ကျွေးတာကို ငြင်းရင် ဘယ်လိုကိုင်တွယ်မလဲ ကလေးတွေကို အစားကျွေးရတာ တကယ်မလွယ်ပါဘူး။ ကြေးများတဲ့ကလေးတွေဆို ပိုဆိုးပါတယ်။ မကျွေးလို့ကလည်းမရ။ ကြီးထွားဖွံ့ဖြိုးတဲ့အရွယ်မှာ လိုအပ်တဲ့အစာအာဟာရ လုံလုံလောက်လောက်ရပါမှ ကလေးဟာ ကျန်းမာသန်စွမ်းပြီး အရပ်အမောင်းရော၊ ကိုယ်လုံးကိုယ်ထည်ပါ ရှိသင့်တဲ့ အနေထားရမှာဖြစ်ပါတယ်။ အဲဒီတော့ သူတို့မစားချင်တိုင်း မကျွေးဘဲနေလို့မဖြစ်ပါဘူး။ ကလေးတွေကို ထမင်းကျွေးတော့မယ်၊ တစ်ခုခုကျွေးတော့မယ်ဆိုရင် သူတို့စားချင်လောက်မှာကို သူတို့ကိုယ်တိုင်ရွေးခိုင်းပါ။ ဘယ်လိုပုံစံစားချင်လဲ၊ ထမင်းဟင်းထည့်တာ၊ နယ်တာ၊ အသုတ်သုတ်တာ စတဲ့ ပြင်ဆင်နေချိန်မှာ သူတို့ပါ ပါဝင်ပြင်ဆင်ရတာကို ပျော်ကြပါတယ်။ ဒါမှလည်း စားဖို့ တက်ကြွနေကြမှာပါ။ ကလေးက မစားချင်လို့ငြင်းတဲ့အခါ အတင်းအကျပ်မစားခိုင်းဘဲ ချော့ပြောတာက ပိုကောင်းပါတယ်။ ကလေးတွေက အသစ်အဆန်းတစ်ခုခုကို စစားကြည့်ဖို့ ကြောက်ကြတယ်။ မရဲကြဘူး။ ဒါကို Neophobia လို့ခေါ်တယ်။ သူတို့မကြိုက်ဘူးဆိုပြီး အဲဒီအစားစာကို ရှောင်ကျွေးတာမျိုး၊ […]
Tag: ဒေါက်တာစိမ့်
“ဘီပိုး၊ စီပိုး၊ HIV ပိုးရှိတဲ့သူရဲ့သွေးနဲ့ ထိတွေ့မိရင် – ဒေါက်တာစိမ့်”
ဒီရက်ပိုင်း ကျမကို ကျန်းမာရေးနဲ့ပတ်သက်ပြီး မေးမြန်းအကူညီတောင်းကြတဲ့ထဲမှာ တူညီတဲ့ အကြောင်းအရာတစ်ခုကိုပဲ သုံးယောက်လောက် လာမေးတာကို ကြုံရပါတယ်။ လာမေးတဲ့သူတွေကတော့ အခြေနေအမှန်ကို သိနားလည်သွားကြပေမယ့် မေးရကောင်းမှန်းမသိတဲ့သူတွေ၊ မမေးဖြစ်တဲ့သူတွေဟာ မှားယွင်းတဲ့အယူအဆတွေနဲ့ လမ်းလွဲသွားမှာ စိုးမိပါတယ်။ ဒါနဲ့ပဲ ကျမ ဒီဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။ အကြောင်းအရာကိုသိရအောင် မေးခွန်းလေးတွေကို ဖတ်ကြည့်ရအောင်။ ၁။ ကျနော် ART ဆေးအကြောင်းကို google မှာရှာပါတယ်။ ပြီးတော့ facebook မှာရိုက်ကြည့်တော့ ဆရာမရေးထားတဲ့စာ ဖတ်ရပါတယ်။ ကျနော် အခုအဲ့ဆေးသုံးဖို့ လိုအပ်နေပါတယ်။ ရန်ကုန်ဆေးရုံကြီးကိုသွားမေးကြည့်တော့ ဝေဘာဂီဆေးရုံမှာအရင်သွားပြပါတဲ့။ မနက်ဖြန်သွားပီး ဆွေးနွေးပါမယ်။ ဒါပေမယ့် ဆယ်သိန်းလောက်ရှိနိုင်တယ်လဲပြောတယ်။ အတုအစစ်တွေလဲရှိနိုင်တယ်ပြောပါတယ်။ မနက်ဖြန်ဒီစာကိုတွေရင့် ဆရာမတုန်းက ဘယ်ကနေ ဆေးဝယ်တယ်ဆိုတာဖြေထားပေးပါခင်ဗျာ့ ။ ကျေးဇူးတင်ပါတယ်။ ၂။ အမရေ တခုလောက်မေးချင်လို့ပါ။ မနေ့ည […]
“သွေးအားနည်းစေတဲ့ရောဂါများ – ဒေါက်တာစိမ့်”
သွေးအားနည်းစေတဲ့ အကြောင်းရင်းတွေထဲမှာ သွေးနီဥထုတ်တာနည်းတာ၊ ဆုံးရှုံးမှုများတာတွေကြောင့် အပြင် လူသိနည်းတာတစ်ခုကတော့သွေးနီဥတွေကို ခနာကိုယ်တွင်းမှာပဲ ပြန်ဖျတ်ဆီးမိတာကြောင့်ဖြစ်ပါတယ်။ ပြင်ပကအကြောင်းရင်းတစ်ခုခုကြောင့် ဖျတ်ဆီးတာဖြစ်နိုင်သလို ကိုယ့်ကိုယ်တွင်းက အခြေနေတွေကြောင့် ဖျတ်ဆီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြင်ပကအကြောင်းရင်းလို့ဆိုတဲ့နေရာမှာ ပုံမှန်အနေနဲ့ကတော့ ဘေလုံးဟာ သက်တမ်းကြာနေတဲ့ သွေးနီဥအဟောင်းတွေကို ဖျတ်ပစ်လေ့ရှိပေမယ့် ဘေလုံးရောင်တာ၊ ရောဂါတစ်ခုခုဖြစ်တဲ့အခါတွေမှာ ပုံမှန်ဖျတ်နေကျ ထက်ပိုပြီး သွေးနီဥတွေကို ဖျတ်ဆီးပစ်ပါတယ်။ ဒီအခါမှာ သွေးအားနည်းရောဂါဖြစ်ကြပါတယ်။ တချို့တွေမှာကျတော့ မွေးရာပါသွေးရောဂါတစ်ခုခုမျိုးဖြစ်နေတဲ့အတွက် သွေးနီဥတွေ ထုတ်လုပ်တဲ့အခါမှာ ကျန်းမာကောင်းမွန်တဲ့ သွေးနီဥမျိုး မထုတ်နိုင်ပါဘူး။ ဒီလို ပုံပန်းမကျတဲ့ သွေးနီဥတွေကို ကျွန်မတို့ခနာကိုယ်က လက်မခံဘဲ ပယ်ဖျတ်ပစ်တာကြောင့် ဘေလုံးက ဖျတ်ဆီးပေးရပြန်ပါတယ်။ ဒါကို Hemolytic Anaemia လို့ခေါ်ပြီး ကိုယ်ခံအားတွေ မကောင်းတာကြောင့်ရော ပြင်ပက ရောဂါပိုးတွေ၊ ဆေးဝါးတွေကြောင့်ပါ ဖြစ်တတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ […]
“ညစာနောက်ကျတာဟာ ဝိတ်တက်စေသလား – ဒေါက်တာစိမ့်”
အလုပ်အကိုင်တွေ၊ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ စားသောက်ချိန်တွေလည်း ပြောင်းလဲလာပါတယ်။ အထူးသဖြင့် တစ်ခုထက်ပိုတဲ့ အလုပ်တွေလုပ်ရင်း၊ သွားလာလှုပ်ရှားရင်း အချိန်တွေကြန့်ကြာလာတာတွေကြောင့် ညစာစားချိန်တွေနောက်ကျလာကြပါတယ်။ ညစာစားတာဟာ ဝစေတယ်၊ ဗိုက်ပူခါးတုတ်စေတယ်ဆိုတဲ့ အယူအဆတွေရှိနေတော့ တကယ်ပဲ ညစာစားတာဟာ အဆီတက်စေပါသလား။ တကယ်ကတော့ ဘယ်အချိန်ပဲစားစား ကယ်လိုရီက ကယ်လိုရီပါပဲ။ ဇီဝရုပ်ဖြစ်ပျက်မှုတွေ၊ အဆီသို လှောင်မှုပုံစံတွေက စားသောက်တဲ့အချိန်နဲ့ သက်ဆိုင်မှုမရှိပါဘူး။ အရင်တုန်းက လေ့လာမှုတွေလုပ်တဲ့အခါ ညစာနောက်ကျမှစားတဲ့သူတွေဟာ စောစောစီးစီးစားတဲ့သူတွေထက် ဝိတ်တက်နိုင်ခြေပိုများတာကို တွေ့ရပါ တယ်။ ပြီးတော့ BMI လည်းပိုများနေပါတယ်။ အထူးသဖြင့် ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်းစားတဲ့သူ တွေမှာ ပိုတွေ့ရပါတယ်။ အမှန်က ဝိတ်တက်တယ်ဆိုတာ ကိုယ်သုံးနိုင်တာထက်ပိုစားမိလို့ပဲဖြစ်ပါတယ်။ အာဟာရဆိုင်ရာပညာရှင်တွေနဲ့ သုတေသီတွေပြောကြားချက်အရဆိုရင် ညစာနောက်ကျတာနဲ့ ဝိတ်တက်တာ ဆက်စပ်မှုရှိတယ်ဆိုပေမယ့် အဓိကအကြောင်းရင်းလို့တော့ […]