သင့်သွေးကြောကို သန့်စင်နိုင်သော အစားအစာများ

သွေးကြောတွေဆိုတာက နှလုံးထဲက အောက်ဆီဂျင်ပြည့်ဝနေတဲ့ သွေးတွေကို ခန္ဓာကိုယ်အနှံ့က တစ်သျှူးတွေဆီ အရောက်ပို့ပေးတဲ့ပြွန်လေးတွေဖြစ်ပါတယ်။ သွေး ကြောတိုင်းမှာ အလွှာသုံးလွှာပါဝင်တဲ့ ကြွက်သားပြွန်ရှိပါတယ်။ အတွင်းလွှာ၊ အလယ် လွှာ(နှလုံးဖိအားကို ထိန်းချုပ်ပေးတဲ့ကြွက်သားပါဝင်ပါတယ်)နဲ့ အပြင်လွှာ(သွေးကြော တွေနဲ့ ဘေးပတ်ဝန်းကျင်က တစ်သျှူးတွေကို ချိတ်ဆက်ပေးတဲ့ တွယ်ဆက်တစ်သျှူး) ဆိုပြီး သုံးလွှာရှိပါတယ်။ Aorta က အကြီးမားဆုံးသွေးကြောမကြီးဖြစ်ပြီး သူက ခန္ဓာကိုယ်တစ်လျှောက် သွေးကြောငယ်တွေ၊ ဆံခြည်မျှင်သွေးနဲ့ ချိတ်ဆက်ပြီး အလုပ် လုပ်ပါတယ်။ ကျန်းမာတဲ့သွေးကြောတွေမှာ ချောမွေ့တဲ့အတွင်းလွှာရှိပြီး သွေးတွေ က အလွယ်တကူ စီးဆင်းနိုင်ပါတယ်။
သွေးကြောအတွင်းနံရံထဲမှာ အခဲဖတ်တွေ စုဆောင်းမှုဖြစ်လာရင် သွေးကြော ပိတ်ဆို့မှုတွေဖြစ်လာပြီး သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အခဲဖတ် တွေဟာ သွေးထဲမှာ လှည့်ပတ်နေတဲ့ပစ္စည်းတွေဖြစ်တဲ့ အဆီ၊ ကိုလက်စထရော၊ ကယ်လ်စီယမ်၊ အညစ်အကြေးနဲ့ ဖိုက်ဘရီယမ်တွေ စုစည်းပြီး အနည်ထိုင်နေတာပါ။ သွေးထဲမှာ မကောင်းတဲ့အဆီ (LDL)ပမာဏ များနေသူတွေနဲ့ ကောင်းတဲ့အဆီ (HDL)ပမာဏနည်းနေသူတွေက သွေးကြောပိတ်ဆို့နိုင်ခြေ အလွန်မြင့်မားပါတယ်။ သွေးတိုးရောဂါရှိသူ၊ ဆီးချိုရောဂါရှိသူနဲ့ ဆေးလိပ်သောက်သူတွေမှာလည်း သွေးခဲ ပိတ်ဆို့နိုင်ခြေ အလွန်မြင့်မားပါတယ်။
သွေးကြောပိတ်ဆို့တာကြောင့် နှလုံးသွေးကြောရောဂါ၊ သွေးကြောရောဂါအမျိုး မျိုး၊ နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်ရောဂါတွေ ရရှိနိုင်ပါတယ်။ ဒါကြောင့် သွေး ကြောတွေကျန်းမာပြီး ပိတ်ဆို့မှုမရှိဖို့က အလွန်အရေးကြီးပါတယ်။ အောက်ပါအစား အစာတွေက သွေးကြောသန့်စင်ပေးပြီး ပိတ်ဆို့မှုမဖြစ်အောင် ကူညီပေးနိုင်တဲ့အစား အစာတွေပါ။

သလဲသီး
သလဲသီးက သွေးကြောတွေကို သန့်စင်ဖို့ အလွန်အကူအညီရပါတယ်။ ၂၀၀၅ ခုနှစ် အမျိုးသားသိပ္ပံအကယ်ဒမီရဲ့ လေ့လာမှုအရ သလဲသီးမှာ ပါဝင်တဲ့ အစွမ်းထက် လွန်းတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (အထူးသဖြင့် ဗီတာမင် စီ နဲ့ ပေါ်လီဖီနော)က နိုက်ထရစ်အောက်ဆိုက် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတဲ့အတွက် ပိတ်ဆို့နေတဲ့ သွေး ကြောတွေ ပွင့်သွားပြီး သွေးစီးဆင်းမှု ကောင်းမွန်နိုင်တယ်လို့ သိရပါတယ်။
– သလဲသီးဖျော်ရည်လတ်လတ်ဆတ်ဆတ်ကို သောက်သုံးပါ။
ဒီဖျော်ရည်က တချို့ဆေးဝါးတွေနဲ့ ဓာတ်ပြုမှုဖြစ်နိုင်တဲ့အတွက် ပုံမှန်ဆေးဝါးမှီဝဲနေရသူတွေအနေနဲ့ သူ့ကို မသောက်သုံးခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

နနွင်း
နနွင်းက အစွမ်းထက်ရောင်ရမ်းမှုလျော့စေတဲ့ပစ္စည်းဖြစ်ပြီး သွေးကြောပိတ်ဆို့ မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ၂၀၀၉ ခုနှစ် ပြင်သစ်နိုင်ငံမှ လေ့လာသူတွေက နနွင်းမှာ ပါဝင်တဲ့ ကာကူမင်က သွေးထဲမှာ အဆီစုဆောင်းမှုကို ၂၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သူ့မှာပါဝင်တဲ့ ဗီတာမင် ဘီ ၆ က သွေး တွင်းက Homocysteine အဆင့်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အဲဒီ Homocysteine တွေ များလွန်းရင် သွေးခဲဖတ်တွေ စုဆောင်းမှုဖြစ်လာပြီး သွေး ကြောပျက်စီးနိုင်ပါတယ်။
– ဟင်းချက်ရာမှာ နနွင်းကို အမြဲတမ်းအသုံးပြုပါ။
– နွားနို့ထဲမှာ နနွင်းထည့်ပြီးတော့လည်း နေ့စဉ် သောက်သုံးပါ။

ကြက်သွန်ဖြူ
ဂျာမနီနိုင်ငံ Mainz နှလုံးသွေးကြောဆေးဝါးဗေဒ ဗဟိုဌာနရဲ့ လေ့လာမှုအရ ကြက်သွန်ဖြူကို ပုံမှန်စားသုံးသူတွေက Aorta သွေးကြော မာကျောမှုမဖြစ်အောင် ကူညီပေးနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ကြက်သွန်ဖြူက သွေးတွင်း မကောင်းတဲ့ကိုလက်စထရောအဆင့်ကို ကျဆင်းစေနိုင်တာကြောင့် သွေးကြောကျန်း မာရေးအခြေအနေကောင်းမွန်နိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အသက်ကြီးသူ တွေမှာ နှလုံးသွေးကြောကျန်းမာရေးကို အလွန်အထောက်အကူပြုပါတယ်။
– နေ့စဉ် ကြက်သွန်ဖြူ ၁-၄ တက်ခန့် စားသုံးပေးပါ။

ဆယ်လ်မွန်ငါး
နှလုံးကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ ဆယ်လ်မွန်ငါးဟာ သွေးကြောထဲမှာ သွေးခဲဖတ်တွေ စုဆောင်းမှုမဖြစ်အောင် တာဝန်ယူပေးပါတယ်။ သူ့မှာ များစွာ ပါဝင် တဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်၊ DHဗ နဲ့ နဏဗ တွေက သွေးတွင်းကောင်းမွန်တဲ့ ကိုလက်စထရော (HDL)အဆင့်ကို မြင့်မားစေပြီး ထရိုင်ဂလစ်ဆရိုက်အဆင့်ကို လျှော့ချပေးပါတယ်။ သွေးကြောထဲက ရောင်ရမ်းမှုဖြစ်စဉ်နဲ့ သွေးခဲမှုဖြစ်စဉ်ကိုလည်း လျှော့ချပေးပါတယ်။
– တစ်ပတ်ကို ဆယ်လ်မွန်ငါး ၂-၃ ကြိမ်ခန့် စားသုံးပါ။

သံလွင်ဆီ
သံလွင်ဆီ (အထူးသဖြင့် နထအမa လငမါငည သူငလန သငူ)က နှလုံးကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ သူ့မှာ များစွာ ပါဝင်တဲ့ ပေါ်လီဖီနောဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ မပြည့်ဝဆီတွေကြောင့် သွေးတွင်းမကောင်းတဲ့ကိုလက်စထရောကို လျှော့ချ ပေးပြီး ကောင်းတဲ့ကိုလက်စထရောကို မြှင့်တင်ပေးပါတယ်။ သွေးတွင်းသွေးခဲဖတ် စုဆောင်းမှုကိုလည်း လျော့နည်းအောင် ကူညီပေးပါတယ်။
– ဟင်းချက်ရာမှာ သံလွင်ဆီကို အသုံးပြုပါ။

ထောပတ်သီး
လေ့လာမှုအများအပြားအရ ထောပတ်သီးက သွေးတွင်းမကောင်းတဲ့ကိုလက်စ ထရောအဆင့်တွေကို လျှော့ချဖို့ ကူညီနိုင်တယ်လို့ သိရပါတယ်။ သွေးထဲမှာ မကောင်း တဲ့ကိုလက်စထရောတွေ များလွန်းရင် သွေးကြောနံရံတစ်လျှောက်မှာ သွေးခဲဖတ် တွေ ပိတ်ဆို့နိုင်ပါတယ်။ ဒါ့အပြင် သူက ခန္ဓာကိုယ်အတွက် ကောင်းတဲ့ကိုလက်စထ ရောအဆင့်ကိုလည်း မြင့်တက်စေနိုင်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင် အီး က ကိုလက်စထရောဓာတ်တိုးမှုမဖြစ်အောင် ကာကွယ်ပေးပြီး သူ့မှာ ပါဝင်တဲ့ ပိုတက်စီယမ်က သွေးဖိအားကျဆင်းအောင် ကူညီပေးပါတယ်။
– နေ့စဉ် ထောပတ်သီး တစ်လုံး စားပါ။

ဗာဒံစေ့
ဗာဒံစေ့ကို အသင့်အတင့်စားသုံးတာက နှလုံးကျန်းမာရေးအတွက် အလွန်အကျိုး ရှိပါတယ်။ နှလုံးသွေးကြောအဖွဲ့ရဲ့အဆိုအရ သူက သွေးတွင်းမကောင်းတဲ့ကိုလက်စ ထရောကို ၁၅ ရာခိုင်နှုန်းအထိလျှော့ချနိုင်တယ်လို့ ၂၀၀၂ ခုနှစ်က လေ့လာမှုအရသိ ရပါတယ်။ ဗာဒံစေ့မှာ များစွာပါဝင်တဲ့မပြည့်ဝဆီတွေက သွေးတွင်းမကောင်းတဲ့ကိုလက် စထရောအဆင့်ကို လျှော့ချပေးပြီး ကောင်းတဲ့ကိုလက်စထရောအဆင့်ကို မြှင့်တင် ပေးပါတယ်။ ဒါကြောင့် သွေးကြောအတွင်း သွေးခဲဖတ်တွေမဖြစ်အောင် ကာကွယ် ပေးပါတယ်။ သူ့မှာပါဝင်တဲ့မဂ္ဂနီဆီယမ်တွေကလည်း သွေးခဲဖတ်မဖြစ်အောင် ကူညီပေး ပြီး သွေးဖိအားကို တည်ငြိမ်မှုရရှိစေပါတယ်။
– တစ်ပတ်ကို ဗာဒံစေ့ လက်သုံးဆုပ်စာလောက် စားသုံးပေးပါ။

ဖရဲသီး
သွေးကြောကျန်းမာရေးအတွက် အကောင်းမွန်ဆုံးသော သစ်သီးတစ်မျိုးဖြစ်ပါ တယ်။ ကန်တက်ကီတက္ကသိုလ်မှ သုတေသီတွေက ဖရဲသီးဟာ တိရစ္ဆာန်တွေရဲ့ သွေး ကြောထဲမှာ သွေးခဲဖတ်တွေ စုဆောင်းမှုနည်းအောင် ကူညီနိုင်တယ်လို့ ၂၀၁၁ ခုနှစ် က တွေ့ရှိခဲ့ပါတယ်။ ဖရဲသီးမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ် L-ခငအမကူငညန က သွေးဖိ အားလျော့ကျအောင် ကူညီပေးပါတယ်။ နိုက်ထရစ်အောက်ဆိုက်ထုတ်လုပ်မှုကို လှုံ့ ဆော်ပေးပြီး သွေးကြောတွေ ကျယ်လာအောင် အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဖရဲသီးက သွေးထဲက အဆီအချိုးအစားတွေကိုလည်း မျှတအောင် ကူညီပေးပြီး ဝမ်း ဗိုက်က အဆီတွေကိုလည်း လျှော့ချပေးနိုင်တဲ့အတွက် နှလုံးသွေးကြောကျဉ်းမြောင်း တဲ့ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။
– နေ့စဉ် ဖရဲသီးစားပေးပါ။ ဒါမှမဟုတ်ရင်လည်း ဖရဲသီးဖျော်ရည်တစ်ခွက်သောက် ပါ။

ဘရိုကိုလီ
လန်ဒန် အင်ပီးရီးယားကောလိပ်မှ သုတေသီတွေက နေ့စဉ် ဘရိုကိုလီ (အစိမ်း ရောင်ပန်းဂေါ်ဖီ)တစ်ခွက်စာ စားသုံးပေးတာက သွေးတွင်း သွေးခဲဖတ်မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဖော်ထုတ်ထားပါတယ်။ သူ့မှာ များစွာပါဝင်တဲ့ ဆာဖိုလဖိန်းတွေ ကြောင့်ပါ။ ဒါ့အပြင် သူ့မှာပါဝင်တဲ့များစွာသော ဗီတာမင် ကေ ဟာ ကယ်လ်စီယမ် ကြောင့် သွေးကြောပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်ပါဝင်မှု များတာကြောင့် သွေးဖိအားနဲ့ ကိုလက်စထရောအဆင့်ကိုလည်း လျော့ကျစေပါတယ်။
– တစ်ပတ်ကို ဘရိုကိုလီ ၂-၃ ကြိမ်စားသုံးပါ။

ကညွတ်
ကညွတ်က သွေးကြောသန့်စင်တဲ့ အစားအစာပါ။ သူက ခန္ဓာကိုယ်က ဂလူသယ် သီရုန်းထုတ်လုပ်မှုကို မြှင့်တင်ပေးပါတယ်။ ဂလူသယ်သီရုန်းဆိုတာက ဓာတ်တိုးဆန့် ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး ရောင်ရမ်းမှုဖြစ်စဉ်ကို တွန်းလှန်ကာ သွေးကြောတွင်း သွေးခဲပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကညွတ်မှာပါဝင်တဲ့ အယ်လ်ဖာလီနိုလစ်အက်စစ်နဲ့ ဖောလစ်အက်စစ်တွေက သွေးကြောမာကျောမှုမဖြစ် အောင် ကာကွယ်ပေးပါတယ်။
တစ်ပတ်ကို ကညွတ် သုံးကြိမ်ခန့် စားသုံးပေးပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *