လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်းကြောင့် ရာသီစက်ဝန်းမမှန်ခြင်း

သင့်တင့်တဲ့ ပုံမှန်လေ့ကျင့်ခန်း ပြု လုပ်တာက ကျန်းမာရေးကို အများကြီး အထောက်အကူပြုတယ်ဆိုတာ သင် လည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာ ကြောင့် မိန်းမသားတို့ရဲ့ ဓမ္မတာလာတဲ့ ဖြစ်စဉ်ကို ရပ်တန့်စေတယ်ဆိုတာ စင် ကာပူမှ သုတေသီတွေရဲ့ လေ့လာမှုအရ တွေ့ရှိခဲ့ကြပါတယ်။

ရာသီပေါ်ချိန် မမှန်ခြင်း
ဓမ္မတာလာချိန် မမှန်တာက အမျိုး သမီးအတော်များများမှာ ကြုံတွေ့ရ တတ်တဲ့ပြဿနာတစ်ခုပါ။ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းပြောင်းလဲမှုဖြစ်စဉ်အရ ဓမ္မတာ လာတာက တစ်ယောက်နဲ့တစ်ယောက် မတူတတ်ကြပါဘူး။ ဓမ္မတာလာတာ စ တင်ကတည်းက ရာသီစက်ဝန်းက ပုံမှန် မဟုတ်ဘဲ နောက်ကျတာမျိုးရှိခဲ့တယ်ဆို ရင်တော့ ဒါက သင့်အတွက် ပုံမှန်လို့ပြော လို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ ပုံမှန်ရာ သီပေါ်ချိန်ထက် ပိုနောက်ကျနေတာမျိုး၊ ပိုပြီး စောလွန်းနေတာမျိုးတွေဆိုရင်တော့ သတိထားဖို့လိုပါတယ်။

လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ် ခြင်းကြောင့်
လေ့ကျင့်ခန်းကို အပြင်းအထန် ပြုလုပ်တာကြောင့် ခန္ဓာကိုယ်ထဲက အ ထူးသဖြင့် အမျိုးသမီးတွေအနေနဲ့ ဟော် မုန်းညီမျှမှုမရှိတဲ့ပြဿနာမျိုးဖြစ်တတ်ပြီး ရာသီစက်ဝန်းကို ထိခိုက်တာမျိုးဖြစ်နိုင် ပါတယ်။ လေ့ကျင့်ခန်းဆိုတာဟာလွန်ကဲ ရင် မကောင်းသလို၊ လုံးဝမလုပ်ဘဲနေရင် လည်း ကျန်းမာရေးအတွက် မကောင်းပါ ဘူး။ တန်ဆေး၊ လွန်ဘေးဆိုတဲ့အထဲမှာ လေ့ကျင့်ခန်းလည်း ပါဝင်နေပါတယ်။ အထူးသဖြင့် နိုင်ငံဂုဏ်ဆောင် အမျိုးသမီး အားကစားသမားတွေမှာ အဖြစ်များတတ် ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကျ ချင်လို့ လေ့ကျင့်ခန်းကို အပြင်းအထန်ပြု လုပ်တတ်တဲ့သူတွေမှာ ဖော်ပြပါပြဿနာ မျိုးတွေ ပိုမိုကြုံတွေ့ကြရတတ်ပါတယ်။
သင့်ခန္ဓာကိုယ်အနေအထားရဲ့ ရှိသင့်တဲ့ BMI သတ်မှတ်စံနှုန်းထက် လျော့နည်းနေပြီဆိုရင်တော့ အမျိုးသမီး ဟော်မုန်းထုတ်လုပ်မှုမညီမျှတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာ ကိုယ်ရဲ့ သတ်မှတ်စံနှုန်းထက် နည်းနေ တာရော၊ များနေတာပါမဖြစ်ရလေအောင် တွက်ချက်ပြီး ချိန်ဆနိုင်ဖို့ လိုအပ်ပါ တယ်။
ဟော်မုန်းမညီမျှမှုတွေက သင့်ရာ သီစက်ဝန်းကို ကမောက်ကမဖြစ်စေတဲ့ အပြင် သင့်ခန္ဓာကိုယ်မှာ တက်စတိုစတီ ရုန်းဟော်မုန်းအဆင့်ကိုလည်း မြင့်တက် လာစေပါတယ်။ ဒီဟော်မုန်းတွေ မြင့်မား လာရင် ဖြစ်နိုင်တဲ့ပြဿနာတွေက ပုံမှန် မဟုတ်တဲ့ ဆံပင်ကျွတ်တာ၊ ရင်ဘတ်နဲ့ နောက်ကျောလိုနေရာမျိုးတွေမှာ ၀က်ခြံ ပေါက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

◘ နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.