သင်က ဆီးမထိန်းနိုင်သူ တစ်ယောက်လား

အမေရိကန်နိုင်ငံမှာ အရွယ်ရောက် သူတွေရဲ့ခြောက်ယောက်မှာ တစ် ယောက်က ဆီးမထိန်းနိုင်တာ၊ မကြာခဏ ဆီးသွားတာ စတဲ့ ဝေဒနာတွေကို ခံစား နေရပါတယ်။ မကြာခဏ ဆီးသွားချင် တာနဲ့ ဆီးမထိန်းနိုင်တာတွေက အစားအ စာကြောင့်ဖြစ်နိုင်သလို ရောဂါတစ်ခုခု ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆီးအိတ် ရောင်တာ၊ ဆီးအိတ်ရဲ့ လှုပ်ရှားမှုလွန်ကဲ တာတွေကြောင့်ဖြစ်နိုင်သလို အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါကြောင့်လည်း မကြာ ခဏ ဆီးသွားတတ်ပါတယ်။ အစားအ သောက်တွေရဲ့လှုံ့ဆော်မှုကြောင့် မကြာခဏဆီးသွားတာမဖြစ်စေဖို့ဆိုရင်-

အရက်
အရက်က ဆီးအိမ်ကို လှုံ့ဆော်မှု ပေးပြီး ဆီးသွားစေတဲ့ အာနိသင်ပါရှိပါ တယ်။ အရက်သောက်ပြီးပြီးချင်းပဲ ဆီး သွားချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ ၀ိုင် က အရက်ထက် ဆီးသွားချင်တဲ့အာနိသင် ပိုပြီး တချို့တွေမှာတော့ ဘီယာသောက် တာက ဆီးပိုသွားစေပါတယ်။ ဒါကြောင့် သင်ရဲ့အရက်နဲ့ ဘီယာသောက်သုံးမှုတွေ ကို ကန့်သတ်ဖို့လိုပါတယ်။

အချဉ်ဓာတ်လွန်ကဲသော အစားအသောက်များ
အချဉ်ဓာတ်ပါဝင်တဲ့ အစားအစာ တွေက သင့်ဆီးအိတ်ကို ဒုက္ခပေးပါတယ်။ အသင့်သောက်သုံးနိုင်တဲ့ အချိုရည်တွေနဲ့ အစားအစာတချို့က အက်စစ်ဓာတ်ဖြစ်တဲ့ အချဉ်ဓာတ်လွန်ကဲစွာ ပါဝင်နေတတ်ပါ တယ်။ တိတိကျကျမပြောနိုင်ပေမယ့် အချဉ်ဓာတ်များတဲ့ ခရမ်းချဉ်သီးနဲ့လုပ် ထားတဲ့အစားအစာတွေနဲ့ ရှလကာရည် တွေစားသုံးမှုကို လျှော့ချသင့်ပါတယ်။ အစေ့အဆန်တွေမှာတော့ အက်စစ်ဓာတ် ပါဝင်မှုမများပေမယ့် ပိုတက်စီယမ်ပါဝင်မှု များတာကလည်း ဆီးအိတ်ကို လှုံ့ဆော်မှု ဖြစ်စေပါတယ်။

ကာဗွန်ဖြည့်စွက်ထားသော အချိုရည်များ
ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည် တွေက ဆီးအိတ်ကို လှုံ့ဆော်တာကြောင့် မကြာခဏဆီးသွားတာကို ဖြစ်စေပါတယ်။ ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည်အ များစုမှာ သကြားနဲ့ ကဖင်းတွေလည်း အ ချိုးအစားများစွာ ပါဝင်နေတတ်ပါတယ်။ အက်စစ်ဓာတ်၊ အချိုခဲ၊ ကဖင်းထပ်မံဖြည့် စွက်ထားတဲ့ အချိုရည်တွေက မကြာခဏ ဆီးသွားတဲ့ ဝေဒနာခံစားနေရသူတွေမှာ ဝေဒနာပိုဆိုးစေတာကြောင့် ရှောင်သင့် ပါတယ်။ အက်စစ်ဓာတ်ပါဝင်မှုနည်းတဲ့ သဘာဝလက်ဖက်စိမ်းရည်သောက်တာက ဆီးအိတ်လှုံ့ဆော်မှုကိုနည်းစေပါတယ်။

ဟင်းခတ်အမွှေးအကြိုင်များ
ဟင်းခတ်အမွှေးအကြိုင်တွေက လည်း ဆီးအိတ်ကို ဒုက္ခပေးနိုင်ပါတယ်။ ပူဒီနာ၊ ပင်စိမ်း၊ အသားနူးအောင် အချဉ် ထည့်ချက်တာတွေက သင့်ဆီးအိတ်ကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ ကြက်သွန်နီ၊ လေးညှင်းပွင့်၊ ပဲပိစပ်ဆော့နဲ့ ငရုတ်သီး တွေကတော့ ဆီးအိတ်ကို သိသိသာသာ လှုံ့ဆော်မှု မရှိပါဘူး။

သကြား
သကြားက ဆီးအိတ်ထဲမှာ အချဉ်ဓာတ် ကို ဖြစ်စေပါတယ်။ ဒါက ဆီးအိတ်ကို လှုံ့ ဆော်မှုဖြစ်စေတဲ့ အဖြစ်များတဲ့ အချက် တစ်ချက်ပါ။ သကြားဓာတ်များစွာရနိုင်တဲ့ ချောကလက် ဒါမှမဟုတ် ဆိုဒါအချိုရည် တွေထဲမှာ ကဖင်းပါဝင်တွေကြောင့် မကြာ ခဏဆီးသွားအောင် ဆီးအိတ်ကို လှုံ့ ဆော်မှုပေးပါတယ်။

သကြားတု
သကြားစားသုံးတာက ဆီးအိတ်ကို လှုံ့ဆော်တာကြောင့် သကြားတုကို အ စားထိုး စားသုံးနေမိပြီလား။ သကြားတုက သင့်ကို ဒုက္ခပေးနိုင်ပါတယ်။ အမေရိကန် ဆီးလမ်းကြောင်းနှင့် မီးယပ်ဆိုင်ရာ အဖွဲ့အစည်းက သကြားတုမှာပါဝင်တဲ့ ဓာတုဒြပ်ပေါင်းက ဆီးအိတ်ကြွက်သား တွေကို တောင့်တင်းစေနိုင်တယ်လို့ ဆို ထားပါတယ်။ ဒါကြောင့် သကြားအစား သကြားတုကို အစားထိုးစားသုံးဖို့ မသင့် ပါဘူး။

ဟစ္စမင်းများစွာပါဝင်သော အစားအစာ
ဟစ္စမင်းဓာတ်က သင့်ကို ဓာတ်မ တည့်မှုဖြစ်စေပြီး နှာစေးတာကို ခံစား ရနိုင်အပြင် ထိခိုက်လွယ်တဲ့ ဆီးအိတ်ကို လည်း လှုံ့ဆော်မှုဖြစ်စေပါတယ်။ ဟစ္စ မင်းများစွာပါဝင်တဲ့ တိုဟူး၊ ချိစ်၊ နေကြာ စေ့၊ သစ်ချသီး၊ တူနာငါး၊ အချဉ် ဖောက် ပြီး ပြုလုပ်ထားတဲ့ အစားအစာတွေက ဆီးအိတ်ကို လှုံ့ဆော်မှုဖြစ်စေတာ ကြောင့် မကြာခဏ ဆီးသွားတဲ့ဝေဒနာ ခံစားနေရသူတွေအနေနဲ့ ရှောင်သင့် ပါတယ်။

ဗီတာမင် ဘီအုပ်စု
ဗီတာမင်ဘီအုပ်စုမှာ ပါဝင်တဲ့ အဆီမှာ မပျော်ဝင်တဲ့ ဗီတာမင်အမျိုး အစားတွေကို ဆီးထဲကနေ စွန့်ထုတ်ပါ တယ်။ အများစုက ပင်ပန်းနွမ်းနယ်တဲ့ အခါမျိုးမှာ ဗီတာမင်မျိုးစုံပါတဲ့ အားဆေး တွေကို သောက်သုံးတတ်ကြပါတယ်။ သင့်ခန္ဓာကိုယ်က မလိုအပ်တာနဲ့ ပိုလျှံ နေတဲ့ ဗီတာမင်တွေကို ဆီးထဲကနေ စွန့် ထုတ်ပါတယ်။ ပိုလျှံနေလို့ ဆီးထဲကနေ စွန့်ထုတ်တဲ့ ဗီတာမင်ဘီအုပ်စုက ဆီး အိတ်ကို လှုံ့ဆော်တာကြောင့် မကြာခဏ ဆီးသွားတဲ့ ဝေဒနာကို ပိုဆိုးစေပါတယ်။

ဆရာဝန်နှင့် ပြသတိုင်ပင်ပါ
သင်ခံစားနေရတဲ့ မကြာခဏ ဆီး သွားတဲ့ဝေဒနာအပြင် ဆီးသွားတဲ့အခါ နာကျင်တာ၊ ဆီးမထိန်းဘဲ ထွက်ကျတာ မျိုးတွေပါဖြစ်ရင်တော့ ဆရာဝန်နဲ့ ပြသ တိုင်ပင်ဖို့ လိုပါတယ်။

◘ ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.