ဘာကြောင့် ဦးရေပြားယားယံနေလဲ၊ ဘယ်လိုသက်သာအောင် လုပ်မလဲ

ဦးရေပြားယားယံတယ်လို့ စာလိုရေးပေမယ့် ကျွန်မတို့ အများစုက ခေါင်း ယားတယ်လို့ ပြောတတ်ကြပါတယ်။ ခေါင်းယားတာက လူရှေ့မရှောင် သူရှေ့ မရှောင်ကုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာကြောင့် ခေါင်းယားနေတာလဲ၊ သက် သာအောင် ဘယ်လိုလုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး ရေးသားလိုက်ပါတယ်။

ယားယံစေသောအကြောင်းရင်း

ဦးရေပြားပေါ်က အဆီတွေ ခြောက်ခန်းသွားတဲ့အခါ ဦးရေပြား ယားယံတာကို ဖြစ်စေပါတယ်။ ဦးရေ ပြားမှာ ဗောက်တွေ ရှိနေတာကလည်း ဦးရေပြားယားယံတာကို ဖြစ်စေပါ တယ်။ ခြောက်သွေ့တဲ့ဦးရေပြားရော အဆီပြန်တဲ့ ဦးရေပြားမှာပါ ဗောက်ထ နိုင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ လေ အေးပေးစက်တပ်ဆင်ထားတဲ့ အခန်း ထဲမှာ အနေများတာကြောင့် ဦးရေပြား ခြောက်သွေ့တာ၊ ဆံပင်အလှပြင်ပစ္စည်း တွေကြောင့် ဦးရေပြားမွေးညင်းအိတ် ပိတ်ဆို့တာ စတာတွေက ဦးရေပြား ယားယံမှုကို ဖြစ်စေပါတယ်။

ပျောက်ကင်းစေသော နည်းလမ်းများ
မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါနဲ့ ဦးရေပြားပေါ်က ဗောက်တွေနဲ့ ကပ်တင်နေတဲ့ ဆံပင် အလှပြင်ပစ္စည်းတွေကို ဖယ်ရှားနိုင်ပါ တယ်။ ဆံပင်အနှံ့ကို ကြိုက်နှစ်သက်ရာ ဆီတစ်မျိုးမျိုးနဲ့ လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ မုန့်ဖုတ်ဆော်ဒါကို ရေနဲ့ ရောဖျော်ပြီး ဆံသားအနှံ့ ထပ်လိမ်းကာ ညင်သာစွာ ဆက်လက်နှိပ်နယ်ပေးပါ။ ၁၀ မိနစ်လောက်ထားပြီးမှ ရေနဲ့ သန့်စင် ဆေးကြောပါ။ ပြီးနောက် လျှော်နေကျ ခေါင်း လျှော်ရည်နဲ့ လျှော်ပေးပါ။

သံပရာရည်

သံပရာသီးကို ထပ်ခြမ်းခြမ်း ပြီး အရည်ညှစ်ကာ ဦးရေ ပြား အနှံ့လိမ်းပါ။ နာရီဝက် လောက်ညင်သာစွာ နှိပ် နယ်ပေးပြီးမှ ရေနဲ့သန့် စင်ဆေးကြောပါ။ ဦး ရေပြားယားယံမှုကို ပျောက်ကင်းစေတဲ့ အပြင် ဆံသား တောက်ပြောင် လှပစေပါတယ်။

လက်ဖက်ဆီ

လက်ဖက်ဆီမှာ မှိုပိုးသတ်အာနိ သင် ရှိပါတယ်။ လက်ဖက်ဆီအနည်းငယ် ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီနဲ့ ရောပြီး ဦးရေပြားပေါ် လိမ်းပေးပါက ဦးရေပြား အစိုဓာတ်ကို ထိန်းပေးပြီး ပိုးမွှားတွေ ပေါက်ပွားမှု မရှိအောင် ကာ ကွယ်ပေးပါတယ်။ တစ်ပတ်နှစ်ကြိမ် ခေါင်းမလျှော်ခင် ဦးရေပြားအနှံ့ လိမ်း ပေးပါ။

ထောပတ်သီးနှင့် ငှက်ပျောသီး

ထောပတ်သီးနဲ့ ငှက်ပျောသီးတွေ မှာ ဦးရေပြား အစိုဓာတ်ကို ထိန်းပေးနိုင် တဲ့ အာနိသင်တွေ ရှိကြပါတယ်။ ထော ပတ်သီးနဲ့ ငှက်ပျောသီးကို ဆတူရောပြီး ဦးရေပြားအနှံ့ လိမ်းပေးပါ။ နာရီဝက် လောက် ထားပြီးမှ ရေနဲ့သန့်စင်ဆေး ကြောပါ။ ဦးရေပြား ခြောက်သွေ့မှု မဖြစ် အောင် အစိုဓာတ်ကို ထိန်းထားပေးလို့ ယားယံမှုမှ ကင်းဝေးစေပါတယ်။

ပန်းသီးရှလကာရည်
ပန်းသီးရှလကာရည်က ဆံသားကို တောက်ပြောင်လှပစေတဲ့အပြင် ဦးရေ ပြား အစိုဓာတ်ကိုလည်း ထိန်းပေးပါ တယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ပန်းသီးရှ လကာရည်ကို စပရေးဘူးထဲ ထည့်ဖျန်း ပေးပါ။ ဦးရေပြားကို ညင်သာစွာ နှိပ်နယ် ပြီး ၁၀ မိနစ်နေမှ ရေနဲ့သန့်စင်ဆေး ကြောပေးပါ။

ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ် အတွင်းသား ဂျယ်လီက ရောင်ရမ်းမှုတွေကိုလျော့နည်း စေပြီး ဦးရေပြား အစိုဓာတ်ထိန်းပေးပါ တယ်။ ရှားစောင်းလက်ပပ်အတွင်းသား ဂျယ်လီကို ဦးရေပြားပေါ် တိုက်ရိုက်လိမ်း ပေးပြီး ၁၀ မိနစ်လောက် ညင်သာစွာ နှိပ် နယ်ပေးပါ။ ပြီးနောက် ရှမ်ပူအပျော့စားနဲ့ ခေါင်းလျှော်ပါ။ အပတ်တိုင်း ပြုလုပ်ပေး ပါက ဦးရေပြားကို အားဖြည့်ပေးပြီး ယားယံတာကို ပျောက်ကင်းစေပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *