မီးဖိုချောင်ထဲက အစားအသောက်တွေနဲ့ ဝေဒနာတွေ ကုစားရအောင်

 

ခံစားရတဲ့ တချို့ဝေဒနာတွေက သင့်အိမ်တွင်း မီးဖိုချောင်ထဲကရတဲ့ အစားအသောက်တွေနဲ့ပဲ ဖြေရှင်းလို့ရတာတွေ ရှိပါတယ်။ ဘယ်လို အစားအသောက်တွေကို ဘယ်လိုအသုံးပြုပြီး၊ ဘာတွေဖြေရှင်းလို့ရနိုင်လဲဆိုတာကတော့ အောက်ပါအချက်တွေကိုကြည့်ပြီး လိုက်နာကြရအောင်။

ဒိန်ချဉ်

ကုသခြင်း – ဝမ်းချုပ်ခြင်းနှင့် လေပွခြင်း
ဒိန်ချဉ်ခွက်တစ်ခွက်စာ ဒါမှမဟုတ် ခွက်တစ်ဝက်စာ စားသုံးတာက ဝမ်းချုပ်တာနဲ့ လေပွတာတွေကို သက်သာစေပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြုဗက်တီးရီး ယားတွေပါဝင်ပြီး အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားတွေကို အားဖြည့်ပေးပါတယ်။

မက်မွန်သီး

ကုသခြင်း – ဆီးကျောက်တည်ခြင်း
မက်မွန်သီးခြောက်ကနေ အမျှင်ဓာတ်၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ ရရှိနိုင်ပြီး ဆီးထဲမှာ ကျောက်တည်စေတဲ့ သတ္တုဓာတ်တွေ စုပုံတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

တူနာငါး

ကုသခြင်း – စိတ်ပိုင်းဆိုင်ရာခံစားမှုမျာ
တူနာငါး ၃ အောင်စကနေ အိုမီဂါ-၃ အဆီ ၈၀၀ မီလီဂရမ် ရရှိနိုင်ပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ အိုမီဂါ -၃ က စိတ်ပိုင်းဆိုင်ရာခံစားမှုများကို ကောင်းမွန်စေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ငါးမှာပါရှိတဲ့ အဆီက စိတ်ကျရောဂါကုသရာမှာ အသုံးဝင်တယ်လို့ အမေရိကန်မှစိတ်ကျန်းမာရေးဆရာဝန်များအသင်းက ပြောပါတယ်။

ဆီးသီးခြောက်

ကုသခြင်း – သွေးဖိအားများခြင်း
ဆီးသီးခြောက်ကနေ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်ကိုရရှိနိုင်ပြီး သွေးဖိအားကို လျော့နည်းစေတာ တွေ့ရပါတယ်။ လေ့လာမှုတွေအရ ဆီးသီးခြောက်မှာ စပျစ် သီးခြောက်၊ ဝိုင်နီတို့လိုပဲ ပိုလီဖီနောပါဝင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ချင်း(ဂျင်း)လက်ဖက်ရည်

ကုသခြင်း – ပျို့အန်ခြင်း
ချင်း(ဂျင်း)လက်ဖက်ရည်သောက် သုံးတာက ကားမူးတာနဲ့ ကိုယ်ဝန်ဆောင်စဉ်ဖြစ်တတ်တဲ့ ပျို့အန်တာတွေကို သက်သာစေပါတယ်။ လက်ဖက်ခြောက် လက်ဖက်စားဇွန်း လေးပုံတစ်ပုံ၊ ပါးပါးလှီးထားတဲ့ ချင်း(ဂျင်း)လက်ဖက်စားဇွန်းတစ်ဝက်ကို ရေနွေးပူပူထည့်ထားတဲ့ ခွက်တစ်ခွက်ထဲထည့်ကာ ခဏလောက်ထားပြီးမှ သောက်သုံးပါ။ ချင်း(ဂျင်း)က ခံတွင်းခြောက်တာ၊ အိပ်ချင်ငိုက်မျဉ်းတာ စတဲ့ ဘေးထွက်ဆိုးကျိုးမရှိဘဲ ပျို့အန်တာကို သက်သာစေပါတယ်။

ပူဒီနာ

ကုသခြင်း – ဝမ်းဗိုက်မအီမသာဖြစ်ခြင်း
ပူဒီနာမှာပါဝင်တဲ့ ယူဂျီနောဒြပ်ပေါင်းက ဗိုက်နာဗိုက်အောင့်တာ၊ ပျို့အန်ချင်တာ၊ ဝမ်းသွားတာ စတာတွေကိုဖြစ်စေတဲ့ ဆယ်လ်မိုနဲလားနဲ့ လစ်တီးရီးယားစတဲ့ ဗက်တီးရီးယားပိုးတွေကိုသေစေပါတယ်။
သစ်တော်သီး

ကုသခြင်း – သွေးတွင်းကိုလက်စထရော များခြင်း
အရွယ်တော် သစ်တော်သီးတစ်လုံးကနေ အမျှင်ဓာတ် ၅ ဂရမ်နဲ့ မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေတဲ့ ပက်တင်တွေပါဝင်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျပေးပါတယ်။

ငှက်ပျောသီး

ကုသခြင်း – စိတ်ဖိစီးခြင်းနှင့် စိုးရိမ် သောကဖြစ်ခြင်း
စိတ်ဖိစီးမှုများရင်၊ စိုးရိမ်သောကဖြစ်ရင် ငှက်ပျော်သီးစားတာက သက်သာစေတယ်လို့ အော်ရီလန်းမှ သုတေသီတွေရဲ့ လေ့လာမှုအရ သိရပါတယ်။ အနေတော်အရွယ် ငှက်ပျောသီးတစ်လုံးကို စားပါက ၁၀၅ ကယ်လိုရီ၊ သကြား ၁၄ ဂရမ်ရရှိပြီး သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပါတယ်။ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် ဘီ-၆ ရဲ့ ၃၀ ရာခိုင်နှုန်း ရရှိပြီး ဦးနှောက်ကနေ ဆီရိုတိုနင်ဟော်မုန်းထုတ်လုပ်မှုကို အားပေးတာကြောင့် စိတ်တည်ငြိမ်စေပါတယ်။

ပျားရည်

ကုသခြင်း – ချောင်းဆိုးခြင်း
ပျားရည်က ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးလို့ရတဲ့ ချောင်းဆိုးပျောက်ဆေးတွေထက် အာနိသင် ပိုမိုကောင်းမွန်ပါတယ်။ ပျားရည်မှာ အင်တီအောက်ဆီးဒင့်နဲ့ ပိုးမွှားတွေကို သတ်နိုင်တဲ့ အာနိသင်တွေပါဝင်ပြီး လည်ချောင်းထဲမှာရှိတဲ့ တစ်သျှူးတွေရောင်ရမ်းမှုကို လျော့နည်းစေလို့ ချောင်းဆိုးသက်သာစေပါတယ်။

ဂေါ်ဖီထုပ်

ကုသခြင်း – အနာဖြစ်ခြင်း
ဂျွန်ဟော့ကင်းရဲ့ လေ့လာမှုအရ ဂေါ်ဖီထုပ်မှာပါဝင်တဲ့ ဆာဖိုရပ်ဖိန်းက အစာအိမ်နဲ့အူလမ်းကြောင်းမှာ အနာဖြစ်စေတဲ့H.pylori ဗက်တီးရီးယားကို တားဆီးပေးပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း အကျိတ်တွေ ကြီးထွားမှုမဖြစ်အောင်လည်း တားဆီးပေးပါတယ်။ ဂေါ်ဖီထုပ်တစ်ခွက်စာကနေ အမျှင်ဓာတ် ၃ ဂရမ်နဲ့ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် စီရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်။

ကြက်သား

ကုသခြင်း – အိပ်မပျော်ခြင်း
ကြက်သားမှာ အမိုင်နိုအက်စစ်ဖြစ်တဲ့ ထရစ်တိုဖန်ပါဝင်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးတဲ့ ဆီရိုတိုနင်နဲ့ မက်လက်တိုနင်ဟော်မုန်းထုတ်လုပ်မှုကို ကူညီပေးပါတယ်။ ခန္ဓာကိုယ်မှာ ထရစ်တိုဖန်ဟော်မုန်း လျော့နည်းပါက အိပ်မပျော်တာကို ဖြစ်စေပါတယ်။

သဖန်းသီး

ကုသခြင်း – လိပ်ခေါင်းဖြစ်ခြင်း
သဖန်းသီးခြောက်ကနေ အမျှင်ဓာတ်များစွာရရှိနိုင်ပြီး ဝမ်းပျော့ပျော့သွားစေလို့ လိပ်ခေါင်းရောဂါကို သက်သာစေပါတယ်။ သဖန်းသီးကနေ တစ်နေ့တာလိုအပ်တဲ့ ပိုတက်စီယမ်ရဲ့ ၅ ရာခိုင်နှုန်းနဲ့ မဂ္ဂနီဆီယမ်ရဲ့ ၁၀ ရာခိုင်နှုန်းကို ရရှိနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကုသခြင်း – မိန်းမကိုယ် မှိုစွဲခြင်း
ကြက်သွန်ဖြူမှာပါဝင်တဲ့ မရှိမဖြစ် အဆီက မှိုပိုးတွေပေါက်ပွားမှုကို တားဆီးပေးပါတယ်။ မိန်းမကိုယ်မှာမှိုစွဲတာကြောင့် အဖြူဆင်းတာ၊ နာကျင်တာနဲ့ ယားယံတာတွေ ခံစားရတတ်ပါတယ်။ လတ်တလောလေ့လာမှုအရ လေးညှင်းမှာပါဝင်တဲ့ အဆီတစ်မျိုးကလည်း မိန်းမကိုယ်မှိုစွဲတာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ချမိုမိုင်းလက်ဖက်ရည်

ကုသခြင်း – ရင်ပူခြင်း
ချမိုမိုင်းက အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းမှု၊ နာကျင်မှုနဲ့ လေပွ တာတွေ မဖြစ်အောင် ကာကွယ်ပေးတယ် လို့ နယူးဂျာစီ သုတေသီတွေက တွေ့ရှိ ခဲ့ပါတယ်။ ချမိုမိုင်းအခြောက် လက်ဖက စားဇွန်း နှစ်ဇွန်းကို ရေနွေး ၁၀ အောင်စထဲထည့်ပြီး မိနစ် ၂၀ လောက်ထားပါ။ ချမိုမိုင်းထဲကနေ ထွက်လာတဲ့ မရှိမဖြစ်အဆီတွေ ရေပေါ်မှာ ဝေ့ဝဲလာပါက သောက်သုံးနိုင်ပါပြီ။

အာလူး

ကုသခြင်း – ခေါင်းကိုက်ခြင်း
အရွယ်တော် အာလုံးတစ်လုံးကနေ ကာဗိုဟိုက်ဒရိတ် ၃၇ ဂရမ်အပြင် အဆီနဲ့ ပရိုတင်းအနည်းငယ်လည်း ရရှိနိုင်ပါတယ်။ အာလူးစားသုံးပါက သွေးတွင်း ဆီရိုတိုနင်ပမာဏကို မြင့်မားစေတာကြောင့် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။

 

Post Author: Good Health Journal