ဆယ်ကျော်သက်မှာအကြောပြတ်တာ ကင်းဝေးဖို့ …

ဆယ်ကျော်သက်အရွယ်ဆိုတာ ခန္ဓာကိုယ်ဖွံ့ ဖြိုးမှုနှုန်း အရမ်းမြန်နေတဲ့အချိန် ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနှုန်းကို ကျော်လွန်ပြီး အရေပြားကျုံ့တာ၊ ဆန့်တာလွန်တဲ့အခါ Sအမငနေ လို့ ခေါ်တဲ့ အကြော ပြတ်ရာတွေ ဖြစ်တတ်ပါတယ်။ ကိုယ်လက်လှုပ် ရှားအားကစားအပြင်းအထန်လုပ်သူတွေ၊ အလေး တုံးတွေနဲ့ ကစားသူတွေမှာလည်း တွေ့ရတတ်ပါ တယ်။ များသောအားဖြင့် ဆယ်ကျော်သက်တွေရဲ့ လက်မောင်း၊ ရင်ဘတ်၊ ပေါင်၊ ဒူးခေါင်း၊ တင်ပါး တွေမှာ အကြောပြတ်တာ တွေ့ရများပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ အကြောပြတ် တာမဖြစ်အောင် ကာကွယ်နိုင်တဲ့နည်းလမ်းတွေက တော့ –
– အရေပြားကိုမခြောက်သွေ့စေဖို့၊ ကျုံ့နိုင် ဆန့်နိုင်အားကောင်းဖို့ အဆီဓာတ်လိမ်းပေး ပါ။ အရေပြားက အဆီကို စုပ်ယူနိုင်ပါတယ်။ နေ့တိုင်း ညအိပ်ခါနီး ရေချိုးပြီး လိမ်းအိပ်ပါ။ ဆောင်းတွင်းဘက်တွေဆိုရင် မနက်တစ် ကြိမ်၊ ညတစ်ကြိမ်လိမ်းပေးဖို့ လိုပါတယ်။

– ကိုယ်လက်လှုပ်ရှားအားကစားကို အပြင်းအ ထန်မဟုတ်ဘဲ ပုံမှန်လုပ်ပေးပါ။ ဒါက ကြွက် သားတွေ၊ အရိုးတွေ သန်မာစေပြီး အရေပြား ရဲ့ကျုံ့နိုင်၊ ဆန့်နိုင်အားကိုလည်း လေ့ကျင့် ပြီးသား ဖြစ်သွားပါမယ်။

– ရေများများသောက်ပါ၊ ခန္ဓာကိုယ်တွင်း မှာ လည်း ရေဓာတ်ပြည့်ဝနေမှ အကြောပြတ် တာမဖြစ်အောင်ကာကွယ်နိုင်မှာပါ။ တစ်နေ့ ကို ရေခြောက်ခွက်ကနေ ရှစ် ဖန်ခွက် ပုံမှန် သောက်ပါ။

– ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ စားပါ။ အထူးသဖြင့် ဗီတာမင်အေနဲ့ စီ ကြွယ်ဝတဲ့ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ မက်မွန်သီး၊ မုန် လာဥ၊ ဟင်းနုနယ်စားပါ။ နွားနို့သောက်ပါ။ ဒီ စားစရာတွေက ခန္ဓာကိုယ်တွင်း ကိုလာဂျင်နဲ့ အီလက်စတင် ထုတ်လုပ်မှုကို ကောင်းစေပြီး အကြောပြတ်တာတွေ ကင်းဝေးစေမှာပါ။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.