သီချင်းသံစဉ်တွေက ဦးနှောက်ကို နုပျိုစေတယ်လို့ဆိုပါတယ်။ ခန္ဓာကိုယ် နုပျိုကျန်းမာစေဖို့ ဆိုရင် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရမှာဖြစ် ပြီး ဦးနှောက်နုပျိုဖို့အတွက်ဆိုရင် သံစဉ်တွေကို နားထောင်ပေးပါတဲ့။ သံစဉ်တွေဆိုတာ ဦးနှောက် အတွက် Workout တစ်မျိုးလို့ ဆိုနိုင်ပါတယ်။
သုတေသီတွေရဲ့လေ့လာချက်အရ သံစဉ် တွေကစိတ်လှုပ်ရှားမှု(Anxiety)ကို လျော့ကျစေ တာ၊ သွေးဖိအား(Blood Pressure) ကျစေတာ၊ နာကျင်မှု(Pain) ကို သက်သာစေတာ၊ ကောင်း ကောင်းအိပ်ပျော်စေတာ(Sleep Quality)၊ စိတ် ခံစားမှု(Mood)ကောင်းစေတာ၊ အသိသတိရှိစေ တာ (Mental Alertness)၊ မှတ်ဉာဏ်(Memory) ကောင်းစေတာ စတဲ့ကောင်းကျိုးတွေ ပေးနိုင်ပါတယ်။
ဦးနှောက်လေ့ကျင့်ခန်းဖြစ်စေမယ်
လူအတော်များများဟာ သူ တို့ ဆယ်ကျော်သက်နဲ့ နှစ်ဆယ် ဝန်းကျင်အရွယ်မှာ
နားထောင်တဲ့ သီချင်းအမျိုးအစားကိုပဲ နားထောင် ရတာကြိုက်နှစ်သက်လေ့ရှိပါတယ်။ တခြားကွဲပြား တဲ့ သီချင်းတွေကို မနှစ်သက်ကြပါဘူး။ ဒါပေမဲ့ နားထောင်နေကျမဟုတ်တဲ့ Genre သီချင်းကို နား ထောင်ပေးတာကလည်း ဦးနှောက်အတွက် Workout တစ်မျိုးဖြစ်စေပါတယ်။
အမှတ်တရတွေပေးမယ်
သင်ငယ်ငယ်က နားထောင်ဖူးတဲ့ သီချင်းသံ စဉ်ကိုပြန်နားထောင်ကြည့်ရင် ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်လည်အောက်မေ့သတိရ စေနိုင်ပါတယ်။
သံစဉ်ရွေးချယ်မယ်
သီချင်းအမျိုးမျိုးက သင့်ကို ခံစားချက်အမျိုး မျိုးပေးနိုင်ပါတယ်။ ဒါကို သတိထား ကြည့်ပြီး သင့်အတွက် စိတ်ခံစားမှု ကောင်းစေမယ့် သီချင်းသံစဉ်မျိုး ကို ရွေးချယ်နားဆင်ပါ။
ထူးဒါလီကိုကို (MPharm)