Permanent Makeup Tattoo ထိုးမယ်ဆိုရင်

ယနေ့ခေတ်မှာ အပေါ်ယံ အရေပြားပေါ်မှာ မိတ်ကပ်လိမ်းခြယ်တာတွေအပြင် ပြုပြင် ခွဲစိတ်တာတွေကိုလည်း တွင်တွင် ကျယ်ကျယ်လုပ်ဆောင်လာကြပါတယ်။ အလှအပဆိုင်ရာ နည်းလမ်းအသွယ်သွယ်ထဲကမှ တက်တူးမိတ်ကပ်တွေအကြောင်း သိထားသင့်တာတွေကို ရေးပေးလိုက်ပါတယ်။

တက်တူးမိတ်ကပ်ဆိုတာ

တက်တူးမိတ်ကပ်ဆိုတာ သေးငယ်တဲ့ ရောင်ခြယ်မင်တွေကို အပ်နဲ့ အရေပြားရဲ့ အပေါ်ယံလွှာကို ဖောက်ပြီး ဒုတိယ အလွှာ ဒါးမစ်စ် (Dermis) ထဲကို ထိုးသွင်း ပေးရတာ ဖြစ်ပါတယ်။ သူတို့ဟာ တက်တူးထိုးသလိုမျိုးပါပဲ။ သတိထားသင့်တာကတော့ FDA က အရေပြားထဲ ထိုးသွင်းတဲ့ တက်တူးရောင်ခြယ်မင်တွေကို တရားဝင် လက်ခံအတည်ပြုထားတာ မရှိသေးပါဘူး။

တက်တူးမိတ်ကပ် လုပ်ဖို့ စဉ်းစားထားရင် ဒါတွေကိုသိထားသင့်ပါတယ် . . .

♥ သင်လုပ်ချင်တဲ့ တက်တူးမိတ်ကပ်ကို မလုပ်ခင်မှာ ဝါရင့်ကျွမ်းကျင်တဲ့ အရေပြား ဆရာဝန်တွေနဲ့ အရင် တိုင်ပင်ပါ။

♥ အသားထဲ ထိုးသွင်းမယ့် တက်တူးရောင်ခြယ်မင် အမျိုးအစား၊ စနစ်တကျ သိုလှောင်ထားတာရှိ မရှိ လေ့လာပါ။ တက်တူးမိတ်ကပ် ထိုးဖူးသူ လူအများတွင် အန္တရာယ်မပေးတဲ့ ဆေးမျိုးဖြစ်ဖို့ လိုပါတယ်။

♥ ကိုယ်လုပ်ထားတဲ့ တက်တူးမိတ်ကပ်က တစ်ချိန်ချိန်မှာ ခေတ်ရေစီးကြောင်းနဲ့ မကိုက်ညီတော့တာမျိုး ဖြစ်လာနိုင်တာကို လည်း ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။

♥ တက်တူးမင်ဖြစ်တာကြောင့် အလွယ်တကူ ပြန်ဖျက်လို့ မရပါဘူး။ ဒီနေ့ခေတ်မှာ လေဆာနဲ့ ပြန်ဖျက်လို့ ရပေမယ့် တစ်ကြိမ်တည်းနဲ့ ဖျက်နိုင်တာ ရှားပါတယ်။ အကြိမ်များစွာ လေဆာနဲ့ ပစ်ရမှာပါ။ နဂိုအသားအရေအတိုင်း ပြန်ရဖို့ကလည်း အာမခံချက် မရှိပါဘူး။

♥ တက်တူးရောင်ခြယ်မင်က အရေပြားနဲ့ ဓာတ်မတည့်တာ၊ ရောင်ရမ်းတာ၊ အသားနုမြင်းထွက်တာ စတာတွေ ဖြစ်တတ်ပါတယ်။

♥ MRI ဓာတ်မှန် ရိုက်တဲ့အခါ တက်တူးရောင်ခြယ်မင် ထိုးထားတဲ့ နေရာတွေက ရောင်ရမ်းတာနဲ့ အပူလောင်တာမျိုး ဖြစ်ဖူးတဲ့သူတွေ ရှိတာမို့ ဓာတ်မှန်ပညာရှင်ကို သင် တက်တူးရောင်ခြယ်မင် ထိုးထားတယ်ဆိုရင် ကြိုတင် အသိပေးသင့်ပါတယ်။

Darliko 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *