ဦးနှောက်ပျက်စီးစေနိုင်သည့်နေ့စဉ်အမူအကျင့်များ

သင်ရဲ့ ဦးနှောက်က ခန္ဓာကိုယ်တွင်းက အရာအားလုံးကို အခြေခံကစပြီး ထိန်းချုပ်ထားနိုင်ဖို့အတွက် ဆဲလ်သန်းပေါင်း တစ်သိန်းကျော်နဲ့ ဖွဲ့စည်းထားပါတယ်။ ကျွန်မတို့အများစုဟာ နေ့စဉ် ယဉ်ပါးနေတဲ့အမူအကျင့်တွေကို အကျင့်ပါပြီး ပြုလုပ် လေ့ရှိပါတယ်။ ဒီအမူအကျင့်တွေထဲက တချို့တလေဟာ ဦးနှောက်ကို ပျက်စီးစေနိုင်တယ်ဆိုတာ သိကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မပူပါနဲ့။ အဲဒီအမူအကျင့်တွေကို အလွယ်တကူ ပြုပြင်နိုင်ခဲ့ရင် သင့်ဦးနှောက်ကို အချိန်မီကယ်တင်နိုင်မှာပါ။ အောက်ပါ တို့ဟာ ဦးနှောက်ပျက်စီးစေနိုင်တဲ့ အမူအကျင့်တွေမို့ ရှောင်ကြဉ်နိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။

စကားနည်းခြင်း
မီချီဂန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ကို ၁၀ မိနစ်လောက် စကားပြော နေရင်တောင် ဦးနှောက်စွမ်းအားတိုး တက်လာတယ်လို့ သိရပါတယ်။ သင် တွေ့ကရာလူနဲ့ စကားပြောနေဖို့ ဆိုလို တာ မဟုတ်ပါဘူး။ သင်က အလုပ်မလုပ် ဘဲ အိမ်မှာပဲ နေရသူဖြစ်နေရင် သင့်သူ ငယ်ချင်း ဒါမှမဟုတ် ဆွေမျိုးတွေနဲ့ ဖုန်း ပြောပါ။
ခန္ဓာကိုယ်ကို အလေးမတဲ့အခါမှာ ကိုယ်တွင်းက ကြွက်သားတွေက သန် မာပြီး ကြီးထွားလာသလိုမျိုးပါပဲ။ စကား ပြောတာက သင့်ဦးနှောက်ကို လေ့ကျင့် ခန်းပြုလုပ်ပေးသလို ဖြစ်သွားပါတယ်။ သင်ရဲ့ အတွေးအမြင်တွေ၊ စိတ်ခံစား ချက်တွေကို စကားအဖြစ် ပြောပြလိုက် တာက သင့်ဦးနှောက်သန်မာလာသလို သင့်အနေနဲ့လည်း စကားပြောစွမ်းရည် တွေတိုးတက်လာမှာပါ။

သကြားအစားများခြင်း
သကြားအစားများလွန်းတာကြောင့် သွားပိုးပေါက်ဖြစ်တာ၊ အဝလွန်တာ၊ ဆီး ချိုရောဂါဖြစ်တာတွေအပြင် ဦးနှောက် ပျက်စီးတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ သကြားများလွန်းတာ ကြောင့် သင်စားတဲ့အစားအစာရဲ့ အာ ဟာရတွေကို စုပ်ယူမှုမှာ အနှောင့်အ ယှက်ဖြစ်သွားပြီး အာဟာရချို့တဲ့တဲ့လက္ခ ဏာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် လေ့လာမှုအများအပြားအရ သကြားအ များကြီးစားသုံးတာက အာရုံခံဆဲလ်တွေ ထုတ်လုပ်မှုကို တာဝန်ယူတဲ့ နျူရိုထရက် ဖစ်ဖက်တာမှာ ဆိုးကျိုးတွေ ဖြစ်ပေါ်လာ နိုင်ပါတယ်။ ဒီဖက်တာက ရေရှည် မှတ် ဉာဏ်နဲ့ သင်ကြားမှုအပိုင်းအတွက် အလွန် အရေးကြီးပါတယ်။

ဦးနှောက်လေ့ကျင့်ခန်းမပြုလုပ်ခြင်း
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဦး နှောက်လုပ်ငန်းဆောင်တာက အသက် ၁၆-၂၅ နှစ်ကြားအချိန်က အကောင်း ဆုံးဖြစ်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဆက်လက်ပြီး သုတေသနပြုလုပ်ချက်အ ရ စာဖတ်တာ၊ Puzzle ဂိမ်းလိုမျိုး ဦး နှောက်လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ် တာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင် တာတွေ ပိုမိုကောင်းမွန်လာတယ်လို့ သိ ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေကြောင့် သူငယ်ပြန်လက္ခဏာ တွေ့ခါစသူတွေမှာ တောင်မှ ဦးနှောက်လုပ်ငန်းဆောင်တာ တွေပြန်လည်သန်မာလာတယ်လို့ ဆိုပါ တယ်။

နံနက်စာမစားခြင်း
လေ့လာမှုအများအပြားအရ ပုံမှန် မနက်စာ စားတဲ့ကလေးတွေက ကျောင်း မှာ လုပ်ဆောင်ချက်တွေ (အထူးသဖြင့် သိပ္ပံဘာသာရပ်) ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ မနက်စာ မစားဘဲ နေတာ ကြောင့် သွေးတွင်းသကြားဓာတ်တွေ ကျ ဆင်းလာပြီး ဦးနှောက်လုပ်ငန်းဆောင် တာပေါ်မှာ ဆိုးကျိုးတွေ သက်ရောက်နိုင် ပါတယ်။
ဂျပန်က လူပေါင်း ရှစ်သောင်းကျော် ကို ၁၅ နှစ်တာလေ့လာမှုအရလည်း မ နက်စာကို ပုံမှန်မစားသုံးသူတွေအနေနဲ့ သွေးတိုးရောဂါနဲ့ လေဖြတ်နိုင်ခြေတွေ မြင့်တက်လာတယ်လို့ သိရပါတယ်။ မ နက်စာစားအပြီး သွေးပေါင်ချိန်ကျဆင်း သွားတတ်တာကြောင့် ဦးနှောက်အတွင်း သွေးယိုစီးနိုင်ခြေ လျော့ကျသွားတာ ကြောင့်လို့ ဆိုပါတယ်။

အဆင်သင့်စာ စားသုံးခြင်း
အဆင်သင့်စာတွေ စားသုံးလွန်းရင် လည်း ရေတိုနဲ့ရေရှည်မှတ်ဉာဏ်တွေ ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စိတ်ကျဝေဒနာလည်း ဖြစ်လာ နိုင်ပါတယ်။ အဆင်သင့်စာတွေမှာ ကယ်လိုရီတွေများစွာ ပါဝင်တဲ့အတွက် မှတ်ဉာဏ်ကျဆင်းပြီး အယ်လ်ဇိုင်းမား ရောဂါတောင် ဖြစ်နိုင်ခြေများတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဆဲလ်ဖုန်းအသုံးပြုခြင်း
ကြွက်တွေပေါ်မှာ လေ့လာမှုအရ ဆဲလ်ဖုန်းအသုံးပြုတာနဲ့ ဦးနှောက်ကင် ဆာဖြစ်တာ ဆက်စပ်မှုရှိတယ်လို့ သိရ ပါတယ်။ ဆဲလ်ဖုန်းကို အသုံးပြုချင်တယ် ဆိုရင်နားကြပ်သုံးပြီးပြောပါ။ ဒါမှမဟုတ် စပီကာဖွင့်ပြီးပြောပါ။ သင်အိပ်နေစဉ်မှာ ဖုန်းကို သင့်ခေါင်းအုံးနား ထားမအိပ်ပါနဲ့။

ခေါင်းမြီးခြုံအိပ်ခြင်း
ခေါင်းမြီးခြုံပြီး အိပ်တာကြောင့် သင့်ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ရရှိမှု နည်းသွားပါလိမ့်မယ်။ အောက်ဆီ ဂျင်က ဦးနှောက်လုပ်ငန်းဆောင်တာအ တွက် အလွန်အရေးကြီးပါတယ်။ ခေါင်း မြီးခြုံပြီး အိပ်တာ ဒါမှမဟုတ် ခေါင်းစွပ် စွပ်အိပ်တာက ကိုယ်တွင်းအောက်ဆီဂျင် ရရှိမှုဟာ ၂၁ ရာခိုင်နှုန်းအထိ နည်းသွား နိုင်ပါတယ်။

ရေလုံလုံလောက်လောက်မသောက် ခြင်း
ကျွန်မတို့ဦးနှောက်မှာ ရေဓာတ်က ၇၀-၈၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ရေလုံလုံလောက်လောက်မရရှိတာ ကြာ လာတဲ့အခါ ဦးနှောက်က ကျုံ့သွားပြီး စီမံချက်နဲ့ပြုလုပ်ရမယ့်အရာတွေကို စွမ်း ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။

အရက်သောက်ခြင်း
လေ့လာမှုအများအပြားအရ အ ရက်သောက်လွန်းတာက ဦးနှောက်ဆဲလ် တစ်ခုနဲ့တစ်ခုကြားဆက်သွယ်မှုကို ဖျက် ဆီးနိုင်တယ်လို့ သိရပါတယ်။ အရက် ဖြတ်လိုက်တာနဲ့ ဦးနှောက်လုပ်ငန်းဆောင် တာက ပုံမှ