦး နှောက်ရဲ့ ပင်မအာရုံကြောပေါ် သက် ရောက်နိုင်ပြီး ဆိုးကျိုးတွေအနေနဲ့ တံ တွေးအလွန်အကျွံထွက်တာ၊ ဆီး၊ ဝမ်း မထိန်းချုပ်နိုင်တာ၊ ချွေးထွက်တာ၊ ဝမ်း လျှောတာ၊ အန်တာတွေ ဖြစ်စေပါတယ်။
ကွမ်းသီးစေ့ဟာ Teratogen ဖြစ်စေလို့ လည်း ကိုယ်ဝန်ဆောင် မိခင်တွေ ကွမ်း စားတာကို လုံးဝရှောင်ရပါမယ်။
နောက်တစ်ချက်က ကွမ်းသီးအဆံ နဲ့ ကွမ်းရွက်တွေကို တိရစ္ဆာန်ဆဲလ်တွေ မှာ စမ်းသပ်ခဲ့ရာ မျိုးရိုးဗီဇ DNA ကို ပြောင်းလဲပစ်နိုင်ပြီး ဆဲလ်တွေကို ကင် ဆာဖြစ်စေတာ တွေ့ရှိခဲ့ပါတယ်။ ကွမ်း ယာစားတာက ပါးစပ်၊ လည်ချောင်း၊ လည် မျို၊ အစာပြွန်၊ အသည်း၊ အဆုတ်၊ သုက်ရည်ဂလင်း ကင်ဆာတွေ ဖြစ်စေ မှုနဲ့ ဆက်စပ်နေပါတယ်။
ထူးဒါလီကိုကို (MPharm)