ချောင်းဆိုးတာက အသက်ရှူလမ်းကြောင်းထဲက ချွဲသလိပ်တွေနဲ့ ပြင်ပ ပစ္စည်းတွေဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ တခြားအရာတွေကို ခန္ဓာကိုယ်ပြင်ပကို ထုတ် ပယ်တာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကာကွယ်တဲ့စနစ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ညအိပ်ချိန်မှ ချောင်းဆိုးနေရင်တော့ သင်နဲ့သင့်အိမ်သားတွေကို အိပ် ရေးပျက်စေပါတယ်။ အိပ်ရေးပျက်လောက်အောင် ညဘက်မှာ ချောင်းဆိုးတဲ့အခါ အောက်ပါနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ပါတယ်။
ဆားရည်နွေးနဲ့ ပလုတ်ကျင်းပါ
ညဘက်မှာ ချောင်းဆိုးတာ သက် သာစေဖို့ဆားရည်နွေးနဲ့ ပလုတ်ကျင်း နိုင်ပါတယ်။ ရေနွေးနွေး တစ်ဖန်ခွက်ထဲ ကို ဆားထမင်းစားဇွန်းတစ်ဇွန်း ထည့် ဖျော်ပြီး ပလုတ်ကျင်းပါ။ လည်ချောင်း ယားတာနဲ့ ရောင်ရမ်းမှုကို လျော့နည်း စေတဲ့အပြင် ချွဲသလိပ်တွေကိုလည်း ဖယ်ရှားပေးပါတယ်။
ချင်း(ဂျင်း)လက်ဖက်ရည်သောက်ပါ
ချင်း(ဂျင်း)လက်ဖက်ရည် သောက် ပေးပါက ယားယံတာနဲ့ လည်ချောင်း ရောင်ရမ်းတာကိုသက်သာစေပြီး အိပ် ပျော်ဖို့အားပေးပါတယ်။ ရေနွေးတစ် ခွက်ထဲကို ချင်း(ဂျင်း)အနည်းငယ် ထည့်ပါ။ ချင်း(ဂျင်း)အရသာကို မကြိုက် ပါက ပျားရည်အနည်းငယ် ထည့်နိုင်ပါ တယ်။
သံပရာရည်သောက်ပါ
သံပရာရည်မှာ ဗီတာမင် စီ များစွာ ပါဝင်လို့ ပျားရည်နဲ့ ရောပြီး သောက်သုံးပါ က ညဘက်ချောင်းဆိုးတာကို သက်သာ စေပါတယ်။ စားချဉ့်ပြန်တာကြောင့် ည ဘက်ချောင်းဆိုးတာ ဆိုရင်တော့ ပိုဆိုးစေလို့ သံပရာရည် မသောက်သင့်ပါဘူး။
စားချဥ့်ပြန်ရင် ဆရာဝန်နဲ့ပြသပါ
စားချဥ့်ပြန်တာက အစာအိမ်ထဲက အက်စစ်နဲ့ ရောနေတဲ့အ စာတွေ အစာရေမျိုအ၀ကို နောက်ပြန် ထွက်တာကြောင့် ဖြစ်လာတာပါ။ စားချဥ့် ပြန်တာကြောင့် ညဘက်မှာ ချောင်းဆိုး နေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါ တယ်။
ပျားရည်အသုံးပြုပါ
ပျားရည်လက်ဖက်စားဇွန်း တစ်ဇွန်း သောက်ပေးပါက ညဘက်မှာ ချောင်းဆိုး တာကို သက်သာစေပါတယ်။ ပျားရည်ကို ချင်း(ဂျင်း)၊ သံပရာရည်တို့နဲ့ ရောသောက် ပါက အရသာ ပိုမိုကောင်းမွန်ပါတယ်။
လေထုစိုထိုင်းဆမြှင့်တင်ပါ
အခန်းထဲမှာ လေထုရဲ့ စိုထိုင်းဆ မရှိဘဲ ခြောက်သွေ့နေမယ်ဆိုရင်လည်း လည်ချောင်းယားပြီး ချောင်းဆိုးနိုင်ပါ တယ်။ ဒီလိုဖြစ်နေမယ်ဆိုရင်တော့ အ ခန်းထဲမှာ အရည်အသွေးကောင်းမွန်တဲ့ လေထုစိုထိုင်းဆထုတ်လွှင့်ပေးတဲ့ဆန်ခါကိုတပ်ဆင်ထားဖို့ လိုပါတယ်။
ရေတစ်ခွက်သောက်ပါ
လေထုစိုထိုင်းဆထုတ်လွှင့်ပေးတဲ့ စက်တပ်ထားတာထက် ကောင်းတဲ့ နောက်တစ်နည်းကတော့ ရေတစ်ခွက် သောက်လိုက်တာပါ။ လည်ချောင်း ခြောက်တာကို စိုသွားစေလို့ ညဘက် ချောင်းဆိုးတာကို သက်သာစေပါတယ်။ အိပ်ရာအနီးက စားပွဲပေါ်မှာ ရေတစ်ခွက် လောက် သောက်နိုင်အောင် အဆင်သင့် ထားပါ။
ခေါင်းအုံးမြင့်မြင့်အုံးအိပ်ပါ
ခေါင်းအုံးနိမ့်ပါက ချွဲသလိပ်တွေ လည်ချောင်းထဲမှာစုမိပြီး ညဘက်မှာ ချောင်းဆိုးတာဖြစ်စေပါတယ်။ ဒါကြောင့် ညအိပ်တဲ့အခါ ခေါင်းအုံးမြင့်မြင့်နဲ့ အိပ်သင့်ပါတယ်။
ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တဲ့အကျင့်ရှိနေ တာကြောင့်လည်း ညဘက်မှာချောင်းဆိုး တာဖြစ်နိုင်သလို တစ်နေ့တာလုံးလည်း ချောင်းဆိုးနိုင်ပါတယ်။ ဆေးလိပ်ဖြတ် လိုက်ပါက ချောင်းဆိုးတာအပြင် တခြား ကျန်းမာရေးရာပြဿနာတွေမဖြစ်အောင် လည်း ကာကွယ်ရာရောက်ပါတယ်။
♥ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်) ♥