အိမ်သာအိုးထဲ ဘယ်တော့မှ မထည့်သင့်သော ပစ္စည်းများ

အမျိုးသမီး လစဉ်သုံးပစ္စည်းတွေလို မျိုး အိမ်သာအိုးထဲမထည့်သင့်တဲ့ ပစ္စည်း တွေထည့်မိတာကြောင့် မိလ္လာပိုက်ပိတ် တာတွေ ကြုံဖူးပါသလား။ အဲဒီလိုဖြစ်ခဲ့ ရင် အလုပ်ရှုပ်တဲ့အပြင် ငွေကုန်ကြေးကျ လည်းများနိုင်တဲ့အတွက် မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အိမ်သာအိုးထဲဘယ် တော့မှ မထည့်သင့်တဲ့ပစ္စည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Wet Tissue များ
ကလေးငယ်တွေ သန့်ရှင်းရေး အ တွက်အသုံးပြုတဲ့ Wet Tissue တွေကို အိမ်သာအိုးထဲထည့်ပြီး ရေမဆွဲချပါနဲ့။ သူတို့က အိမ်သာသုံးတစ်ရှူးတွေလို ရေ ထဲမှာ ပျော်ဝင်နိုင်တဲ့ပစ္စည်းတွေ မဟုတ် တဲ့အတွက် ပိုက်ပိတ်ဆို့နိုင်ပါတယ်။

ဆေးဝါးများ
ရက်လွန်ဆေးဝါးတွေကို သင့်က လေးငယ်တွေနဲ့ အိမ်က အိမ်သားတွေ မှားသောက်မိမှာစိုးလို့ အန္တရာယ်ကင်း အောင် အိမ်သာထဲကို လွှင့်ပစ်မိနေပါ သလား။ ရေဆိုးတွေကို သန့်စင်တဲ့စနစ် တွေက ဆေးဝါးတွေကို မဖယ်ရှားပစ်နိုင် ပါဘူး။ ဒါကြောင့် သန့်စင်ထားတဲ့ရေ ဆိုးရေညစ်တွေထဲမှာပါဝင်သွားတဲ့ ဆေး ဝါးတွေက မြစ်ရေချောင်းရေထဲ ရောက် သွားပြီး ပြန်လည်ဒုက္ခပေးနိုင်ပါတယ်။

ကွန်ဒုံးများ
ကွန်ဒုံးတွေကလည်း အိမ်သာအိုး ထဲ ထည့်ပြီး ရေဆွဲချလို့ရတဲ့ပစ္စည်းမဟုတ် ပါဘူး။ သူတို့ကြောင့် မိလ္လာပိုက် ပိတ်ဆို့ သွားနိုင်ပါတယ်။

ဓာတုပစ္စည်းအပြင်းစားများ
ဆေးဝါးတွေလိုမျိုးပဲ ဓာတုပစ္စည်း အပြင်းစားတွေက ရေဆိုးသန့်စင်တဲ့စ နစ်နဲ့ မဖယ်ရှားနိုင်တဲ့အတွက် ရေထု ညစ်ညမ်းမှုဖြစ်စေနိုင်ပါတယ်။

Diaper
ကလေးသေးခံဘောင်းဘီထဲမှာ အီး ပါချလို့ ညစ်ပတ်တယ်ဆိုပြီး အိမ်သာအိုး ထဲ ထည့်ကာ ရေဆွဲချလိုက်မိပါသလား။ ဒါတွေကြောင့်လည်း ပိုက်ပိတ်ဆို့နိုင်ပါ တယ်။

ခွေး/ကြောင်တို့၏ မစင်အညစ်အကြေးများ
ကြောင်ရဲ့ မစင်မှာ တော့စ်ဆိုပလပ် စမာဂွန်ဒီခေါ်တဲ့ ကပ်ပါးပိုးကောင်ပါဝင် တတ်ပါတယ်။ သူတို့တွေက အင်မတန် အန္တရာယ်များပြီး ရေဆိုးသန့်စင်စနစ်နဲ့ မသေနိုင်ပါဘူး။

ဆံပင်ခြည်နှင့် သွားကြားပွတ်ကြိုးများ
ရေချိုးခန်းထဲမှာ ပုံနေတဲ့ ဆံခြည် မျှင်တွေကို စုပြီး အိမ်သာအိုးထဲထည့် ကာ ရေဆွဲချမိပါသလား။ ဆံပင်ခြည်နဲ့ သွားကြားပွတ်ကြိုးတွေက ရေဆွဲချလိုက် တဲ့အခါမှာ လုံးထွေးသွားပြီး အိမ်သာပိုက် ပိတ်ဆို့သွားနိုင်ပါတယ်။

အစားအစာများ
စားကြွင်းစားကျန်တွေကို ဘေစင် ထဲ သွန်ပစ်ရင် ပိတ်မှာစိုးလို့ အိမ်သာအိုး ထဲသွန်ပြီး ရေဆွဲချနေရင်လည်း မိလ္လာ ပိုက်လိုင်း ပိတ်သွားနိုင်ပါတယ်။

တစ်ရှူး၊ ဝါဂွမ်းလုံးနှင့် စက္ကူလက်သုတ်ပဝါ များ
အိမ်သာသုံးစက္ကူမဟုတ်တဲ့ တစ် ရှူးအထူစားတွေ၊ စက္ကူလက်သုတ်ပဝါ တွေက ရေစုပ်ယူတဲ့ဒဏ်ကို ခံနိုင်ရည်ရှိ အောင် ပြုလုပ်ထားတာဖြစ်တဲ့အတွက် တော်ရုံနဲ့ အရည်မပျော်နိုင်ပါဘူး။ သူတို့ ကြောင့် အိမ်သာ ပိတ်ဆို့နိုင်ပါတယ်။

ငါးအသေများ
သင့်အိမ်မှာ မွေးထားတဲ့ ငါးလေး တွေ သေဆုံးသွားတဲ့အခါ အိမ်သာအိုး ထဲ ထည့်ပစ်ပါသလား။ သူတို့ကြောင့် ရေမှတစ်ဆင့် ရောဂါကူးစက်နိုင်ပါတယ်။ သင့်အိမ်က အိမ်မွေးတိရစ္ဆာန်တွေ၊ ကြွက် တွေ၊ ယုန်တွေ၊ ငါးတွေ သေဆုံးခဲ့ရင် သေချာတွင်းတူးပြီး မြှုပ်ပေးပါမှ သူတို့ ဆီက ရောဂါကပ်ပါးပိုးကူးစက်တဲ့ အန္တရာယ် ကနေ ကင်းဝေးနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published.