အနီရောင်အသားမှာပါဝင်တဲ့ဓာတ် မတည့်မှုကိုဖြစ်စေတဲ့ပစ္စည်းတစ်မျိုးက နှလုံးရောဂါနဲ့ဆက်စပ်မှုရှိနေတယ်လို့ အ မေရိကန်သုတေသနတစ်ရပ်မှာ ဖော်ပြခဲ့ ပါတယ်။ အနီရောင်အသားမှာပါတဲ့ပြည့်ဝ ဆီပမာဏမြင့်မားမှုကြောင့် နှလုံးသွေး လွှတ်ကြောတွေထဲမှာ ချိုးကပ်လာစေနိုင် တယ်ဆိုတာ သိရှိထားပြီးသားဖြစ်ပေမယ့် အခုအခါမှသာ ပထမဆုံးအကြိမ်အဖြစ် အနီရောင်အသားထဲကဓာတ်မတည့်တဲ့ ပစ္စည်းတစ်မျိုးကြောင့် လူတချို့မှာ နှလုံး ရောဂါဖြစ်နိုင်ခြေမြင့်မားနေတာကို တွေ့ ရှိခဲ့ကြတာဖြစ်ပါတယ်။ အစားအသောက် ဓာတ်မတည့်ခြင်းဖြစ်ပေါ်တဲ့အခါ လေ လမ်းကြောင်းတွေတင်းကျပ်ပြီး သွေး ပေါင်ချိန်က အန္တရာယ်ရှိလောက်တဲ့အထိ ကျသွားတတ်ပါတယ်။ အမဲသား၊ ၀က် သား၊ သိုးသားနဲ့တခြားအနီရောင်အသား တွေမှာ galactose-a-1၊ 3-galactose သို့မဟုတ် alpha-gal လို့ခေါ်တဲ့သကြား မော်လီကျူးတစ်ခုကြောင့် ဓာတ်မတည့် ခြင်းဖြစ်ပေါ်တတ်ပါတယ်။ တခြားအစား အသောက်ဓာတ်မတည့်ခြင်းတွေနဲ့မတူ ဘဲ အနီရောင်အသားနဲ့ဓာတ်မတည့်မှု ကြောင့်ဖြစ်ပေါ်လာတဲ့တုံ့ပြန်မှုက ၃ နာရီ ကနေ ၆ နာရီအထိကြာမြင့်တတ်ပါတယ်။ ဒါ့အပြင် အနီရောင်အသားထဲက alpha-gal ကြောင့် နှလုံးသွေးလွှတ်ကြောတွေ မှာဖြစ်ပေါ်လာတဲ့ချိုးကပ်ခြင်းက ၃၀ ရာခိုင် နှုန်းပိုမိုများပြားတာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတာဖြစ်တယ် လို့သိရပါတယ်။
◘ (AP, 21.6.18) အေးယုနိုင်