နှစ်သစ်ကူးညမှာ Hangover မရစေဖို့

နှစ်သစ်ကူးညမှာ လူအတော်များများ အပျော်လွန်တတ်ကြပါတယ်။ နှစ်ကူးတဲ့ အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲ ရွှင်ပွဲတွေကလည်း မြို့အနှံ့မှာ စည်စည်ကားကား ကျင်းပကြတာ မဟုတ်လား။ နှစ်ကူးမှာ အယ်လ်ကိုဟောကို ဆေးဖြစ် ဝါးဖြစ် သောက်ရင်း များသွားခဲ့ရင် Hangover ခေါ် အရက်နာကျ ဖြစ်နိုင်ပါတယ်။ ဒါကို သက်သာစေဖို့ သိထားသင့်တဲ့ အချက်တွေကို စောစောစီးစီး ဖော်ပြပေးလိုက်ပါတယ်။ အယ်လ်ကိုဟောဆိုတာ – အီသနော ဒြပ်ပေါင်းပါဝင်တဲ့ အရည်တွေကို အယ်လ်ကိုဟော (ခေါ်) အရက်လို့ ခေါ်ပါတယ်။ အယ်လ်ကိုဟောကို အခြေခံအားဖြင့် တဆေးနဲ့ သကြားကနေ ကစော်ဖောက်ပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။ သကြားအမျိုးအစားကိုလိုက်ပြီး အယ်လ်ကိုဟောအမျိုးအစားတွေလည်း ကွဲပြားသွားတာ ဖြစ်ပါတယ်။ ဥပမာ – ဘီယာထုတ်ဖို့ဆိုရင် သူ့မှာသုံးတာက ဘာလီသကြားမျိုး ဖြစ်ပြီး ဝိုင်နီ၊ ဝိုင်ဖြူထုတ်ဖို့ဆိုရင် […]