အခက်အခဲတိုင်းကိုအလွယ်တကူဖြတ်ကျော်ကြရအောင်

တွေးမိတိုင်း စိုးရိမ်သောက ဖြစ်နေပါသလား
ပြီးခဲ့တဲ့ဖြစ်ရပ်တွေကို ပြန်တွေးပြီး ပူပန်နေပါသလား။ ဘယ်လိုမှ ပြန်လည် မရနိုင်တော့တဲ့ ကျန်ခဲ့တဲ့အချိန်ကာလမှာ ဖြစ်ပျက်ခဲ့တာတွေကို တွေးတောပူပန်နေ တာဟာ အလကားအချိန်ဖြုန်းတာပါပဲ။ လက်ရှိအချိန်ကသင့်အတွက် အကောင်း ဆုံးနဲ့ တန်ဖိုးအရှိဆုံးပါ။ တွေးတောပူပန် မှုတွေကိုထားပြီး လက်တွေ့ အကောင် အထည်ဖော်လုပ်ဆောင်ပါ။

စိတ်ဖိစီးမှုများတိုင်းဒေါသကြီးတတ်သလား
သင်ဟာ စိတ်ဖိစီးမှုများပြီး တစ် ယောက်တည်း ဒေါသတွေ ကြီးနေတတ် ပါသလား။ ဒီလိုဖြစ်တိုင်း ဆေးလိပ် သောက်တာ၊ အချိုစာတွေ စားတာထက် အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်း အနေနဲ့ လှေကားထစ်တွေ တက်လိုက်ပါ။ ဒါမှမဟုတ် ၁၀ မိနစ်လောက် လေ့ကျင့် ခန်း လုပ်လိုက်ပါ။ သင့်စိတ်ကို အားအင် ပြည့်ဝနေစေပါတယ်။

လေးလံထိုင်းမှိုင်းနေသလား
ရေပူ၊ရအေးနဲ့ ရေချိုးတဲ့ကုထုံး ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ လောက်က တည်းက အသုံးပြုခဲ့ကြပါတယ်။ ခုခံစွမ်း အားမြင့်မားတယ်၊ သွေးလှည့်ပတ်မှု ကောင်းတယ်၊ ခန္ဓာကိုယ်တုံ့ပြန်အား ကောင်းတယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ရေစချိုးတဲ့အခါ ရေနွေးနဲ့ စချိုးပြီး ရေ အေးကို ၃၀ စက္ကန့်လောက် ချိုးပေးပါ။ ပြီး နောက် ရေနွေးနဲ့ပြန်ချိုးပါ။ တစ်လှည့် စီချိုးပြီး နောက်ဆုံး ရေအေးနဲ့ အသုံး သတ်ပါ။

လေ့ကျင့်ခန်းမလုပ်ချင်ဘဲ ပျင်းရိနေလား


အားကစားခန်းမသွားပြီး ကစားဖို့ ပျင်းရိနေပါသလား။ အနည်းငယ်လှုပ်ရှား တာနဲ့စွမ်းအင်ပြန်လည်ပြည့်ဝ လန်းဆန်း စေဖို့ သင်နေထိုင်ရာ ပတ်ဝန်းကျင်မှာ လမ်းပတ်လျှောက်ပေးပါ။ ယောဂကျင့်ဖို့၊ ထိုက်ချိကစားဖို့တွေ မလုပ်ချင်ပါက မနက်စောစော အိပ်ရာထချိန်မှာ တရား ထိုင်ပေးပါ။

တွေးခေါ်မှုတွေအားနည်းနေသလား
ဦးနှောက်သုံးပြီး အလုပ်လုပ်ရသူ တွေဟာ အမြဲလိုလို ကြံစည်တွေးခေါ် လုပ်ကိုင်နေရတာကြောင့် လူမပင်ပန်းပေ မယ့် စိတ်ပင်ပန်းတယ်လို့ ပြောတတ်ကြ ပါတယ်။ တစ်ခါတစ်ရံမှာ စိတ်ပင်ပန်းနေ တာကြောင့် သင့်ဦးနှောက်က အတွေးအ ခေါ် အသစ်တွေ၊ စိတ်ကူးအသစ်တွေ မ ထွက်တာမျိုးလည်း ဖြစ်နေတတ်ပါတယ်။တကယ်တော့ ဦးနှောက်အပါအဝင် ခန္ဓာ ကိုယ်မှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တွေကို အမြဲသုံးနေဖို့ လိုပါတယ်။ အသုံး မပြုဘဲထားတဲ့အခါ ခန္ဓာကိုယ်မှာ အသုံး မဝင်တဲ့အစိတ်အပိုင်းလို့ ထင်တာကြောင့် အဲဒီအင်္ဂါအစိတ်အပိုင်းရဲ့ အရည်အသွေး တွေ ကျဆင်းလာပါတယ်။ ဒါကြောင့် ဦး နှောက်ကို အသုံးပြုရတဲ့ ဆူဒိုခုကစား တာ၊ ပဟေဠိဝှက်တာတွေ လုပ်ဆောင် ကြည့်ပါ။

မနက်အိပ်ရာထချိန်မှာစိတ်မကြည်လင်ဘူးလား

Unhappy girl in a bedroom

တစ်ညကို ၇-၈ နာရီရအောင် အိပ် စက်ပေးပါ။ စွမ်းအင်ပြန်လည်ပြည့်ဝနေ စေပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေ ပါတယ်။ ညအိပ်ရာမဝင်မီ ကော်ဖီသောက် တာ၊ လေ့ကျင့်ခန်းအချိန်ကြာကြာလုပ် တာတွေ ရှောင်ပါ။ အိပ်ခန်းထဲမှာ တီဗီ၊ ကွန် ပျူတာ၊ တိရစ္ဆာန်ထားရှိတာတွေရှောင်ပါ။

စိတ်ကူးသစ်မရတိုင်း ခေါင်းကုတ်တတ်လား


သင့်ပုံစံကို အမြင်ပြောင်းသွား အောင် ဆံပင်ပုံစံပြောင်းလဲလိုက်ပါ။ အမြင်ပြောင်းသွားတာကြောင့် သင့်စိတ် လည်း ပြောင်းလဲသွားပြီး အတွေးအခေါ် သစ်တွေနဲ့ ဖန်တီးမှုအသစ်တွေကို လုပ် ဆောင်နိုင်ပါလိမ့်မယ်။ ရုံးသွားတဲ့အခါ လမ်းကြောင်းအသစ်က ပြောင်းသွားတာ၊ ညနေဘက် လမ်းလျှောက် ထွက်တဲ့အခါ သွားနေကျမဟုတ်တဲ့လမ်းကို သွားတာ၊ စားနေကျမဟုတ်တဲ့ မနက်စာစား တာ စတာတွေက သင့်အမြင်နဲ့ စိတ်ကူးတွေ ကို ဆန်းစစ်နေစေပါတယ်။

အသက်ကြီးလာလို့ ကြွက်သားတွေ ဆုံးရှုံးနေလား
အသက်ကြီးလာတာနဲ့အမျှ ကြွက် သားတွေက တင်းရင်းမှုမရှိတော့ဘဲ လျော့ရိလျော့ရဲဖြစ်လာပါတယ်။ ရေကူး ပေးတာက ကြွက်သားတွေကို သန်မာနေ စေပါတယ်။ မရပ်မနား ရေကူးပြီးတဲ့အခါ အသက်ကိုဝအောင်ရှူပါ။ ကြွက်သားတွေ ဆီကို အောက်ဆီဂျင် ကောင်းကောင်း ရောက်ရှိစေလို့ ကြွက်သားတွေသန်မာစေ ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.