ကိုလံဘီယာတွင် ချစ်သူနှင့်ငါးနာရီကြာအတူနေခဲ့သည့်အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွား

ကိုလံဘီယာနိုင်ငံမှ အသက် ၃၂ နှစ်အရွယ်အမျိုးသမီးတစ်ဦး ဟာ ချစ်သူနဲ့ငါးနာရီကြာအောင်အတူနေပြီးတဲ့နောက် ရုတ်တရက် နှလုံးရပ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အချိန်ကြာမြင့်စွာအတူ နေနိုင်ဖို့ ဆေးဝါးတွေသုံးစွဲခဲ့ကြပြီးတော့ ငါးနာရီကြာဆက်တိုက်အတူ နေခဲ့ပြီးတဲ့နောက် အမျိုးသမီးက နေလို့မကောင်းဘူးလို့ပြောပြီး သတိ လစ်သွားခဲ့တာဖြစ်ပါတယ်။ အတူနေချစ်သူက ဆေးရုံကိုအရေးပေါ် ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရောက်တဲ့အချိန်မှာ လူနာအမျိုးသမီးက အသက်မရှိတော့ပါဘူး။ ဒေသခံရဲစခန်းက စုံစမ်းစစ်ဆေးမှုတွေ လုပ် ဆောင်နေသလို ဆေးရုံအာဏာပိုင်တွေကလည်း အမျိုးသမီးဟာ အတူ နေစဉ်မှာသုံးစွဲခဲ့တဲ့ဆေးတွေကြောင့်သေဆုံးခဲ့ခြင်းဟုတ်မဟုတ်ကို စစ် ဆေးမှုတွေလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
(AP,21.3.19) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *