ရေချိုးရာတွင် ပြင်သင့်သော အကျင့်ကလေးများ

ရေချိုးတာက တစ်ကိုယ်ရေသန့်ရှင်း ရေးအတွက် ကောင်းမွန်တဲ့အလေ့အ ကျင့်ပါ။ ဒါပေမဲ့ တချို့တွေမှာ ပြင်သင့် တဲ့အကျင့်လေးတွေ ရှိနေတတ်ပါတယ်။

ရေပူပူ ချိုးခြင်း
တချို့တွေက ရေပူနဲ့ ရေချိုးတာကို နှစ်သက်လေ့ရှိပါတယ်။ ဒီလိုချိုးပြီးတဲ့အ ခါ လန်းဆန်းသွားပြီး အရေပြားပေါ်က ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှား နိုင်တယ်လို့ ယုံကြည်ပါတယ်။ တကယ် တော့ ရေပူနဲ့ အချိန်ကြာကြာ ရေချိုးတာ ကြောင့် အရေပြားရဲ့ အကာအကွယ်ပေး ထားတဲ့ အလွှာကိုထိခိုက်စေပါတယ်။ အရေပြား ခြောက်သွေ့တာ၊ ယားယံတာ တွေကို ဖြစ်စေပါတယ်။ ဒီထက်ပိုဆိုးရင် တော့ ဆိုရီယေးစစ်ဖြစ်စေနိုင်ပါတယ်။

ပြုပြင်ပါ
သင်က ရေပူပူနဲ့မှ ရေချိုးတတ် တယ်ဆိုရင်တော့ ပူတာလေးလျော့ပြီး ခပ်နွေးနွေးရေနဲ့ ချိုးပေးပါ။

ရေမြှုပ်ဖြင့် ကြေးချွတ်ခြင်း
ရေချိုးခန်းထဲမှာ ထားတဲ့ ရေမြှပ် ဖတ်က အမြဲတမ်းစိုစွတ်နေတာကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး တွယ် ကပ်နေပါတယ်။ အဲဒီရေမြှုပ်ဖတ်နဲ့ ခန္ဓာ ကိုယ် အရေပြားကို ပွတ်တိုက်တဲ့အခါ ဘက်တီးရီးယားပိုးတွေ အရေပြားပေါ် ရောက်လာစေပါတယ်။

ပြုပြင်ပါ
ရေမြှုပ်ဖတ်နဲ့မှ ပွတ်တိုက်တတ်သူ တွေအနေနဲ့ မကြာခဏ အသစ်လဲလှယ် ပေးပါ။ မလဲလှယ်ခင်မှာ ခြောက်သွေ့ အောင် ထားပါ။

အမြဲတမ်း ကြေးချွတ်နေခြင်း
အရေပြားပေါ်မှာ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ စုပုံနေတာကြောင့် အသားအရေညိုညစ်ပြီး ချွေးပေါက်တွေ ကို ပိတ်စေပါတယ်။ ဒါပေမဲ့ အမြဲတမ်း ကြေးချွတ်နေတာကြောင့် အရေပြား ခြောက်သွေ့ပြီး ယားယံမှုတွေ ဖြစ်လာစေ ပါတယ်။

ပြုပြင်ပါ
တစ်ပတ် နှစ်ကြိမ်သာ ကြေးချွတ် သန့်စင်ပေးပါ။

အမွှေးနံ့ပါသော ဆပ်ပြာသုံးခြင်း
ဆပ်ပြာရဲ့မွှေးရနံ့ကြောင့် စိတ်ကို လန်းဆန်းစေတယ်ဆိုပေမယ့် အရေပြား နဲ့ ဓာတ်မတည့်မှုဖြစ်ပြီး အသားအရေ ခြောက်သွေ့စေပါတယ်။

ပြုပြင်ပါ
အမွှေးနံ့မပါတဲ့ဆပ်ပြာတွေ အသုံး ပြုနိုင်ပါတယ်။

နေ့စဉ် ခေါင်းလျှော်ခြင်း
နေ့စဉ်ရေချိုးသင့်ပေမယ့် နေ့တိုင်း ခေါင်းလျှော်ဖို့ မလိုပါဘူး။ ဦးရေပြားပေါ် က အဆီတွေ ဖယ်ရှားလိုက်တာကြောင့် ဦးရေပြား ခြောက်သွေ့တာ၊ ယားယံတာ နဲ့ အဖတ်လန်တာတွေ ဖြစ်စေပါတယ်။

ပြုပြင်ပါ
တစ်ယောက်နဲ့တစ်ယောက် ခေါင်း လျှော်တဲ့အကြိမ်ရေ တူချင်မှတူပါလိမ့် မယ်။ တစ်ပတ်ကို ၂-၃ ကြိမ်လောက် လျှော်ရင် လုံလောက်ပါတယ်။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.