အနီရောင်အသားနဲ့ ပတ်သက်တဲ့ အယူအဆတချို့

သင်နေ့စဉ်စားသုံးမှုမှာ အသား၊ ငါးနဲ့ဟင်းသီးဟင်းရွက်တွေကို မျှတစုံလင်အောင် စားတာက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ စားသောက်မှုပါ။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်နဲ့ ငါးစားသုံးမှုတွေဟာ ကျန်းမာရေးနဲ့ မညီညွတ် စရာအကြောင်းပြောဖို့ သိပ်မလိုပေမယ့် အသားတွေစားသုံးမှုဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိ၊ မရှိနဲ့ ကျန်းမာရေးညီညွတ်အောင် ဘယ်လိုစားလို့ရမလဲဆိုတာတွေနဲ့ ပတ်သက်ပြီး သင့်အနေနဲ့ သိလိုတဲ့ မေးခွန်းတွေရှိနေမှာပါ။ သင်သိလိုတဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ အနီရောင်အသားတွေစားတာက ကင် ဆာနဲ့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို တိုးစေသလား။ အနီရောင်အသားတွေစားတာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေများတယ်ဆိုတဲ့အချက်က ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနီရောင်အသားတွေမှာ ပြည့်ဝဆီတွေ များစွာပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရောကို မြင့်တက်စေပါတယ်။ သွေးတွင်းမှာ မကောင်းတဲ့ကိုလက်စထရောအဆီတွေ များနေတာက နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို များစေပါတယ်။ ၂။ အနီရောင်အသားတွေစားတာက ကင် ဆာဖြစ်ပွားမှုနဲ့ကော ဆက်စပ်မှုရှိပါသလား။ ကင်ဆာဖြစ်ပွားနိုင်ခြေနဲ့ […]

ခံတွင်းထဲက သတိထားသင့်တဲ့ ပြဿနာတွေ

သွားနဲ့ ခံတွင်းပြဿနာတွေ ခံစားရတဲ့အခါ ဆိုးဆိုးရွားရွား မဟုတ်နိုင်ဘူးဆိုတဲ့ စိတ်အထင်နဲ့ လျစ်လျူရှုမထားသင့်ပါဘူး။ သွားနဲ့ခံတွင်းဆိုင်ရာ တချို့ပြဿနာတွေက ရောဂါလက္ခဏာ သိသိသာ သာပြတဲ့အချိန်မှာ ကုသဖို့အတွက်ဆိုရင် အချိန်နောက်ကျသွားတတ်ပါတယ်။ အောက်ပါဝေဒနာတွေ ခံစားရပါက လျစ်လျူရှုမထားသင့်ဘဲ ဆရာဝန်ထံ သွားရောက်ပြသနိုင်စေဖို့ ရေးသားလိုက်ပါတယ်။ အနာမကျက်ရင် လျှာ၊ ပါးစောင်၊ သွားဖုံး စတာတွေမှာ အနာ၊ အဖုအကျိတ်နဲ့ အဖြူရောင်၊ အနီရောင်အကွက်တွေ တွေ့ခဲ့ရင် ပေါ့ဆမနေသင့်ဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။ ဒီလက္ခဏာတွေက ခံတွင်းကင် ဆာရောဂါရဲ့လက္ခဏာတွေဖြစ်နေနိုင်ပြီး အစောဆုံးသိရှိပါက ကုသပျောက်ကင်း နိုင်ခြေများနိုင်လို့ပါ။ ခံတွင်းမှာ ဘာရောဂါ လက္ခာတွေမှ မရှိခဲ့ဘူးဆိုရင်တောင် ခြောက်လတစ်ကြိမ်လောက် သွားနဲ့ခံတွင်းဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မှန်ကြည့်တိုင်း မျက်နှာတင်မကဘဲ သွားနဲ့ ခံတွင်းကိုပါ စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေ […]

ညဘက်သရေစာ စားတဲ့အကျင့်ကို ဘယ်လိုပြင်မလဲ

ညဘက် စာဖတ်ရင်း၊ တီဗီကြည့် ရင်း၊ အလုပ်တွေလုပ်ရင်းနဲ့ ဗိုက်ဆာလာ တဲ့အခါ သရေစာတွေ စားမိတတ်ကြပါတယ်။ အာလူးကြော်၊ ကွတ်ကီး၊ ပြောင်းဖူးပေါက်ပေါက် စတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တာတွေကို အများဆုံးစားမိတတ် ကြပါတယ်။ စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ လည်း ညဘက်မှာ သရေစာတွေ အများကြီးစားတတ်ကြပါတယ်။ ပိုစားပါ ညဘက်မှာ ကျန်းမာရေးနဲ့မညီတဲ့ သရေစာတွေ မစားမိအောင်ဆိုရင် အစာကို ပိုစားသုံးဖို့ လိုပါတယ်။ တစ်နေကုန် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေ ဖြစ်တဲ့ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စတာတွေကို စားသုံး ထားမယ်ဆိုရင် ညဘက်မှာ သရေစာ စားချင်စိတ် လျော့နည်းသွားနိုင်ပါတယ်။ ဒီ အစားအစာတွေက ဦးနှောက်မှာရှိတဲ့ အစာစားချင်စိတ်ဖြစ်ပေါ်စေတဲ့အပိုင်းကို တည်ငြိမ်စေပြီး ဆာလောင်မှုမရှိအောင် ထိန်းထားနိုင်ပါတယ်။ မနက်စာ၊ နေ့လယ်စာတွေကို […]

ဆေးလိပ်က ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်လဲ

ဆေးလိပ်သောက်တာကြောင့် ခန္ဓာကိုယ်မှာ မထိခိုက်နိုင်တဲ့ အစိတ်အပိုင်းဆိုတာ ခပ်ရှားရှားပါ။ ဘာမှကောင်းကျိုး မပေးနိုင်သလို ငွေကုန်ကြေးကျလည်း များစေပါတယ်။ ဆေးလိပ်သောက်တာကို ဖြတ်လိုက်ရင်တောင် ဆေးလိပ်သောက်ခဲ့တဲ့ အချိန်အတိုင်းအတာပေါ် မူတည်ပြီး ဆိုးကျိုးတွေကို ဆက်ပြီး ခံစားရနိုင်ပါ တယ်။ အောက်ပါ ခန္ဓာကိုယ်အစိတ်အ ပိုင်းကိုးခုက ဆေးလိပ်သောက်တာကြောင့် အဓိက ထိခိုက်နိုင်တဲ့နေရာတွေပါ။ အဆစ်အမျက်များ ဆေးလိပ်သောက်သုံးသူတွေက အ ဆစ်အမျက်တွေ ရောင်ရမ်းနာကျင်စေတဲ့ သွေးလေးဖက်နာ (RA) ဖြစ်နိုင်ခြေ ပိုများပါတယ်။ သွေးလေးဖက်နာ (RA) ရှိသူတွေ ဆေးလိပ်သောက်ပါက ကုသတဲ့ ဆေးဝါးတွေရဲ့ ထိရောက်မှုကို လျော့နည်းစေပါတယ်။ အရေပြား ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် အရေပြား အိုမင်းမှုဖြစ်စဉ် ပိုမိုလျင်မြန်ပါတယ်။ ဆေးလိပ်မသောက်တဲ့ အသက် ၇၀ အရွယ်ရှိသူတစ်ယောက်ရဲ့ အရေပြားက အသက် ၄၀ အရွယ်ရှိသူရဲ့ […]

ဘိုထိုင်အိမ်သာထိုင်ခုံမှ ကူးစက်ခံရနိုင်သော ရောဂါ ၅ မျိုး

ဘိုထိုင်အိမ်သာထိုင်ခုံပေါ်မှာ ရောဂါပိုးမျိုးစုံရှိနေတတ်ပါတယ်။ အဓိကအားဖြင့် ဗက်တီးရီးယား၊ တုပ်ကွေး၊ လည်ချောင်းနာပိုး ( စတရက်ကိုကော့ကပ်စ်) ၊ အီးကိုလိုင် (ဝမ်းပျက်ဝမ်းလျှောပိုး) အသည်းရောင်ပိုး၊ စတက်ဖလိုကော့ကပ်စ်၊ တိုက်ဖွိုက်ပိုး (ဆယ်မိုနယ်လား)၊ ရှိဂဲလားနဲ့ နိုဗိုဗိုင်းရပ်စ်တို့ရှိနေတတ်ကြပါတယ်။ ဘိုထိုင်အိမ်သာထိုင်ခုံရဲ့ တစ်လက်မပတ်လည်တိုင်းမှာ ဗက်တီးရီးယား ၅၀ ကျော် ရှိနိုင်တယ်လို့ သိရပြီး သူ့ကြောင့်ရရှိနိုင်တဲ့ရောဂါတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ ၁ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း မသန့်ရှင်းတဲ့ ဘိုထိုင်အိမ်သာထိုင်ခုံမှတစ်ဆင့် ဆီးလမ်းကြောင်းထဲရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။ ဆီးအိမ်၊ ဆီးထွက်ပြွန်နဲ့ ကျောက်ကပ်အထိတောင် ရောဂါပိုးကူးစက်နိုင်ပါတယ်။ ၂ ။ မိန်းမကိုယ်အတွင်း ဗက်တီးရီးယားပိုး ကူးစက်ခြင်း မိန်းမကိုယ်နေရာမှာ ဗက်တီးရီးယားတွေ အလွန်အမင်းပေါက်ဖွားနေတဲ့အတွက် အဖြူဆင်းပြီး အနံ့နံစော်နိုင်ပါတယ်။ မိန်းမကိုယ်နေရာမှာ အလွန်အမင်း ယားယံ နေတတ်ပြီး ပူစပ်ပူလောင် ခံစားရတတ်ပါတယ်။ ၃ ။ […]

စပျစ်သီးအစေ့ကနေ ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင်လဲ

ကျွန်မတို့တွေ စပျစ်သီးစားတဲ့အခါ အထဲမှာပါတဲ့အစေ့ကို ထွေးထုတ်တတ်ကြပါတယ်။ ဒါပေမဲ့ စပျစ်သီးအစေ့ကို ထွေးမပစ်ဘဲ စားသုံးသင့်တဲ့အချက်တွေ ရှိနေပါတယ်။ စိတ်ကျရောဂါသက်သာစေတယ် ၂၀၁၀ ပြည့်နှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ ဒြပ်ပေါင်းက ဦးနှောက်ထဲက ဆီရိုတိုနင်နဲ့ ဒိုပါမင်းပမာဏကို မြင့်မားစေပါတယ်။ ဒီဓာတ်တွေက စိတ်ကျရောဂါခံစားနေရ သူတွေကို ဆရာဝန်တွေညွှန်းလေ့ရှိပါတယ်။ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်တယ် စပျစ်သီးအစေ့ထဲမှာပါဝင်တဲ့ ဒြပ် ပေါင်းတွေက ခန္ဓာကိုယ်မှာ အဆီတွေ စုပ်ယူမှုနဲ့ သိုလှောင်မှုကို တားဆီးပေးတာကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူ တွေ စပျစ်သီးစားတဲ့အခါ အစေ့ပါ ဝါးစားသင့်ပါတယ်။ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ် ပေးတယ် စပျစ်သီးအစေ့ထဲက ပရိုအန်သိုစိုင် ရာနဒင်နဲ့ တခြားဒြပ်ပေါင်းတွေက ကင်ဆာရောဂါ မဖြစ်ပွားအောင် တားဆီးပေးပါတယ်။ စပျစ်သီးစားသုံးတဲ့အခါ အစေ့ပါ ဝါးစားတာကြောင့် ကင်ဆာဆဲလ်တွေ ကိုသေစေတယ်လို့ တချို့လေ့လာမှုတွေ […]

ဝိတ်ကျအောင် သင့်အိမ်တွင်းမှာ ဘယ်လိုအပြောင်းအလဲတွေ လုပ်ထားသင့်လဲ

သင့်အိမ်ပုံသဏ္ဌာန်နဲ့ အိမ်တွင်းထားသိုမှုတွေက သင့်ခန္ဓာကိုယ်ပုံစံနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာကို သင်သိပါရဲ့လား။ သင့်ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ဆိုရင် သင့်အိမ်တွင်းမှာ အပြောင်းအလဲတွေပြုလုပ်ပြီး ထိန်းသိမ်းနိုင်ပါတယ်။ အိမ်ရဲ့ အလင်းရောင်ရရှိမှု အနေအထား၊ ဂီတနားဆင်မှု၊ အခန်းအပူချိန်၊ အစားအသောက်ထားသိုမှု၊ အခန်းအလှပြင်ဆင်မှုနဲ့ နေရာထားသိုမှုမှန်ကန်တာတွေက သင့်ခန္ဓာကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းသိမ်းနိုင်ပါတယ်။ အောက်ပါနည်းလမ်းတွေက ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူ များစွာဖြစ်စေလို့ သင့်အိမ်တွင်း ပြောင်းလဲမှုတွေကို ဒီနေ့ကစလို့ ပြောင်းလဲပြင်ဆင်လိုက်ပါ။ အလင်းရောင်ကောင်းစွာ ရပါစေ အလင်းရောင်နည်းပြီး မှောင်မည်းနေတဲ့ပတ်ဝန်းကျင်က သင့်ကိုအစာပိုစားစေတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတွေကပြောပါတယ်။ အစား ကို မြန်မြန်စားတာကြောင့် များများစားမိစေတာအပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပါ လျော့နည်းစေပါတယ်။ ဖြေရှင်းနည်း နေ့လယ်နေ့ခင်းဘက်မှာ အလင်းရောင်ကောင်းကောင်းရအောင် ဖွင့်ထားပါ၊ အိမ်တွင်းမှာအလှဆင်မီးတွေနဲ့ လှပအောင်အလှဆင်ပါ၊ အိမ်ဝန်းကျင်မှာရှိတဲ့ မှောင်ရိပ်ကျတဲ့ သစ်ပင်တွေကို ရှင်းလင်းပါ။ အစာစားချိန်မှာ ဂီတဖွင့်ထားပြီးမှ စား […]

လက်ချောင်းလေးတွေ ဘာကြောင့် ရောင်ရမ်းရတာလဲ

လက်ချောင်းတွေ ရောင်ရမ်းပြီး ဝက်အူချောင်းလို၊ ကောက်ညှင်းထုပ်လိုမျိုး တချို့တွေမှာ မကြာခဏ ဖြစ်တာကြုံရတတ်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေ များစွာရှိပါတယ်။ ရာသီဥတု အလွန်ပူခြင်း ရာသီဥတု အလွန်ပူတဲ့အခါ သွေးကြောတွေကိုကျယ်စေပြီး အပူတွေကို အရေပြားကနေတစ်ဆင့်ထုတ်ကာ အေးမြသွားအောင် ခန္ဓာကိုယ်က လုပ်ဆောင် တာဖြစ်တယ်လို့ ချီကာဂိုတက္ကသိုလ် အရိုး၊ အကြောဌာနမှ ပါမောက္ခတစ်ဦးက ပြောပါတယ်။ သွေးကြောတွေကျယ်သွားတဲ့အခါ အရည်တချို့က တစ်သျှူးပျော့ဆီ စိမ့်ထွက်ပြီး ရောင်ရမ်းလာစေတာ ဖြစ်ပါတယ်။ Tips ရာသီဥတုပူတာကြောင့် လက်ချောင်းတွေ ရောင်ရမ်းတာက ပုံမှန်လှုပ်ရှားမှုတွေ လုပ်ဆောင်ရုံနဲ့ ပြန်လည်သက် သာနိုင်ပါတယ်။ ရောင်ရမ်းတာက လက်နဲ့ လက်ချောင်းတွေမှာပဲဖြစ်တယ်၊ ခြေထောက်မပါဘူး၊ နာကျင်တယ်၊ လက်ကဆုပ်ကိုင်ရတာ မမြဲဘူးဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အငန် အစားများခြင်း ဆားပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးပြီးတဲ့အခါတိုင်းမှာ သင့်လက်ချောင်းတွေ ရောင်ရမ်းနေပါသလား။ […]

သားအိမ်ခေါင်းကင်ဆာအကြောင်း တစေ့တစောင်း

သားအိမ်ခေါင်းကင်ဆာက ဖြစ်ပွားမှုများတဲ့ ကင်ဆာတစ်ခုဖြစ်တာကြောင့် မိန်းကလေးတိုင်း သိထားသင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဆိုတာ သားအိမ်ခေါင်းတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ ပွားများလာတဲ့အခြေအနေပါ။ အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို အမျိုးသမီးပေါင်း ၁၂၀၀၀ ကျော်မှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနေတာကို တွေ့ရှိပါတယ်။ သားအိမ်ခေါင်းကင်ဆာက ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားပြီး စောစောသိရှိပါက ကုသပျောက်ကင်းနိုင်ပါတယ်။ ရောဂါလက္ခဏာများ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေ ပုံမှန်မဟုတ်တဲ့ ပွားများမှုတွေ စတင်ဖြစ်ပေါ်လာတဲ့အခါ ကင်ဆာတွေရဲ့သဘောအတိုင်းပဲ ရောဂါလက္ခဏာပြတာမျိုး မရှိတတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ရောဂါနည်းနည်းရင့်လာတဲ့အခါမှာတော့ မိန်းမကိုယ်ကနေ တစ်လတစ်ကြိမ် ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းတာ၊ သွေးဆုံးပြီး အမျိုးသမီးတွေ ရာသီသွေးပြန်ပေါ်တာ၊ ရာသီသွေးဆင်းချိန် ဒါမှမဟုတ် အမျိုးသားနဲ့အတူနေချိန်တွေမှာ အလွန်နာကျင်တာတွေကို ခံစားရနိုင်ပါတယ်။ အများဖြစ်သောအကြောင်း သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကHPV (Human Papi-lloma Virus) ဖြစ်ပြီး လိင်အင်္ဂါတွေကို ကူးစက်နိုင်တဲ့ ပိုးအမျိုးအစားပေါင်း ၄၀ […]

ရင်သားမှ အရည်အိတ် ကိုဖယ်ရှား ပေးနိုင်တဲ့ အစားအစာတွေ

ရင်သားမှာ အကျိတ်မဟုတ်ဘဲ အန္တရာယ်မပေးနိုင်တဲ့ အရည်အိတ်လေး ဖြစ်လာတဲ့အခါ ကုသမှုတွေလုပ်ဖို့လည်း မလိုအပ်သေးဘူးဆိုရင် စားသောက်ပုံတွေကို ပြောင်းလဲကျင့်သုံးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်းက ဟော်မုန်းပမာဏနဲ့ ရာသီစက်ဝန်းအပေါ်မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်တယ်ဆိုပေမယ့် သဘာဝအတိုင်း အစားအသောက်တွေကို စားသောက်နေထိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ဂေါ်ဖီထုပ်အနွယ်ဝင် ဟင်းသီးဟင်းရွက် ဆာလဖာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဓာတ်ပြယ်စေပြီး အန္တရာယ်မပေးတဲ့ ရင်သား အရည်အိတ်ကို ဖယ်ရှားပေးပါတယ်။ အမျိုးသမီးအများစုက ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဂေါ်ဖီပန်းပွင့်၊ မုန်ညင်း၊ မုန်လာထုပ် စတာတွေ စားသုံးတဲ့အခါ ရင်သားအကျိတ်ကြောင့် နာကျင်မှုနဲ့ တင်းတာတွေ လျော့နည်းသက်သာစေတယ်လို့ ပြောဆိုကြပါတယ်။ ဗီတာမင် အေ ကြွယ်ဝတဲ့ အစားအစာ လေ့လာမှုတွေအရ ဗီတာမင် အေ ဖြည့်စွက်သောက်သုံးမယ်ဆိုရင် ရင်သားအရည်အိတ်ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ […]