အဆစ်တွေကိုက်ခဲစေတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရအောင်

သင့်မိသားစုထဲမှာ အဆစ်တွေ အမြဲတမ်းလိုလို ကိုက်ခဲနာကျင်နေတဲ့ သူတွေရှိနေပါသလား။ ဒါမှမဟုတ် သင် ကိုယ်တိုင်ဖြစ်နေပါသလား။ ဒါဆိုရင် တော့ တချို့အစားအစာတွေကို ရှောင် ကြဉ်ဖို့ လိုပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်းများ
နွားနို့၊ ချိစ်၊ ဒိန်ချဉ်စတဲ့ နို့နဲ့နို့ ထွက်ပစ္စည်းတွေကနေ ကယ်လ်စီယမ် ရရှိတာကြောင့် အရိုးသန်မာစေပြီး အရိုးပါးရောဂါမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ဒါပေမဲ့ နို့နဲ့နို့ထွက်ပစ္စည်း တွေစားသုံးတာကြောင့် အဆစ်တွေ ရောင်ရမ်းပြီး ကိုက်ခဲမှုခံစားရနိုင်ပါ သေးတယ်။ ဒါကြောင့် အဆစ်တွေ နာ ကျင်တယ်၊ ရောင်ရမ်းတယ်၊ လှုပ်ရှား ရတာ မကောင်းဘူးဆိုသူတွေအနေနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို ရှောင်သင့်ပါ တယ်။

ဆားများသော အစားအစာများ
ဆားများတဲ့အစားအစာတွေကို စား သုံးတာက နှလုံးကျန်းမာရေးကို ထိခိုက် စေတယ်ဆိုတာ သိကြမှာပါ။ သွေးဖိအား များစေတာကြောင့် နှလုံးကို ထိခိုက်စေ တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က တော့ ဆားများတဲ့အစာတွေ စားသုံးတာ ကြောင့် အဆစ်တွေကိုလည်း ထိခိုက်နိုင် ပါသေးတယ်။ သွေးဖိအားများတာကြောင့် အဆစ်တွေမှာ ရေတွေစုပြီး ရောင်ရမ်း တာနဲ့ နာကျင်တာတွေ ဖြစ်လာတာပါ။

ဆီကြော်စာများ
သကြားများတဲ့အချိုစာတွေ စားသုံး သလိုပဲ အဆီများတဲ့အစာတွေ၊ ဆီကြော် စာတွေ စားသုံးတာကြောင့်လည်း ကိုယ် အလေးချိန်တက်လာစေနိုင်ပါတယ်။ ဒါ့ အပြင် အဆီတွေက ကျန်းမာရေးနဲ့ မညီ ညွတ်စေဘဲ အဆစ်တွေကို ရောင်ရမ်းမှု တွေ ဖြစ်ပေါ်စေပါတယ်။

သကြားများသော အစားအစာများ
ဆားများတဲ့အစားအစာတွေ စားသ လိုပဲ သကြားများတဲ့ အစားအစာတွေ စား တာကြောင့်လည်း အဆစ်တွေ နာကျင် ကိုက်ခဲနိုင်ပါတယ်။ သကြားကရောင်ရမ်း မှုတွေဖြစ်စေပြီး အဆစ်တွေကို နာကျင်မှု ခံစားရစေနိုင်ပါတယ်။ သကြားအစားများ တဲ့သူတွေက ကိုယ်အလေးချိန်တက်လာ ပြီး အဲဒီအလေးချိန်ကြောင့် ခြေချင်း ဝတ်၊ ဒူးခေါင်းနဲ့ တင်ပါးဆုံရိုးတွေက မနိုင်ဝန်ထမ်းရလို့ ရောင်ရမ်းနာကျင်မှု တွေဖြစ်လာနိုင်ပါတယ်။

အယ်လ်ကိုဟောပါဝင်သော အဖျော် ယမကာများ
အရက်ကို သင့်တင့်တဲ့ပမာဏ သောက်သုံးတာက ကျန်းမာရေးကို မထိ ခိုက်နိုင်ပေမယ့် ပမာဏများများ သောက် သုံးတာကြောင့် ကျန်းမာရေးနဲ့ဆက်စပ်တဲ့ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ အယ်လ်ဟောက အဆစ်တွေကို ရောင် ရမ်းစေပြီး ဆီးသွားစေတဲ့ အာနိသင် လည်း ရှိပါတယ်။

အဆင့်ဆင့်ပြုပြင်ထားသော အစား အစာများ
အသင့်ဝယ်စားနိုင်တဲ့ အဆင့်ဆင့် ပြုပြင်ထားတဲ့အစားအစာတွေက အဆစ် တွေကို ရောင်ရမ်းနာကျင်စေနိုင်ပါ တယ်။ ဒီအစားအစာတွေမှာ ဆား၊ သကြားနဲ့ အဆစ်ရောင်ရမ်းစေတဲ့ ဓာ တုပစ္စည်းတွေ ပါဝင်တာကြောင့်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal