ပြုပြင်ပြောင်းလဲသင့်သော မနက်အိပ်ရာထအမူအကျင့်များ

မိမိရဲ့ ကျင့်သားရနေတဲ့ နေ့စဉ်အမူ အကျင့်တွေကို ပြုပြင်ဖို့ဆိုတာက သင့် အတွက် အလွန်ခက်ခဲမှုရှိနိုင်ပါတယ်။ ဒါ ပေမဲ့လည်း အောက်ပါအမူအကျင့်တွေကို ပြုပြင်ပေးနိုင်ရင် သင့်အနေနဲ့ တစ်ကိုယ် ရေသန့်ရှင်းရေးကောင်းမွန်လာနိုင်တဲ့ အတွက် ကျန်းမာရေးအထောက်အကူ ပြုနိုင်တဲ့အပြင် သင်ရဲ့ အလွန်အဖိုးတန် လှတဲ့ မနက်ခင်းအချိန်တွေကိုပါ ဖြုန်း တီးသလို မဖြစ်နိုင်တော့ပါဘူး။

နံနက်ပိုင်းတွင် ရေချိုးရန် ပျက်ကွက်ခြင်း
တစ်ခါတလေမှာ အိပ်ရာထ နောက် ကျတာကြောင့် အလုပ်ကို အချိန်မီသွား နိုင်ဖို့အတွက် မနက်ပိုင်းမှာ ရေမချိုးဖြစ် ကြပါဘူး။ မနက်ပိုင်းကတော့ မဖြစ်မနေ ရေချိုးသင့်ပါတယ်။ ဒါမှ တစ်ကိုယ်ရေ သန့်ရှင်းရေးကောင်းမွန်ပြီး စိတ်ကြည် လင်ကာ အလုပ်ထဲမှာ တက်တက်ကြွကြွ လုပ်ဆောင်နိုင်မှာပါ။

ရေနွေးဖြင့် ရေချိုးခြင်း
မနက်ပိုင်းမှာ ရေနွေးနဲ့ ရေချိုးတာ က မှားယွင်းတဲ့အမူအကျင့်ပါ။ ရေနွေးနဲ့ ရေချိုးလိုက်တာကြောင့် relax ရရှိသွား ပြီး အိပ်ရာထဲ ပြန်နှပ်ချင်စိတ်ပေါက်သွား နိုင်ပါတယ်။ ဒါ့အပြင် ရေနွေးကြောင့် မွေးညင်းပေါက်တွေ ပွင့်လာတဲ့အတွက် သင်ရဲ့ အရေပြားထဲကို ပိုးမွှားတွေနဲ့ ဖုန် မှုန့်တွေ အလွယ်တကူ ဝင်ရောက်နိုင် ကာ ဝက်ခြံပြဿနာတွေ ဖြစ်လာနိုင်ပါ တယ်။

အဝတ်အစားရွေးချယ်ခြင်း
မနက်ပိုင်းမှာ အဆိုးဆုံးအချိန်ဖြုန်း တီးနည်းတစ်ခုကတော့ အဝတ်အစား ရွေးချယ်တာပဲဖြစ်ပါတယ်။ အချိန်မလုံ လောက်ရတဲ့ကြားထဲ အဝတ်အစားရွေး နေရလို့ အချိန်ကုန်တဲ့အပြင် စိတ်လော နေတဲ့အတွက် အဝတ်အစားရွေးချယ်မှု မှားယွင်းနိုင်ပါတယ်။ ညကတည်းက နောက်နေ့အတွက်အဝတ်အစားတွေကို ရွေးချယ်ထားပြီး မီးပူတိုက်ထားပါ။ ဒါမှ ဝတ်ခါနီးမှာ ကြယ်သီးပြုတ်တာတွေ၊ ချုပ်ရိုးပြဲတဲ့ပြဿနာတွေ မရှိတော့ဘဲ သပ်သပ်ရပ်ရပ်လေး ဝတ်ဆင်နိုင်မှာပါ။ သင့်အနေနဲ့ အလုပ်က အိမ်ပြန်နောက် ကျလို့ ပင်ပန်းနေတယ်ဆိုရင်လည်း ရုံး ပိတ်ရက်တွေမှာ တစ်ပတ်စာ ဝတ်မယ့် အဝတ်အစားတွေကို ကြိုတင်ပြင်ဆင် ထားပါ။

လက်ကိုင်ဖုန်းကို အကြာကြီးအသုံးပြုနေခြင်း
မနက်ပိုင်းအချိန်မှာ သတင်းသိချင် တာနဲ့ သူငယ်ချင်းရဲ့ လှုပ်ရှားမှုကို သိချင် နေတာကြောင့် ဖုန်းအကြာကြီး အသုံးပြု နေခဲ့ရင် အခုချိန်ကစပြီး ဖုန်းကိုလျှော့ သုံးသင့်ပါတယ်။ ဖုန်းအသုံးပြုမယ့်အစား မနက်စာစားတာ ဒါမှမဟုတ် ရေချိုးတာ မျိုးတွေအတွက်သာ အချိန်ကုန်ခံလိုက်ပါ။

ကွေကာတစ်ပန်းကန်စားသုံးခြင်း
မနက်ပိုင်းအချိန်မရသူတွေအတွက် ထိပ်တန်းနံပါတ်တစ်အစားအစာဖြစ်ပါ တယ်။ ဒါပေမဲ့ သင် သိထားဖို့က ကွေကာ တစ်ပန်းကန်မှာ သကြား စားပွဲဇွန်း လေးဇွန်းစာအထိ ပါဝင်ပါတယ်။ ဒါ့အ ပြင် ကွေကာထဲမှာ နွားနို့ ဒါမှမဟုတ် ဒိန် ချဉ်ထည့်သုံးတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့မနက်စာဖြစ်သွားတတ်ပါ တယ်။ မနက်ပိုင်းမှာ သစ်သီး စားပေးပါ။ အချိန်ရရင် ကြက်ဥပြုတ်စားပါ။

အစာစားပြီးပြီးချင်း သွားတိုက်ခြင်း
မနက်ပိုင်းမှာ အချိန်မလုံလောက်တဲ့ အတွက် လူအများစုက နံနက်စာစားပြီးမှ သွားတိုက်တဲ့အကျင့်ကို ရွေးချယ်တတ် ကြပါတယ်။ မနက်စာအတွက် သင်စား သုံးလိုက်တဲ့ သစ်သီး၊ ဖျော်ရည်နဲ့ တခြား အစားအစာတွေမှာ ပါဝင်တဲ့အက်စစ်တွေ ကြောင့် သွားရဲ့ကြွေလွှာတွေက ထိခိုက် လွယ်နိုင်တဲ့အတွက် အစာစားပြီးပြီးချင်း သွားတိုက်တာက ကြွေလွှာတွေ ပျက်စီး နိုင်ပါတယ်။ အစာစားပြီးပြီးချင်းမှာ ရေနဲ့ သာ ပလုတ်ကျင်းသင့်ပါတယ်။ အနည်း ဆုံး မိနစ် ၃၀ စောင့်ပြီးမှသာ သွားတိုက်ပါ။

ဘလက်ခ်ကော်ဖီသောက်ခြင်း
အိပ်ရာထခါစမှာ ဘလက်ခ်ကော် ဖီသောက်တာက ခန္ဓာကိုယ်အတွင်း ကော်တီစောဟော်မုန်းတွေ မြင့်တက် လာနိုင်ပါတယ်။ ကော်တီစောတွေ မြင့် မားလာတာကြောင့် စိုးရိမ်စိတ်တွေလည်း များလာပါတယ်။ ဒါ့အပြင် ဘလက်ခ် ကော်ဖီသောက်တာကြောင့် အစာအိမ် ရောင်ရမ်းနိုင်ပါတယ်။ ဘလက်ခ်ကော်ဖီ ထဲကို နွားနို့ ထည့်သောက်ပါ။
အထက်ပါအမူအကျင့်တွေက ပြောင်းလဲနိုင်ဖို့ဟာ သင်ထင်သလောက် မခဲယဉ်းတဲ့အတွက် သင့်အနေနဲ့ အချိန် မီ ပြောင်းလဲလိုက်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *