အိပ်ရာစောစောထသည့်အမျိုးသမီးများ စိတ်ကျဝေဒနာဖြစ်နိုင်ခြေနည်းပါး

နံနက်စောစောအိပ်ရာထတဲ့အမျိုးသမီးတွေက အိပ်ရာထ နောက်ကျတတ်တဲ့ အမျိုးသမီးတွေထက် စိတ်ကျဝေဒနာဖြစ်နိုင် ခြေပိုပြီးနည်းပါးတယ်လို့ လေ့လာမှုအသစ်အရသိရပါတယ်။ ကော်လိုရာဒိုတက္ကသိုလ်၊ ဘရစ်ဂမ်နဲ့ဘော့စတွန်အမျိုးသမီး ဆေးရုံတို့ရဲ့ သိပ္ပံပညာရှင်တွေက အသက် ၅၅ နှစ်အရွယ်တန်း အမျိုးသမီး ၃၂၀၀၀ ဦးနဲ့ အမျိုးသမီးတွေရဲ့စိတ်ကျန်းမာရေး ဆိုင်ရာ လေ့လာမှုကို ပြုလုပ်ခဲ့ရာမှာ အိပ်ရာစောစောထတဲ့ အ မျိုးသမီးတွေက နောက်ကျမှထတဲ့ အမျိုးသမီးတွေထက် ပိုပြီး စိတ်ကျဝေဒနာဖြစ်နိုင်ခြေပိုနည်းတာကို လေ့လာတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ နံနက်စောစောထပြီး နေအလင်းရောင်ကို ပိုပြီးအ ချိန်ပေးမြင်တွေ့ခံစားရသူအမျိုးသမီးတွေက နိုးကြားဖျတ်လတ် တဲ့အပြင် ကျန်းမာရေးဆိုင်ရာပြဿနာတွေလည်းအဖြစ်နည်းတာကြောင့် တော်ရုံနဲ့နာမကျန်းမဖြစ်လွယ်ကြဘူးလို့ လေ့လာ မှုမှာ ဆိုပါတယ်။ ညဘက်နောက်ကျမှအိပ်ရာဝင်ပြီး မနက် နောက်ကျ မှအိပ်ရာထတဲ့အမျိုးသမီးတွေမှာတော့ အိမ်ထောင် ပြုလိုစိတ်လည်း နည်းပါးလာပြီး မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ လည်း အတူအချိန်ကုန်ဆုံးချိန်နည်းပါးပြီး တစ်ကိုယ်ရေနေထိုင် ချိန်ပို များလာသလို အိပ်စက်မှုပုံစံမှာလည်း အနှောင့်အယှက်ဖြစ် လာစေပြီး စိတ်ကျဝေဒနာကို အလွယ်တကူခံစားနိုင်ခြေရှိတာကို လေ့လာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

◘ (DM, 21.6.18)သံသာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *