သဘာဝဆီးဆေးအဖြစ် အသုံးဝင်သော အစားအသောက်များ

ဆီးဆေးဆိုတာဟာ ပါးစပ်က သောက်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ ဆီး တွေပိုမိုထုတ်လုပ်အောင် လှုံ့ဆော်ပေးတဲ့ ဆေးတွေပဲဖြစ်ပါတယ်။ ဒီအခါခန္ဓာကိုယ် မှ ပိုလျှံနေတဲ့ရေတွေကို စွန့်ထုတ်နိုင် သွားပါတယ်။ ခန္ဓာကိုယ်ရဲ့ တစ်သျှူးအ မျိုးမျိုးမှာ အရည်တွေ စုမိနေတာကြောင့် ဖောရောင်နေတဲ့အခါမှာ ဆီးဆေးတွေကို အသုံးပြုရပါတယ်။ ဒါ့အပြင် ဆီးဆေးဟာ သွေးတိုးလူနာတွေအတွက် ကုသနည်း တစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီးဆေးတွေ ရဲ့ လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ရေတွေကို စွန့်ထုတ်နိုင်သွားပါ တယ်။ ခန္ဓာကိုယ်ရဲ့ တစ်သျှူးအမျိုးမျိုးမှာ အရည်တွေစုမိနေတာကြောင့် ဖောရောင် နေတဲ့အခါမှာ ဆီးဆေးတွေကို အသုံးပြု ရပါတယ်။ ဒါ့အပြင် ဆီးဆေးဟာ သွေးတိုး လူနာတွေအတွက် ကုသနည်းတစ်မျိုး လည်း ဖြစ်ပါတယ်။ ဆီးဆေးတွေရဲ့ လုပ် ဆောင်မှုကြောင့် ခန္ဓာကိုယ်ထဲက ပိုလျှံ […]

ပခုံးကပ်ခြင်းအတွက် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ

ပခုံးအဆစ်ထိခိုက်ဒဏ်ရာ ရရှိထားတာ ဒါမှမဟုတ် ပခုံးအဆစ်ထဲက အရွတ်၊ အရည်အိတ် ရောင်ရမ်းတာကြောင့် ပခုံးအဆစ်ကတောင့်နေပြီး နာကျင် ကာ ပခုံးဆစ်ရွေ့လျားရခက်ခဲတာကို ပခုံးကပ်တယ်လို့ ခေါ်ပြီး လူတွေအားလုံးရဲ့ ၂-၅ % မှာ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ၁-၃ နှစ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။ အဖြစ်အများဆုံးက အသက် ၅၆ နှစ် အရွယ်မှာပါ။ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ အဖြေကခုထိ တိတိကျကျ မသိရသေးပါ။ ဆီးချိုရောဂါရှိသူတွေ ပခုံးကပ်နိုင်ခြေက ၁၀-၂၀% ရှိပါတယ်။ ပခုံးကပ်တာကို အဆင့် ၃ ဆင့်ခွဲထားပါတယ်။ အဆင့် (၁) – Freezing နားနေစဉ်မှာ ပခုံးနာနေတာပါ။ ပခုံးကို အလွန်အမင်း ရွေ့လျားမှုလုပ်ရင် စူးရှစွာ နာကျင်ပါ တယ်။ များသောအားဖြင့် ၂-၉ လခန့်ကြာတတ်ပါတယ်။ အဆင့် […]

တညင်းသီးနှင့် ကျန်းမာရေး

ဇီဝကတို့လို ပြည်သူလူထုတွေနဲ့ ရှေ့ဆုံးက ထိတွေ့နေရတဲ့ အထွေထွေရောဂါကု ဆရာဝန်တွေအတွက် ကွာရန် တင်းဝင်ရမယ့် သတ်မှတ်ချက်က ရေရေ ရာရာမသိတဲ့အတွက် ဇီဝကတစ်ယောက် လည်း တော်ရုံ လူနာသစ်တွေမကြည့်ဖြစ် တော့ဘဲ လူနာဟောင်းတွေအတွက် Tele-consultation နဲ့ ကုသမှုပေးဖို့ ဗီဒီယို call ခေါ်နိုင်တဲ့ ဆေးခန်းဖုန်းနံပါတ်တွေပေး ထားပြီး ကုသနေတာတောင် ရက်သတ္တ ပတ် အတော်ကြာခဲ့ပြီ။ တစ်နေ့ ဆီးချိုသွေး ချိုလူနာတစ်ယောက်အိမ်မှ ဖုန်းခေါ်လာ တယ်။ ဒေါ်ပြုံးသန်း ။ ။ ဆရာရေ ဒီနေ့ ရက် ချိန်းမို့ ခေါ်လိုက်တာပါ။ ဇီဝက ။ ။ ဆီးချိုဖောက်ထားတာ ကောင်းရဲ့လား ဒေါ်ပြုံးသန်း။ ဒေါ်ပြုံးသန်း ။ ။ ကောင်းပါတယ်ဆ ရာ။ မစားခင် မနက်စောစော […]

အဆီလောင်ကျွမ်းစေရန် အိမ်တွင် ပြုလုပ်နိုင်သော ယောဂ (ဆွဲဆန့် ) လေ့ကျင့်ခန်းများ

•• ဝိတ်ချနိုင်ဖို့အတွက် အေရိုးဗစ်လိုမျိုး နှလုံးခုန်နှုန်းမြန်လာမယ့် လေ့ကျင့်ခန်းတွေကို ပြုလုပ်မှသာ ထိရောက်မှုရှိနိုင်တယ်လို့ အများစုက ထင်မှတ်ထားကြပါတယ်။ ခန္ဓာကိုယ်ကို ပျော့ပျောင်းမှုရှိစေတဲ့ လေ့ကျင့်ခန်းတွေကလည်း ဇီဝရုပ်ဖြစ်စဉ် ကောင်းမွန်တာ၊ သွေးလှည့် ပတ်မှုကောင်းမွန်တာနဲ့ ကြွက်သားတည်ဆောက်မှု ကောင်းမွန်တာတွေ ဖြစ်စေပြီး ဝိတ်ကျဖို့ ကူညီနိုင်ပါတယ်။ •• ဆွဲဆန့်လေ့ကျင့်ခန်းနဲ့ တချို့ယောဂကျင့်စဉ်တွေကို ပုံမှန်ပြုလုပ်ပေးရင် အဆီလောင်ကျွမ်းနိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။ •• ဝိတ်ကျဖို့ ဘာကြောင့် ဒီလေ့ကျင့်ခန်းတွေက ထိရောက်မှု ရှိပါသလဲ •• ♦ ကယ်လိုရီ လောင်ကျွမ်းနိုင်လို့ပါ အေရိုးဗစ်လေ့ကျင့်ခန်းကို ပြုလုပ်သလောက် ကယ်လိုရီလောင်ကျွမ်းမှု မများနိုင်ပေမယ့် ဒီအ တိုင်း ထိုင်နေတာထက်စာရင် ကယ်လိုရီ အများကြီး ပိုလောင်ကျွမ်းနိုင်ပါတယ်။ ♦ ဇီဝရုပ်ဖြစ်စဉ် ကောင်းမွန်နိုင်လို့ပါ ယောဂ pose အများစုက အစာခြေစနစ် ညီ […]

ဗီယာဂရာ အစားထိုး အစားအစာများ

မကြာခင်က ပြုလုပ်ထားတဲ့ လေ့လာမှုတွေအရ အမျိုးသား ၅ ယောက်မှာ တစ် ယောက်နှုန်းက ပန်းညှိုးတဲ့ပြဿနာဖြစ်ကြတဲ့အတွက် ဗီယာဂရာကို အသုံးပြုကြတယ် လို့ သိရပါတယ်။ ဒီဆေးဝါးက အမျိုးသားတွေမြုံတာနဲ့ ပန်းသေပန်းညှိုးရောဂါအတွက် အသုံးဝင်တာကြောင့်လို့ဆိုပါတယ်။ ဗီယာဂရာက လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကောင်းမွန်တာကြောင့် လိင်အင်္ဂါ ထောင်မတ်နိုင်ပြီး ထောင်မတ်ချိန်လည်း ပိုပြီးတာရှည်နိုင်ပါတယ်။ ဗီယာဂရာလိုမျိုးပြုမူနိုင်တဲ့ အောက်ဖော်ပြပါအစားအစာတွေလည်းရှိတာမို့ ဆေး အစားထိုးအသုံးပြုနိုင်ပါတယ်။ တရုတ်နံနံပင် အနံ့သင်းပြီးရေလိုမျိုးအရသာရှိပေမယ့် သူ့မှာပါဝင်တဲ့ အာဂျီနင်းကြောင့် ဗီယာ ဂရာဆေးဝါးလိုမျိုး သွေးကြောတွေကျယ်ပြန့်နိုင်ပါတယ်။ သူ့မှာပါရှိတဲ့ စတီးရွိုက် နှစ် မျိုးက ကိုယ်ရနံ့သင်းပျံ့စေတဲ့အတွက် တခြားသူကိုဆွဲဆောင်မှုပိုမိုရှိနိုင်ပါတယ်။ ဖရဲသီး ချိုပီးအရည်ရွှမ်းတဲ့ဖရဲသီးမှာ ပါဝင်တဲ့ စီတလျူလင်းက နိုက်ထရစ်အောက်ဆိုဒ် ထွက်ပေါ်လာအောင် ကူညီတာကြောင့် ပန်းညှိုးတာ လျော့ကျသွားနိုင်ပါတယ်။ အိပ် ရာမဝင်ခင် ဖရဲသီးဖျော်ရည်သောက်ပါ။ ချောကလက် ချောကလက်က […]

သင့်လက်နှင့် လက်ချောင်းများအတွက် လေ့ကျင့်ခန်းများ

♦ အသက်ကြီးလာတဲ့အခါမှာ လက်ရဲ့ သန်မာအားတွေလျော့ကျလာပါတယ်။ အဆစ်ရောင်ရောဂါရှိသူတွေမှာလည်း လက်ဆစ်တွေက နာကျင်နေတတ်တာကြောင့် လက်ရဲ့ ရွေ့လျားနိုင်မှုနဲ့ လက်သန်မာမှုတွေလျော့ကျသွားတတ်ပါတယ်။ ဒါ့အပြင် အခုလိုခေတ်အခြေအနေအရ ကွန်ပျူတာနဲ့ အလုပ်လုပ်ရတာနဲ့ ဖုန်းတစ်ချိန်လုံး အသုံးပြုတာတွေကြောင့် သင့်လက်နာတာ၊ လက်ချောင်းလေးတွေကိုက်ခဲတာ၊ ထုံကျဉ်တာတွေကို မလွဲမသွေ ခံစားရကြပါလိမ့်မယ်။ ဒီပြဿနာတွေအတွက် – ♦ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းတွေက လက်နဲ့ လက်ချောင်းတွေကို အားဖြည့်သန်မာနိုင်စေတာမို့ နာကျင်မှုသက်သာနိုင်ပါတယ်။ လက်သီးဆု်ပလေ့ကျင့်ခန်း ♦ လက်နဲ့လက်ချောင်းတွေကို သန်မာစေပြီး ရွေ့လျားမှုပိုမိုကောင်းမွန်စေကာ နာကျင်တာတွေ သက်သာသွားနိုင်ပါတယ်။ လက်သီးဆုပ်ပါ။ လက်ထဲမှာ တင်းကျပ်သလိုဖြစ်တဲ့အထိ ပြုလုပ်ရပါမယ်။ #ပြုလုပ်နည်း ♦ ပုံမှာပြထားတဲ့အတိုင်း လက်သီးဆုပ်ပါ။ သင့်လက်မက ကျန်လက်ချောင်းတွေကို ဖိထားရပါမယ်။ ♦ စက္ကန့် ၃၀-၆၀ ခန့်ထားပြီး လက်သီးဖြည်ကာ လက်ချောင်းတွေကို ကားဆန့်လိုက်ပါ။ […]

သားမြတ်ကင်ဆာကို တွန်းလှန်နိုင်မည့် အားဖြည့်ဆေးဝါးများ

မှန်ကန်တဲ့ အားဖြည့်ဆေးဝါးကို မှီဝဲနိုင်ရင် သားမြတ်ကင်ဆာကို ကာကွယ်နိုင်တဲ့အပြင် တခြားရောဂါတွေအတွက်ပါ အကျိုးရှိနိုင်တာကြောင့် အောက်ပါတို့ကို ဖတ်ကြည့်ပါ။ ၁။ သင့်မိသားစုဝင်ထဲမှာ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်သူရှိရင် မယ်လတိုနင် မှီဝဲပါ အိပ်စက်မှုကို ကောင်းမွန်စေတဲ့ မယ်လတိုနင်ကို ညအိပ်ရာဝင်ခါနီး နေ့စဉ် သုံးမီလီဂရမ် မှီဝဲတာက သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၃၁ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ သက်ကြီးရွယ်အိုကျန်းမာရေးဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ မယ်လတိုနင်ဟာ ဆဲလ်ကြီးထွားမှုကို ထိန်းချုပ်ပေးနိုင်ပြီး ပုံမှန်မဟုတ်တဲ့ သားမြတ်ဆဲလ်တွေ ဖြစ်ပေါ်မှုကို ရပ်တန့်ပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီပမာဏမယ်လတိုနင်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်တဲ့အတွက် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ ၂။ သူငယ်ပြန်နိုင်ခြေကိုပါ လျှော့ချနိုင်အောင် နနွင်းမှီဝဲပါ နနွင်းဟာ သွေးထဲကို ရောက်ရှိသွားတာနဲ့ […]

ဇက်ကြောတက်တတ်သူများအတွက် သက်သာနိုင်မည့် နည်းလမ်းများ

♥ တင်းနစ်ဘောလုံးဖြင့် နှိပ်နည်း ♦ ပြုလုပ်နည်း ☺ လက်တစ်ဖက်နဲ့ တင်းနစ်ဘောလုံးကို ဆုပ်ကိုင်ပြီး အောက်ခြေဇက်ကြောနေရာမှ စတင်ကာ အပေါ်အောက်၊ ဘေးတစ်ဖက်တစ်ချက် သို့ ပုံမှာပြထားတဲ့အတိုင်း နှိပ်ပေးပါ။ ☺ တင်းနေတဲ့နေရာတွေမှာ စက္ကန့် ၂၀-၃၀ ခန့် ဖိအား ပိုပေးထားပါ။ ပြီးမှ ဖိအားပြန်လျှော့ပြီး ဘောလုံးကို ဆက်လှိမ့်ပေးပါ။ ♦ အကျိုးကျေးဇူး တင်းနစ်ဘောလုံးဟာ ဇက်ကကြွက်သားကို ဖိအားပေးနိုင်တာကြောင့် သင့်ဇက်တင်းမာပြီး တောင့်တင်းနေတာတွေ သက်သာသွားကာ အရင်လိုမျိုး ဇက်လှုပ်ရှားမှု ပြန်လည်ရရှိနိုင်ပါတယ်။ ♥ ခန္ဓာကိုယ်ကို လေးပုံစံကွေးခြင်း ♦ ပြုလုပ်နည်း ☺ မှောက်လျက်အိပ်ပြီး လက်နှစ်ဖက်ကို ဘေး မှာကပ်ထားပါ။ ☺ သင့်ခြေဖနောင့်က တင်ပါးနားရောက်အောင် ဒူးခေါင်းကိုကွေးပါ။ ☺ သင့်လက်နှစ်ဖက်နဲ့ ခြေချင်းဝတ်တွေကို […]

ဆီးချိုကြောင့်နောက်ဆက်တွဲရောဂါတွေ ရှိသော်လည်း သက်တမ်းမတိုအောင်

♦ ဆီးချိုသွေးချိုရောဂါကြောင့် ကိုယ့်မှာ နောက်ဆက်တွဲရောဂါတွေ ရှိနေပြီလား ဆိုတာကို သိအောင် ဘယ်လိုလုပ်သင့်ပါ သလဲဆရာ။ ဆီးချိုသွေးချိုရောဂါတွေ မဖြစ် အောင် ကြိုတင်ကာကွယ်မယ်၊ ဆီးချို ရောဂါဖြစ်လာပြီဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင် ကြိုတင်ကာ ကွယ်မယ်၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်ဆိုရင် ဆီးချိုသွေးချိုကို နိုင် အောင်ထိန်းမယ်၊ သွေးတိုးကို နိုင်အောင် ထိန်းမယ်၊ သွေးတွင်းအဆီဓာတ်ကို နိုင်အောင် ထိန်းမယ်၊ နောက်တစ်ချက် ထပ်ဖြည့်ပြောချင်တာက ကိုယ့်မှာ နောက် ဆက်တွဲဆိုးကျိုးတွေ ရှိပြီလားဆိုတာကို အရင်စစ်ဆေးဖို့ လိုပါလိမ့်မယ်။ တချို့က ကိုယ့်မှာ ဆီးချိုသွေးချို ရောဂါရှိတယ်၊ ဆရာဝန်ဆီသွားတယ်၊ ဆေးသောက်တယ်။ လူကလည်း နေ ကောင်းနေတော့ စစ်ဆေးမှုတွေကို စစ် ချင်မှလည်း စစ်မယ်၊ မစစ်ချင်လည်း မစစ်ဘူး။ […]

ဝိတ်မကျမှာ စိတ်မပူပါနဲ့

ဝတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင် တဲ့သူက ပိန်ချင်မယ်၊ ပိန်လွန်းတယ်လို့ ထင်တဲ့သူက ဝချင်မယ်။ အဓိကကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေး ချိန်ရှိနေဖို့ပါ။ ဒါကို BMI (Body Mass Index) နဲ့ ကြည့်ပါ။BMI နဲ့ကြည့်ပြီး အလေးချိန် နည်းနည်းလျော့လို့ရသေး လား၊ ဘယ်လောက်ထိ အလေးချိန် တက်လို့ရသေးလဲ ဆုံးဖြတ်ပါ။ ကျန်းမာ တဲ့ Limit ဘောင်အတွင်းမှာပဲ ရှိနေပါ စေ။ အစွန်းနှစ်ဖက် မကျော်ဖို့ အရေး ကြီးပါတယ်၊ ဒါဆို ကျန်းမာရေးကောင်း ပြီး ခန္ဓာကိုယ်အလှလည်း ထိန်းနိုင်ပါ မယ်။ ဒီအချက်ကို အရင်သိထားပြီးရင် လက်တွေ့ဘဝမှာ ဝိတ်ကျဖို့ကြိုးစားခဲ့ပြီး အောင်မြင်ခဲ့သူတွေရဲ့ အကြံဉာဏ်တွေ ကို အောက်မှာ ဆက်လက်ဖော်ပြထားပါ တယ်။ – ရေမကြာခဏသောက်ပါ […]