တစ်လခန့်သကြားရှောင်လိုက်ရုံဖြင့်ခန္ဓာကိုယ်အတွင်းကောင်းမွန်လာနိုင်မည့်ပြောင်းလဲမှုများ

သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေက စွမ်းအင်ရရှိဖို့အတွက် အဓိကအရင်းမြစ် တွေ ဖြစ်ပါတယ်။ အဝလွန်သူတွေအနေ နဲ့ ကိုယ်အလေးချိန်ကျဆင်းဖို့ရာ သကြား ကို လုံးဝဖြတ်တောက်နိုင်ဖို့ လိုအပ်ပါ တယ်။ သကြားဆိုတဲ့နေရာမှာ ရေခဲမုန့်၊ သကြားလုံး၊ ချောကလက်၊ Soft drink တွေအပြင် ပေါင်မုန့်၊ ကိတ်မုန့် အစရှိတဲ့ ဂျုံနဲ့ပြုလုပ်ထားတဲ့အစားအစာ၊ ထမင်း လိုမျိုး ဆန်နဲ့ ပြုလုပ်ထားတဲ့အစားအစာ တွေနဲ့ အာလူးလိုမျိုး ကစီဓာတ်များတဲ့ အစားအစာတွေလည်း ပါဝင်ပါတယ်။

အဲဒီအစာတွေကို ဖြတ်ခါစရက်ပိုင်း အတွင်းမှာ အတော်လေးအခက်အခဲ ဖြစ်နိုင်ပါတယ်။ ခေါင်းမူးတာ၊ မောပန်း တာ၊ အားမရှိသလို ခန္ဓာကိုယ် မလှုပ်ချင် လောက်အောင် ပင်ပန်းနွမ်းနယ်နိုင်ပါ တယ်။ တစ်ပတ်လောက်ကြာတဲ့အခါမှာ တော့ သင့်ခန္ဓာကိုယ်က အစားအစာအ သစ်တွေကို လက်ခံလာနိုင်ပါပြီ။ အဲဒီအစားအစာတွေကို တစ်လ လောက်ရှောင်လိုက်တာနဲ့ ခန္ဓာကိုယ်အ တွင်း အောက်ပါကောင်းမွန်တဲ့ပြောင်းလဲ မှုတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းသွားခြင်း

သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေက ကိုယ်အလေးချိန်မြင့်တက်နိုင်တဲ့အစား အစာတွေမို့ အဲဒီအစားအစာတွေကို မစားဘဲနေလိုက်တာနဲ့ သင်ရဲ့ ဘောင်း ဘီတွေ၊ စကတ်တွေက ချောင်ကျသွားပါ လိမ့်မယ်။ သင့်ခါးအတိုင်းအတာကလည်း တစ်ပတ်အတွင်းမှာ အလွန်သေးသွယ် သွားနိုင်ပါတယ်။ ဒီလိုစားသုံးတဲ့နည်း လမ်းက တခြားနည်းလမ်းတွေထက် ကိုယ်အလေးချိန် ကျဆင်းနှုန်းမြန်ဆန် နိုင်ပါတယ်။

အရသာခံစားမှုကောင်းမွန်လာနိုင်ခြင်း

တစ်ပတ်လောက် သကြားနဲ့ ကစီ ဓာတ်တွေကို ရှောင်ရှားလိုက်တာနဲ့ သင် စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်တွေက ပိုမိုပြီးအရသာရှိလာတယ်လို့ သတိထား မိနိုင်ပါတယ်။ လေ့လာမှုအများအပြားအ ရ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ကို ဆက် တိုက်စားသုံးတာက အရသာခံအာရုံတွေ ရဲ့ စွမ်းအားတွေ လျော့ကျသွားနိုင်တာ ကြောင့်လို့ ဆိုပါတယ်။

ဉာဏ်ရည်ထက်မြက်လာခြင်း

သကြားရှောင်လိုက်တာနဲ့ ရောဂါ မျိုးစုံအတွက် ခုခံနိုင်အားတွေ ပိုမိုတိုး တက်လာပါတယ်။ ခန္ဓာကိုယ်က ပေါ့ပါး သွားပြီး အာရုံစူးစိုက်မှုလည်း ပိုမိုကောင်း မွန်လာပါတယ်။ အာရုံစူးစိုက်မှုကောင်း မွန်တဲ့အတွက် အရာအားလုံးအတွက် လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်လာ ပြီး ဖန်တီးနိုင်စွမ်းတွေ၊ ထုတ်လုပ်နိုင်စွမ်း တွေ ပိုမိုမြင့်တက်လာနိုင်ပါတယ်။

စွမ်းအင်ပိုမိုကောင်းမွန်လာခြင်း

သင်ဟာ သကြားနဲ့ ကာဗိုဟိုက်ဒ ရိတ်ကို ရှောင်နေစဉ်အတွင်း သင်ရဲ့ သူ ငယ်ချင်းတွေက သင့်အနားမှာ ဘာဂါတို့၊ ပီဇာတို့ စားနေရင် သင့်အနေနဲ့ စားချင် စိတ်တွေပေါ်ပေါက်လာပေမယ့် သကြား ဖြတ်ပြီး သုံးပတ်အကြာမှာတော့ အဲဒီအ စားအစာတွေကို မစားရမနေနိုင်မဖြစ် တော့ပါဘူး။

ဗိုက်ပြည့်အင့်နေသကဲ့သို့ မခံစားရခြင်း
အစာတွေကို အများကြီးစားမိတဲ့ အခါမှာ လေပွတာ၊ ဗိုက်အောင့်တာ၊ အ စာမကြေတာ၊ လေနာတာလိုမျိုး ဝေဒနာ တွေ ခံစားရနိုင်ပါတယ်။ သကြားရှောင် ပြီး တစ်လအကြာမှာတော့ အစာအများ ကြီးစားမိပေမယ့် ဗိုက်ပြည့်အင့်နေသလို မျိုး မခံစားရတော့ပါဘူး။

သကြားနဲ့ ကာဗိုဟိုက်ဒရိတ်မပါဝင် တဲ့အစားအစာတွေကို အမြဲတမ်းတော့ မစားသုံးသင့်ပါဘူး။ အဲဒီအစာတွေက ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့်ပါ။ သင့်ခန္ဓာကိုယ်ရဲ့ ကယ်လိုရီလိုအပ်ချက် ပေါ်မှာ မူတည်ပြီး ရံဖန်ရံခါ စားသုံးသင့် ပါတယ်။
အဲဒီအစာတွေကို ဖြတ်လိုက်ခါစမှာ မူးဝေအားနည်းတဲ့ဒဏ်ကို ခံနိုင်ရည်ရှိဖို့ တော့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝဖို့အတွက် ရေများများ သောက်ပေးရပါမယ်။ ပင်ပန်းတဲ့အလုပ် တွေ၊ အလေးအပင် မçရတဲ့ အလုပ်တွေ ကိုတော့ ရှောင်ရှားသင့်ပါတယ်။ ကျွန်မတို့တစ်တွေက ငယ်စဉ်က လေးဘ၀ကတည်းကစပြီး ကာဗိုဟိုက်ဒ ရိတ်အစားအစာတွေကို စားသုံးခဲ့ရတာမို့ ဒီအစားအစာတွေကို ရှောင်ကြဉ်နိုင်ဖို့ ကတော့ အခက်အခဲရှိနိုင်ပါလိမ့်မယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published.