အသက် ၅၀ ကျော်လာရင် ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှုများ

အသက် ၅၀ ကျော်လာရင် သက်ကြီးကျန်းမာရေးအတွက် ဂရုစိုက်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်အောင် ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်တာကြောင့် သင့်မှာရှိနေတဲ့ရောဂါတွေက ဆိုးဆိုးရွားရွားမဖြစ်ခင် ကြိုတင်သိရှိကာ စောစောကုသမှု ခံယူနိုင်တဲ့အတွက် ပျောက်ကင်းနိုင်နှုန်း များပြားနိုင်ပါတယ်။ ဒါ့ပြင် မိမိရဲ့ ဘဝနေထိုင်မှုပုံစံကိုလည်း ကျန်းမာရေးနဲ့ညီညွတ်မှုရှိအောင် ပြုပြင်ပြောင်းလဲ ကျင့်သုံးရတော့မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်နဲ့ အရက်သောက်တာ၊ ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ အစားအစာ စားသုံးတာနဲ့ ကိုယ်လက်လှုပ်ရှားမှု အားနည်းတာတွေက ကင်ဆာ၊ ဆီးချို၊ အဝလွန်နဲ့ နှလုံးသွေးကြောရောဂါတွေလိုမျိုး နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများပြားတာနဲ့ ဆက်စပ်မှုရှိတဲ့အတွက် ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အောက်ပါတို့က အသက် ၅၀ ကျော်သူတွေ ပုံမှန်ပြုလုပ်သင့်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ဖြစ်ကြပါတယ်။ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း အသက် […]

သင်ကိုယ်တိုင်တောင် မသိလိုက်ဘဲ မျက်လုံးထိခိုက်စေတဲ့ အချက်တွေ

သင့်ဘဝနေထိုင်မှုတွေထဲမှာ မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အပြုအမူအမှားတွေ ရှိနေတတ်ပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာ သိထားမယ်ဆိုရင် ကြိုတင်ရှောင်ရှားပြီး သင့်မျက်လုံးကို မထိခိုက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နေကာမျက်မှန်ကို သတိထားပါ မျက်မှန်အမည်းတွေက နေရောင်ခြည်ကို ပိုပြီးစုပ်ယူနိုင်တာကြောင့် နေရောင်ခြည်ကို ကာကွယ်နိုင်တဲ့ အရေအသွေးကောင်းမွန်တဲ့ နေကာမျက်မှန်မျိုးမဟုတ်ရင် နေပူထဲမှာ အချိန်ကြာကြာ တပ်မထားသင့်ပါဘူး။ နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်ကို ရာခိုင်နှုန်းဘယ်လောက်အထိ ကာကွယ်ပေးနိုင်သလဲဆိုတဲ့ ပမာဏကသာ အရေးကြီးတာပါ။ နေရောင်ခြည်ဒဏ်ကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးတယ်လို့ စာသားပါတဲ့ နေကာမျက်မှန်အမျိုးအစားကို အသုံးပြုရမှာပါ။ နေရောင်ခြည်ကို အမှန်တကယ် ကာကွယ်ပေးတဲ့မျက်မှန်က တပ်လိုက်ချိန်မှာ သင့်မျက်ဝန်းကို အေးမြနေစေပြီး ရောင်ပြန်တာကိုလည်း လျှော့ချပေးတာကြောင့် နေရောင်ခြည်အောက်မှာ သင့် မျက်လုံးကို သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။ နေကာမျက်မှန်တပ်မယ် ဆိုရင် နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်တွေဖြစ်တဲ့ UVA […]

ဆံပင်ပါးတာကို မသိသာအောင် ဘယ်လိုဖုံးဖိကြမလဲ

ဆံပင်ပုံစံပြောင်းပါ ကလေးမွေးပြီးချိန်မှာ မိခင်တိုင်းလိုလိုဟာ အနည်းနဲ့အများဆိုသလို ဆံပင်ကျွတ်တာကြောင့် သင်ရဲ့ပုံစံက ကြည့်ရဆိုးနေတတ်ပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ သင့်ဆံကေသာကို ပုံစံအသစ်ပြောင်းလိုက်တာက သင့်ကို ကြည့်ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးပွားလာစေပါတယ်။ ဆံပင်ပုံသွင်းပါ ဆံသားထူသယောင်ထင်ရစေဖို့ ဆံပင်ပုံသွင်းပေးဖို့လည်းလိုပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ကွန်ဒီရှင်နာသုံးပါ။ ဆံသားပုံသွင်းတဲ့ Mousse ကို အသုံးပြုပြီး ဆံပင်ပုံသွင်းပေးပါ။ ဒါမှမဟုတ် အလှပြင်ဆိုင်တွေသွားပြီးလည်း ဆံပင်ပုံသွင်းနိုင်ပါတယ်။ ဆံပင်အရောင် တောက်ပြောင်ပါစေ ဆံပင်ရဲ့အရောင်က သင့်မျက်နှာကို သက်ရောက်မှုရှိပါတယ်။ ဆံပင်တွေကျွတ်ပြီး အရောင်ကလည်း မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင် သင့်မျက်နှာ ကလည်း လန်းဆန်းမှုမရှိ၊ အရောင်မထွက်ဘဲ ဖြစ်နေတတ်ပါတယ်။ ဆံသားကို တောင်ပြောင်လှပစေတဲ့ အိမ်တွင်းနည်းလမ်းတွေ အသုံးပြုပါ။ အဆီတစ်မျိုးမျိုးနဲ့ ပေါင်းတင်တာတွေ ပြုလုပ်ပေးပါက တောက်ပြောင်လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဆံပင်ခွဲကြောင်း ပြောင်းပါ အရင်ကခွဲထားတဲ့ […]

ကလေးမွေးပြီးနောက် ဆံပင်ကျွတ်တာ သက်သာအောင် ဘာတွေလုပ်ဖို့လိုလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်တွေ အရင်ကထက်ပိုထူလာပြီး တောက်ပြောင်လှပလာတာကို သတိထားမိကြမှာပါ။ ဒါပေမဲ့ ကလေးမွေးပြီးချိန်မှာတော့ အဲဒီလိုမဟုတ်တော့ဘဲ ပုံမှန်ထက် ဆံပင်ပိုကျွတ်လာပါတယ်။ ပုံမှန်အားဖြင့် လူတိုင်းက တစ်နေ့ကို ဆံပင်အချောင်း ၁၀၀ လောက် ကျွတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်း ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဆံပင်မကျွတ်ကြပါဘူး။ အီစထရိုဂျင်ဟော်မုန်းများတာကြောင့် ဆံပင်ရဲ့ ကြီးထွားတဲ့အဆင့်မှာပဲ ရပ်နေလို့ ဆံပင် ကျွတ်တာနည်းပြီး ဆံပင်ထူလာစေပါတယ်။ ဒါပေမဲ့ မွေးပြီးမကြာခင်မှာတော့ အီစထရိုဂျင်ပမာဏ လျော့နည်းသွားတာကြောင့် ဆံပင်တွေက ကြီးထွားတဲ့အဆင့်ကနေ ရပ်တဲ့အဆင့်ကို ဆက်သွားပြီး ကျွတ်တဲ့အဆင့် ရောက်လာတာကြောင့် ကလေးမွေးပြီးတဲ့ မိခင်တွေဆံပင်ကျွတ်ကြတာပါ။ ဆံပင်အကျွတ်များတာက ကလေးမွေးပြီး ခြောက်လကနေ တစ်နှစ်လောက်အထိ ဖြစ်တတ်ပါတယ်။ ဆံပင် ကျွတ်တာ နည်းစေဖို့ဆိုရင်တော့ နေထိုင်မှုပုံစံပြောင်းလဲတာနဲ့ သဘာဝနည်းလမ်းတချို့ကို ပြုလုပ်နိုင်ပါတယ်။ သတိထားရ မှာက ကလေးအသက် […]

မီးဖိုချောင်ထဲက အစားအသောက်တွေနဲ့ ဝေဒနာတွေ ကုစားရအောင်

  ခံစားရတဲ့ တချို့ဝေဒနာတွေက သင့်အိမ်တွင်း မီးဖိုချောင်ထဲကရတဲ့ အစားအသောက်တွေနဲ့ပဲ ဖြေရှင်းလို့ရတာတွေ ရှိပါတယ်။ ဘယ်လို အစားအသောက်တွေကို ဘယ်လိုအသုံးပြုပြီး၊ ဘာတွေဖြေရှင်းလို့ရနိုင်လဲဆိုတာကတော့ အောက်ပါအချက်တွေကိုကြည့်ပြီး လိုက်နာကြရအောင်။ ဒိန်ချဉ် ကုသခြင်း – ဝမ်းချုပ်ခြင်းနှင့် လေပွခြင်း ဒိန်ချဉ်ခွက်တစ်ခွက်စာ ဒါမှမဟုတ် ခွက်တစ်ဝက်စာ စားသုံးတာက ဝမ်းချုပ်တာနဲ့ လေပွတာတွေကို သက်သာစေပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြုဗက်တီးရီး ယားတွေပါဝင်ပြီး အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားတွေကို အားဖြည့်ပေးပါတယ်။ မက်မွန်သီး ကုသခြင်း – ဆီးကျောက်တည်ခြင်း မက်မွန်သီးခြောက်ကနေ အမျှင်ဓာတ်၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ ရရှိနိုင်ပြီး ဆီးထဲမှာ ကျောက်တည်စေတဲ့ သတ္တုဓာတ်တွေ စုပုံတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ တူနာငါး ကုသခြင်း – စိတ်ပိုင်းဆိုင်ရာခံစားမှုများ တူနာငါး ၃ အောင်စကနေ အိုမီဂါ-၃ အဆီ […]

စားလိုက်တဲ့အစားအစာနဲ့ ဓာတ်မတည့်တာ ဖြစ်လာတဲ့အခါ

စားသုံးလိုက်တဲ့ အစားအစာနဲ့ ဓာတ်မတည့်ဖြစ်တာမျိုးကို တွေ့ဖူးမြင်ဖူးကြမှာပါ။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ထုတ်လုပ်တဲ့ ဓာတ်က ပြင်ပကဝင်လာတဲ့ ဓာတ်ကို တုံ့ပြန်တာကြောင့်ပါ။ ဂျုံ၊ မြေ ပဲ၊ ခရုကမာ၊ အသား၊ ပုစွန်၊ သကြား၊ ဂလူတန် စတာတွေနဲ့ ဓာတ်မတည့်တာ အများဆုံးဖြစ်တတ်ပါတယ်။ ဓာတ်မတည့်တာဖြစ်တဲ့အခါ အများဆုံး တွေ့ရတတ်တဲ့ လက္ခဏာရပ်တွေက အနီစက်ထွက်တာ၊ ပျို့အန်တာ၊ ယားယံတာ၊ အသက်ရှူကျပ်တာနဲ့ ဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ အောက်ပါနည်းလမ်းတွေက အစာနဲ့ဓာတ်မတည့်ဖြစ်တတ်သူတွေအတွက် ကုန်ကျမှုသက်သာပြီး လွယ်ကူထိရောက်တဲ့ အိမ်တွင်းနည်းလမ်းတွေပါ။ ငှက်ပျောသီး စားပါ ငှက်ပျောသီးက ဓာတ်မတည့်တာအတွက် အိမ်သုံးဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အစာအိမ်နာတာ၊ အရေပြားမှာ အနီစက်ဖြစ်တာတွေကို ကာကွယ်၊ ကုသပေးနိုင်ပါတယ်။ နေ့စဉ် ငှက်ပျောသီးစားတဲ့အလေ့အကျင့်က အစားအသောက်ကြောင့် ဓာတ်မတည့်တာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ သစ်သီးဖျော်ရည်သောက်ပါ ခန္ဓာကိုယ်က ဓာတ်မတည့်ဖြစ်စေတဲ့အရာတွေကို […]

ကင်ဆာဖြစ်နိုင်ခြေနည်းအောင် မှီဝဲသင့်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ

ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့၊ ဖွံ့ဖြိုးဖို့၊ ပြုပြင်ထိန်းသိမ်းဖို့နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပြင် ကင်ဆာရောဂါအတွက်ပါ ကာကွယ်မှု ပေးနိုင်ကြောင်း သုတေသနတွေမှာ တွေ့ ရှိလာပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေပါက ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဗီတာမင်များ ဗီတာမင် အေ၊ သိုင်ရာမင်း၊ ရိုက်ဗိုဖလေဗင်၊ နိုင်ယာစင်၊ ဗီတာမင်B6၊ ဗီတာ မင်B12၊ ဗီတာမင် C၊ ဗီတာမင်K၊ ဗီတာမင် E၊ ဗီတာမင်D၊ ဖောလစ်အက်စစ်၊ ပန်သိုသဲနစ်အက်စစ်၊ ဘိုင်အိုတင်။ သတ္တုဓာတ်များ ကယ်လ်စီယမ်၊ ခရိုမီယမ်၊ သွပ် ဓာတ်၊ အိုင်အိုဒင်း၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဆီလီနီယမ်၊ ဆိုဒီ […]

ကင်ဆာဖြစ်နိုင်ခြေ နည်းအောင် မှီဝဲသင့်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ

ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့၊ ဖွံ့ဖြိုးဖို့၊ ပြုပြင်ထိန်းသိမ်းဖို့နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လုပ်ငန်းတွေ လုပ်ဆောင်ဖို့အပြင် ကင်ဆာရောဂါအတွက်ပါ ကာကွယ်မှုပေးနိုင်ကြောင်း သုတေသနတွေမှာ တွေ့ရှိလာပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေပါက ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဗီတာမင်များ ဗီတာမင် အေ၊ သိုင်ရာမင်း၊ ရိုက်ဗိုဖ လေဗင်၊ နိုင်ယာစင်၊ ဗီတာမင်B6၊ ဗီတာ မင်B12၊ ဗီတာမင် C၊ ဗီတာမင်K၊ ဗီတာမင် E၊ ဗီတာမင်D၊ ဖောလစ်အက်စစ်၊ ပန်သိုသဲနစ်အက်စစ်၊ ဘိုင်အိုတင်။ သတ္တုဓာတ်များ ကယ်လ်စီယမ်၊ ခရိုမီယမ်၊ သွပ်ဓာတ်၊ အိုင်အိုဒင်း၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဆီလီနီယမ်၊ ဆိုဒီယမ်၊ ဇင့်ဓာတ်။ အင်တီအောက်ဆီးဒင့်နှင့် ကင်ဆာကာ […]

အာခေါင်ယားပြီး ချောင်းဆိုးတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ

တစ်ခါတစ်ရံမှာ အာခေါင်ယားပြီး ချောင်းဆိုးတာမျိုး သင်လည်း ကြုံဖူးမှာပါ။ အာခေါင်ယားတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ပိုဆိုးတာက အိပ် ချိန်မှာ အာခေါင်ယားတဲ့အခါ ချောင်းထဆိုးတာကြောင့် အိပ်ရေးပျက်စေပါတယ်။ ဖြစ်စေသောအကြောင်းရင်းများ အာခေါင်ယားယံရတဲ့ အဓိက အကြောင်းရင်းက အစားအသောက်ကြောင့် ဖြစ်ရတာများပါတယ်။ တချို့လည်း ဓာတ်မတည့်စေတဲ့အရာတွေကြောင့် ဖြစ် တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာကြောင့်လည်း ဖြစ်ရတာများပါတယ်။ ဆားရေနွေးဖြင့် ပလုတ်ကျင်းပါ အာခေါင်ယားယံတာဖြစ်တဲ့အခါ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးပါက သက်သာနိုင်ပါတယ်။ ဆားရေနွေးက ပိုးသတ်အာနိသင်ရှိပြီး နူးညံ့မှုကိုဖြစ်စေ တာကြောင့် အာခေါင်ယားယံတာကို သက်သာစေပါတယ်။ ရေနွေးတစ်ဖန် ခွက်ထဲကို ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်မွှေပြီး ပလုတ်ကျင်းနိုင်ပါတယ်။ ရေခဲရေသောက်ပါ အာခေါင်ယားယံနေတဲ့အခါ ရေခဲ ရေသောက်ပေးတာက ခဏတာ သက် သာစေပါတယ်။ ရေခဲရေသောက်လိုက်တဲ့ အခါ အာခေါင်ယားအောင် […]

အမျိုးသမီးတွေ သွေးဆုံးခါနီးမှာ ဘာတွေ ဖြစ်လာတတ်လဲ

ရေပိုက်ထဲမှာ ရေတွေစီးနေသလိုမျိုး သွေးကြောထဲမှာ စီးနေတဲ့သွေးတွေက သန့်စင်မှုမရှိတော့ရင် တစ်ချိန်ချိန်မှာ ပိတ်ဆို့မှုတွေဖြစ်ပြီး အသက်အန္တရာယ် ကိုတောင် ခြိမ်းခြောက်နိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် ကေ ပြည့်ဝစွာပါဝင်ပြီး သွေးကြောတွေ မာကျောမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ပန်းဂေါ်ဖီစိမ်းထဲမှာပါဝင်တဲ့ ဗီတာ မင်နဲ့ အင်တီအောက်ဆီးဒင့်တွေက မကောင်းတဲ့ကိုလက်စထရောအဆီတွေ ဓာတ်တိုးတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေ ဓာတ်တိုးတာကြောင့် နှလုံးနဲ့ သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစာတွေ စားသုံးတာကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ သွေးဖိအားပုံမှန်ဖြစ်တဲ့အခါ သွေးကြောတွေအပေါ် သက်ရောက်မှု နည်းသွားတာကြောင့် သွေးကြောတွေ ပျက်စီးမှုမှလည်း ကာကွယ်ပေးပါတယ်။ ပင်ပွား မန်ကျည်းဖျော်ရည်၊ ကျောက်ကျော ဖျော်ရည်သောက်တဲ့အခါ ထည့်သောက်တတ်တဲ့ ပင်ပွားက နှလုံးကျန်းမာစေတဲ့ အစာပါ။ အမျှင်ဓာတ်၊ အယ်လ်ဖာလီနို လန်းနစ်အက်စစ်တွေပါဝင်လို့ […]