ချွေးထွက်များသူတို့ နွေရာသီမှာ ဘာတွေ လိုက်နာကြမလဲ

ကမ္ဘာလုံးရှိ လူသားအား လုံးရဲ့ ၂-၃ ရာခိုင်နှုန်း လောက်က ချွေးထွက်လွန်တာကို ခံစားနေရပါတယ်။ အဲဒီလူတွေက လေအေးပေးစက် တပ်ဆင်ထားတဲ့ အခန်းထဲမှာထိုင်နေရင်း၊ တီဗီထိုင်ကြည့် နေရင်းနဲ့တောင် ချွေးတွေထွက်နေ တတ်ပါတယ်။ ချွေးထွက်များတဲ့လူ အ များစုကတော့ အန္တရာယ်ဖြစ်လောက် တဲ့အခြေအနေမျိုးမရှိပါဘူး။ ချွေးထွက် များတတ်တဲ့လူတွေမှာ အများအားဖြင့် ပုံစံနှစ်မျိုးတွေ့ရတတ်ပါတယ်။ တချို့ တွေက လက်၊ မျက်နှာနဲ့ ခြေဖဝါးတွေ မှာ ချွေးထွက်တာအပြင် တခြားထူးခြား တဲ့ လက္ခဏာရပ်တွေကို မတွေ့ရပါ ဘူး။ တချို့တွေကတော့ ခန္ဓာကိုယ် တစ်ခုလုံးကနေချွေးထွက်တတ်ပြီး တခြား ရောဂါတွေနဲ့ ဆက်စပ်တဲ့ လက္ခဏာရပ် ဖြစ်နေနိုင်ပါတယ်။ အထူးသဖြင့် အခုလို နွေရာသီမှာ ချွေးထွက်များတာကို ရှောင် ရှားဖို့ အောက်ပါအချက်တွေကို လိုက်နာ ဖို့လိုပါတယ်။

၁။ အပူအစပ်စာနှင့် ကဖင်းစား သောက်မှုကို လျှော့ချပါ
ကဖင်းပါတဲ့ ကော်ဖီ၊ ကိုလာနဲ့ အပူအစပ်စာတွေဖြစ်တဲ့ငရုတ်သီး၊ ငရုတ် ကောင်းထည့်ချက်ထားတဲ့ အစားအစာ တွေက သင့်ကိုချွေးထွက်များစေပါတယ်။ အထူးသဖြင့် သင့်မျက်နှာနဲ့ ဦးခေါင်းပိုင်း ကို ချွေးပိုထွက်စေပါတယ်။ အပူအစပ် လွန်ကဲတဲ့ အစားအသောက်တွေကို စား သုံးမယ့်အစား အနံ့အရသာ ပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပါ။

၂။ ရေချိုးရာတွင် ဂရုစိုက်ပါ
နေ့စဉ်ရေချိုးရာမှာ အသုံးပြုတဲ့ ကိုယ်တိုက်ဆပ်ပြာက ကြေးချွတ်အား ပြင်းတဲ့ဆပ်ပြာမျိုးကို အသုံးမပြုသင့်ပါ ဘူး။ ကြေးချွတ်အားပြင်းတဲ့ဆပ်ပြာကို သုံးစွဲပြီး ရေချိုးတာက သင့်ကို တစ်နေ့ ရေတစ်ကြိမ်ထက် ပိုချိုးချင်စိတ် ဖြစ်ပေါ် စေပါတယ်။ သင့်ခန္ဓာကိုယ်မှ ထွက်တဲ့အ နံ့က စူးစူးရှရှဖြစ်နေပါက ရေချိုးဆပ်ပြာ ကို ဘက်တီးရီးယားပိုးသတ်အာနိသင် ရှိ တဲ့ ဆပ်ပြာကို ရွေးချယ်အသုံးပြုပါ။ အ ရေပြားပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေ က ချွေးနဲ့ပေါင်းပြီး ခန္ဓာကိုယ်မှာ အနံ့စူး စူးရှရှဖြစ်ပေါ်တတ်တာကြောင့်ပါ။

၃။ ပူလိုက်ချမ်းလိုက်ဖြစ်ခြင်းနှင့် ည ဘက်ချွေးထွက်ခြင်းကို ကုသပါ
သွေးဆုံးချိန်မှာ ပူလိုက်ချမ်းလိုက် ဖြစ်တာ၊ ညဘက်ချွေးထွက်တာတွေ ဖြစ် တတ်ပါတယ်။ အဲဒါတွေကို ကုစားဖို့ အိမ် သုံးနည်းလမ်းမျိုးစုံရှိပါတယ်။ ခန္ဓာကိုယ် အေးသွားအောင် အေးမြစေတဲ့ အဝတ် အစားဝတ်တာ၊ ရေခဲရေသောက်တာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ဆေးဝါးနဲ့ကုသ တာ၊ ဟော်မုန်းတွေနဲ့ ကုသတာတွေက ပူလိုက်ချမ်းလိုက်ဖြစ်တာကို သက်သာ စေပါတယ်။ အမျိုးသမီးအများစုက သွေးဆုံးချိန်လက္ခဏာတွေ သက်သာစေ ဖို့ ပဲပိစပ်စားတာ၊ ဂျင်ဆင်း၊ DHနဗ တွေ ဖြည့်စွက်သောက်သုံးတာတွေ ပြု လုပ်တတ်ကြပါတယ်။ ဒါတွေက အကျိုး အာနိသင်သက်ရောက်မှု နည်းလွန်းပါ တယ်။ ဆရာဝန်နဲ့ ပြသတိုင်ပင်တာ အ ကောင်းဆုံးပါ။

၎။ အဝတ်အစားကို ရာသီဥတုနှင့် ကိုက်ညီအောင် ဝတ်ဆင်ပါ
ချည်ထည်ပွပွချောင်ချောင် အင်္ကျီ တွေက လေဝင်လေထွက်ကောင်းတာ ကြောင့် ခန္ဓာကိုယ်ကို အေးမြနေစေပြီး ချွေးထွက်နည်းစေပါတယ်။ အထူးသ ဖြင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးစုပ် ယူနိုင်တဲ့ အဝတ်အစားမျိုးကို ဝတ်ဆင် ဖို့လိုပါတယ်။ အဝတ်အစားကို နှစ် ထပ်၊ သုံးထပ်ဝတ်ဆင်တာမျိုးက ချွေး ထွက်တာကို ပိုအားပေးတာကြောင့် အထပ်ထပ်ဝတ်ဆင်တာမျိုးကို ရှောင် ပါ။

၅။ ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးမှုကြောင့် ချွေးထွက်များ စေပြီး ချွေးထွက်များတာကြောင့်လည်း စိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ ဖိစီးမှုနဲ့ ချွေးထွက်များတာက အပြန်အလှန် သက်ရောက်မှုရှိနေပါတယ်။ ခန္ဓာ ကိုယ်ကို အနားရစေမယ့် ယောဂ ကျင့် တာ၊ တရားအားထုတ်တာ၊ အသက်ရှူ လေ့ကျင့်ခန်းလုပ်တာတွေက ချွေး ထွက်များတာကို ကုစားနိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *