ချစ်ခင်ကြင်နာလို့ ထူထောင်ခဲ့ကြ ပေမယ့် အဆင်မပြေတဲ့ အိမ်ထောင်ရေး တွေ အများကြီးရှိပါတယ်။ အိမ်ထောင် ရေး အဆင်မပြေတဲ့အခါ နှစ်ဦးစလုံးမှာ ထိခိုက်နစ်နာမှုတွေများစွာရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအပြင် စိတ် ပိုင်းဆိုင်ရာမှာလည်း ထိခိုက်မှုတွေအများ ကြီးပါ။ ဒါတွေတင် မကသေးပါဘူး။ လူမှုရေးပိုင်းမှာလည်း အားနည်းလာ တတ်ပါတယ်။ နှစ်ဦးသားတင်မကဘဲ သားသမီးတွေအထိပါ ထိခိုက်နိုင်တာမို့ အိမ်ထောင်တစ်ခုကို လွယ်လွယ်မထူ ထောင်ဖို့၊ ထူထောင်ပြီးသား အိမ်ထောင် ရေးကိုလည်း တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းပြီး အဆင်ပြေပြေဖြစ်စေဖို့ နှစ်ဦး စလုံးမှာတာဝန်တွေရှိပါတယ်။
စိတ်ဓာတ်ကျခြင်း
မအောင်မြင်တဲ့ အိမ်ထောင်တစ်ခု ကိုထူထောင်ထားမိတဲ့အခါ စိတ်ကျဝေ ဒနာကို အနည်းနဲ့အများ ခံစားနေရ မှာမလွဲပါဘူး။ လေ့လာမှုတစ်ခုအရ စိတ် ကျရောဂါနဲ့ပတ်သက်တဲ့ မျိုးရိုးရှိဖူးသူ တွေဟာ ခင်ပွန်းသည် သစ္စာမရှိတာ ကြောင့်ဖြစ်စေ၊ အိမ်ထောင်ရေးပြိုကွဲတာ ကြောင့်ဖြစ်စေ စတဲ့ အိမ်ထောင်ရေးက စဥ့်ကလျားတွေဖြစ်လာတဲ့အခါ စိတ်ကျ ရောဂါဖြစ်နိုင်ခြေ ခြောက်ဆပိုများတယ် လို့ တွေ့ရှိခဲ့ပါတယ်။
ကိုယ်အလေးချိန်တက်ခြင်း
အိမ်ထောင်ကျပြီးတဲ့အခါ အမျိုး သမီးအများစုက နဂိုရှိရင်းစွဲထက် ကိုယ် အလေးချိန် ပိုများလာတတ်ပြီး အိမ်ထောင် ရေးပြတ်စဲတဲ့အခါ လျော့ကျသွားလေ့ရှိ တယ်လို့ လေ့လာမှုတွေအရ သိရပါ တယ်။ ဒါပေမဲ့ တချို့အိမ်ထောင်သည် တွေမှာတော့ လင်မယားတွေ စကားများ၊ ရန်တွေဖြစ်ပြီး အိပ်မပျော်တာ၊ အစားအ သောက်တွေကို အရင်ထက်ပိုစားတာ တွေ ပြုလုပ်တာကြောင့် ကိုယ်အလေးချိန် ပို များသထက် များလာတတ်တာကိုလည်း တွေ့ရပါတယ်။
စိတ်ဖိစီးမှုများခြင်း
အိမ်ထောင်ရေး အဆင်မပြေတဲ့အ ခါ တခြားအဆင်မပြေမှုတွေကိုလည်း သည်းခံဖြေရှင်းနိုင်စွမ်း အားနည်းလာပါ တယ်။ အိမ်ထောင်ရေး သုခမရတဲ့အခါ ငွေကြေးအခက်အခဲ အနည်းငယ်ကလည်း သူ့အတွက် မဖြေရှင်းနိုင်တဲ့ အခက်အခဲ အကြီးကြီးလို ထင်မြင်နေတတ်ပါတယ်။ အိမ်မှုကိစ္စတွေကိုလည်း အနည်းငယ်လေး လုပ်ရရင်တောင် မောပန်းနွမ်းနယ်ပြီး မလှုပ်ချင်လောက်အောင် ဖြစ်တာ ကြောင့် စိတ်ဓာတ်တွေကျရပြန်ပါ တယ်။ သားသမီးတွေကို ဆိုဆုံး မမရဘူးဆိုတဲ့ အစွဲတွေလည်း ဝင်လာတတ်ပါတယ်။ ဒါတွေ ဟာ အိမ်ထောင်ရေးအဆင်မ ပြေတဲ့အခါ ဖြစ်လာတတ် တဲ့ စိတ်ဖိစီးမှုတွေ ပါပဲ။
အိပ်မပျော်ခြင်း
လေ့လာမှုတွေအရ အိမ်ထောင်ရေး အဆင်မပြေတဲ့အခါ အိပ်မပျော်တာကြောင့် ပုံမှန်အိပ်စက်ချိန်ကိုမရကြပါဘူး။ တစ်ဖန် အိပ်ရေးမ၀တာကြောင့်လည်း အိမ်ထောင် ရေးအဆင်မပြေတာတွေ ဖြစ်လာနိုင် တယ်လို့သိရပါတယ်။ အိပ်ပျက်များလာ တဲ့အခါ နေ့ဘက်မှာလည်း မလှုပ်ချင် မကိုင်ချင်လောက်အောင် နုံးချိနေတတ် ပါတယ်။ စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှု တွေလည်း အားနည်းနေတတ်ပါတယ်။
သွေးတိုးခြင်း
သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး ကို ပိုင်ဆိုင်သူတွေဟာ အိမ်ထောင်ရေး အဆင်မပြေသူတွေထက် သွေးဖိအား ကောင်းမွန်နေတတ်တယ်လို့ လေ့လာ သူတွေက တွေ့ရှိခဲ့ပါတယ်။ အိမ်ထောင် ရေးအဆင်မပြေတဲ့အခါ စိတ်ဖိစီးမှုဟော် မုန်းတွေထွက်ရှိပြီး သွေးဖိအားကို တက် စေတာကြောင့်ပါ။
နှလုံးကျန်းမာရေး ထိခိုက်ခြင်း
အိမ်ထောင်ရေး အဆင်မပြေသူ တွေမှာ သွေးဖိအားမြင့်တက်တာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ပျက်စီးစေပါ တယ်။ စိတ်ဖိစီးမှုများပြီး ဝေဒနာ ခံစားရ မှုကလည်းပြင်းထန်တာကြောင့် နှလုံးကို ထိခိုက်နာကျင်မှု ဖြစ်စေပါတယ်။
ပူပန်သောကဖြစ်ခြင်း
အိမ်ထောင်ရေး အဆင်မပြေဘဲ တစ်ယောက်အပေါ် တစ်ယောက် သံသ ယစိတ်တွေများနေတဲ့အခါ ပူပန်သောက တွေလည်း များနေမှာပါ။ အိမ်ထောင် ရေးသာယာနေတဲ့အခါ ပူပန်သောက တွေ ဖြစ်လာခဲ့ရင်တောင် အလွယ်တကူ ပဲ ကျော်လွှားသွားနိုင်မှာ ဖြစ်ပါတယ်။
အရက်သောက်ခြင်း
အိမ်ထောင်ရေး အဆင်မပြေတဲ့အ ခါ အရက်က ဖြေဆေးတစ်ခုလို ဖြစ်လာ ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေ တာက ကျန်းမာရေး ထိခိုက်စေသလို အရက်ကလည်း ကျန်းမာရေးကို ပိုလို့ ထိခိုက်စေပါတယ်။ တချို့အိမ်ထောင် ရေးအဆင်မပြေတာတွေကတော့ အမျိုး သားက အရက်သောက်တာကြောင့် ဖြစ် ရတာပါ။ စုံတွဲပေါင်း ၆၀၀ ကျော်ကို လေ့ လာခဲ့တဲ့ သုတေသနအရ အရက်ကို အလွန်အကျွံသောက်တာကြောင့် အိမ် ထောင်ရေးအဆင်မပြေမှုတွေက အိမ် ထောင်ရေး အဆင်မပြေတာကြောင့် အ ရက်သောက် သူတွေထက် ၃ ဆပိုများ နေတာကို တွေ့ရပါတယ်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)