အနည်းဆုံးတစ်ပတ်ကိုတစ်ကြိမ်လောက် အစားအ သောက်ထဲမှာ သံလွင်ဆီထည့်သုံးပေးတာက သွေးလွှတ်ကြော မှာ သွေးခဲနိုင်ခြေကိုလျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ သံ လွင်ဆီက သွေးကလာပ်စည်းတွေကို သွေးမခဲခြင်းဖြစ်စေတဲ့ သက်ဝင်လှုပ်ရှားမှုမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ NYU School of Medicine ရဲ့သုတေသီအဖွဲ့က ဆိုခဲ့ ကြပါတယ်။ ကလာပ်စည်းတွေက အတူတကွစုစည်းနေတဲ့ သွေး ဆဲလ်အပိုင်းအစတွေဖြစ်ပြီးတော့ ဒီကလာပ်စည်းတွေ သက် ဝင်လှုပ်ရှားတဲ့အခါ သွေးခဲစေတတ်ပါတယ်။ လေဖြတ်တာနဲ့ နှလုံးရောဂါဖြစ်စေတဲ့ Atherosclerosis အခြေအနေမှာ သွေး လွှတ်ကြောကိုပိတ်ဆို့စေတဲ့ချေးတွေစုပုံလာတတ်ပါတယ်။ တစ်ပတ်ကိုတစ်ကြိမ်လောက် အစားအသောက်ထဲမှာ သံ လွင်ဆီထည့်စားပေးမယ်ဆိုရင်တော့ လုံးဝမစားတဲ့သူတွေထက် သွေးကလာပ်စည်းစုပုံမှုပမာဏပိုနည်းစေနိုင်တယ်လို့ သိရပါ တယ်။
(AP,14.3.19) အေးယုနိုင်
