မှိုပိုး(Yeast)၀င်ရောက်ခြင်းနှင့်ပတ်သက်သော အယူအဆအမှားများ

မှိုပိုးဝင်ရောက်တာက မိန်းမကိုယ်အတွင်း ဒုတိယအဖြစ်များဆုံးပိုးဝင်ရောက်တဲ့ရောဂါပါ။ အမျိုးသမီးအများစုက ဘ၀သက်တမ်းတစ်လျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ဖြစ်ခဲ့ဖူးပါတယ်။ များသောအားဖြင့် ယားယံတာနဲ့စပြီး မိန်းမကိုယ်နေရာမှာ မီးနဲ့တို့သလို ပူစပ်ပူလောင်ဖြစ်နေတတ်ပါတယ်။ မှိုပိုးဝင်တာနဲ့ပတ်သက်ပြီး အယူအဆတွေ များစွာ ရှိတဲ့အထဲက မှားယွင်းနေတဲ့ အယူအဆတွေကို ဖော်ပြပေးလိုက်ပါတယ်။

အယူအဆ (၁)
မှိုပိုးဝင်ရောက်တာက ကိတ်မုန့်၊ ပေါင်မုန့်လို ဖုတ်ထားတဲ့အစားအစာတွေ ကြိုက်နှစ်သက်တာကြောင့်ပါ။
အမှန်မှာတော့ မှိုပိုးဝင်ရောက်တာက Candida Albicans ခေါ်တဲ့ မှိုပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ မုန့်ဖုတ်ရာမှာ အသုံးပြုတဲ့ တစေး(Yeast)နဲ့ လုံးဝမသက်ဆိုင်ပါ။ သင်ရဲ့ မိန်းမကိုယ်အတွင်းမှာ Candida ပိုးအပါအ၀င် ပိုးပေါင်းများစွာကို ဖယ်ရှားပေးနိုင်တဲ့ လူ့အကျိုးပြုဘက်တီးရီးယားတွေ များစွာ ရှိပါတယ်။ ပဋိဇီဝဆေးဝါး သုံးစွဲတာ၊ စိတ်ဖိစီးမှုများတာ၊ ဆီးချိုရောဂါဖြစ်တာ ဒါမှမဟုတ် ဓမ္မတာလာတာကြောင့် ဒီဘက်တီးရီးယားတွေက လျော့နည်းသွားတဲ့အခါမှာ မိန်းမကိုယ်အတွင်း pH Level ကလည်း ပြောင်းလဲမှုဖြစ်လာတဲ့အတွက် Yeast ပိုးတွေ ပေါက်ဖွားမှုများပြားလာတာပါ။

အယူအဆ (၂)
Yeast မှိုပိုးက လိင်ဆက်ဆံဖော်မှတစ်ဆင့် ရရှိတာပါ။
Yeast မှိုပိုး ကူးစက်ခံရရင် လိင်ဆက်ဆံတဲ့အခါမှာ နာကျင်မှု ရှိနိုင်ပေမယ့် ဒီရောဂါက သင်ရဲ့ လိင်ဆက်ဆံဖော်ကတစ်ဆင့်ရရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့ လိင်တံထိပ်ပိုင်းမဖြတ်ထားသူတွေရဲ့ ပန်းဖူးထိပ်ပိုင်းမှာ Yeast ပိုးတွေ အများအပြားရှိနေခဲ့ရင်တော့ လိင်ဆက်ဆံရာမှတစ်ဆင့် သင့်ဆီ ကူးစက်နိုင်ပါတယ်။

အယူအဆ (၃)
အမျိုးသားတွေက Yeast မှိုပိုး ကူးစက်ခံရလေ့မရှိပါ။
Yeast ပိုးကူးစက်ခံရတာက အမျိုးသမီးတွေမှာ များသောအားဖြင့် ဖြစ်ကြပြီး လိင်မှတစ်ဆင့်ကူးစက်ခံရတဲ့ရောဂါလို့ မသတ်မှတ်ပေမဲ့ သင့်မှာ ရောဂါမပျောက်ကင်းရင်တော့ သင့်ဆက်ဆံဖော်ကို ကူးစက်နိုင်ပါတယ်။

အယူအဆ (၄)
သင့်လက်ပ်တော့ကြောင့် Yeast မှိုပိုးကူးစက်ခံရနိုင်ပါတယ်။
Yeast ပိုးတွေက ပူနွေးစွတ်စိုတဲ့နေရာတွေကို ကြိုက်နှစ်သက်ကြပါတယ်။ သင်ရဲ့ မိန်းမကိုယ်က နဂိုကတည်းက ပူနွေးစွတ်စိုတဲ့နေရာဖြစ်နေတဲ့အတွက် ပူနွေးတဲ့ လက်ပ်တော့ကို ပေါင်ပေါ်တင်ထားတာက Yeast ပိုးကူးစက်ခံရနိုင်တယ်ဆိုတာကတော့ အဓိပ်္ပာယ်မရှိတဲ့ အယူအဆပါ။

အယူအဆ (၅)
Yeast မှိုပိုးက မိန်းမကိုယ်နေရာမှာသာ ကူးစက်နိုင်ပါတယ်။
Yeast မှိုပိုးက ခန္ဓာကိုယ်အနှံ့အပြားကူးစက်နိုင်ပါတယ်။ များသောအားဖြင့် အရေပြားတွန့်ခေါက်မှုရှိတဲ့နေရာ (ဥပမာ မိန်းမကိုယ်၊ သားမြတ်အောက်ပိုင်း၊ ပေါင်ခြံ)တွေမှာပါ။ တစ်ကြိမ်တည်းမှာ နေရာအနှံ့မှိုပိုးကူးစက်ခံနေရရင်တော့

မှိုပိုးပျောက်ဆေးဝါး မှီဝဲနိုင်ပါတယ်။

အယူအဆ (၆)
ကြက်သွန်ဖြူစားသုံးတာက မှိုပိုးကူးစက်ခြင်းကို ကုသနိုင်ပါတယ်။
ကြက်သွန်ဖြူဟာ ရောင်ရမ်းမှုကို လျော့စေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် အအေးမိရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်သလို အအေးမိရောဂါရရှိခဲ့ရင်လည်း ဖျားနာချိန် တိုတောင်းနိုင်ပေမဲ့ မိန်းမကိုယ်မှာ ကူးစက်တဲ့ Yeast lnfection

ကိုတော့ ဘာမှ အကူအညီမပေးနိုင်ပါဘူး။

အယူအဆ (၇)
Yeast မှိုပိုးရှိနေတာက အပယိက ပြဿနာပါ။
မှိုပိုးကူးစက်ခံရတာက အဖြစ်များတဲ့ ပြဿနာဖြစ်ပါတယ်။ ရောဂါကို ကုသပြီးပေမဲ့ လအနည်းငယ်အတွင်း မကြာခဏ ပြန်လည်ဖြစ်ပေါ်ခဲ့ရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်နဲ့ ပဋိဇီဝမှီဝဲနေသူတွေက ရောဂါကူးစက်နိုင်ခြေ အလွန်မြင့်မားပါတယ်။ မကြာခဏ ရောဂါပိုးကူးစက်ခံရတာကလည်း ဆီးချိုရောဂါ ရှိတဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

♥  ဒေါက်တာခင်မိုးမိုး  ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *