ဒီနွေမှာ ရေသောက်မနည်းစေဖို့ ဂရုစိုက်ပါ…

လူ့ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးရဲ့ အဓိက လုပ်ငန်းဆောင် တာတွေကို ကောင်းစွာလည်ပတ်နိုင်ဖို့ ရေဓာတ်လိုအပ်ပါတယ်။ ချွေးထွက်တာ၊ ငိုတာ၊ အပေါ့၊ အလေးသွားတာတွေက နေ ရေဓာတ်တွေကုန်ဆုံးပါတယ်။ ကုန် ဆုံးသွားတဲ့ရေဓာတ်ထက် ထပ်ဖြည့်တဲ့ ရေဓာတ်ကနည်းနေရင် ရေဓာတ်ခန်း ခြောက်တာဖြစ်ပြီး အားအင်မရှိ၊ နုံးချည့် တာ၊ ခေါင်းမူးတာ၊ အသားအရေခြောက် တာ၊ နှုတ်ခမ်းကွဲတာ၊ ဆီးသွားနည်းတာ၊ ဆီးအရောင်ရင့်တာ၊ စိတ်တိုလွယ်တာ တွေဖြစ်လာစေပါတယ်။
ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တွေ၊ တစ် သျှူးတွေ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း အားလုံးဟာရေဓာတ်လိုအပ်ပါတယ်။ ရေ က ခန္ဓာကိုယ်တွင်း အဆိပ်တွေကို ဖယ် ရှားပေးတယ်၊ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန် အတိုင်းဖြစ်အောင် ထိန်းညှိပေးနိုင် တယ်၊ အရိုး၊ အဆစ်တွေကို ကူရှင်အ နေနဲ့ ထောက်ပံ့ပေးတယ်၊ အသက်ရှူ သွင်း၊ ရှူထုတ်လုပ်တာ၊ အူလှုပ်ရှားမှု လုပ်တဲ့Bowel movements တွေအ တွက် ရေရှိဖို့လိုအပ်ပါတယ်။
ရေ တစ်နေ့ကို ရှစ်ဖန်ခွက်သောက် ရမယ်ဆိုတာ ယေဘုယျသတ်မှတ်ထား တာဖြစ်ပြီး တချို့လူက ပိုသောက်ဖို့ လို နိုင်သလို၊ တချို့လူအတွက်ကလုံလောက် တဲ့ ပမာဏဖြစ်နိုင်ပါတယ်။ အမျိုးသား တွေအတွက် တစ်နေ့ကို ရေ ၃ ဒသမ ၇ လီတာသောက်ဖို့လိုအပ်ပြီး အမျိုးသမီး တွေအတွက် တစ်နေ့ကို ရေ ၂ ဒသမ ၇ လီတာသောက်ဖို့ လိုအပ်ပါတယ်။
သင်ဟာ အားကစားပုံမှန်လုပ်တဲ့သူ၊ အားကစားသမားတစ်ယောက် ဖြစ်တယ် ဆိုရင် ပုံမှန်ထက် ရေ ပိုသောက်ဖို့ လိုပါ တယ်။ ပူအိုက်တဲ့နွေရာသီ၊ နေပြင်းတဲ့နေ့ တွေမှာလည်း ရေပိုသောက်ဖို့ လိုအပ်ပါ တယ်။ အေးတဲ့ရာသီဥတုမှာလည်း အစို ဓာတ်ပြည့်ဝနေဖို့ ရေများများ သောက် ပေးပါ။ ဖျားတာ၊ အန်တာ၊ ဝမ်းလျှောတာ တွေဖြစ်ရင် ရေသောက်တာအပြင် ဓာတ် ဆားသောက်ဖို့လည်း လိုပါတယ်။ အထူး သဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ နို့ တိုက်မိခင်တွေလည်း ရေများများ သောက်ဖို့ လိုအပ်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *