ဓာတ်လိုက်ခြင်းအတွက် အရေးပေါ်ပြုစုနည်းများ

ဓာတ်လိုက်တာက တခြားအချိန် တွေထက် မိုးရာသီမှာ ပိုပြီးတော့ ဖြစ်နေ တတ်ပါတယ်။ ရေကြီးရေလျှံတာနဲ့ ရာသီ ဥတုကြောင့် ဓာတ်ကြိုးပျက်ကျတာက နေရာဒေသမရွေး ဖြစ်ပွားနိုင်တဲ့အတွက် ဓာတ်လိုက်တာကလည်း သင့်အတွက် လက်တစ်ကမ်းဖြစ်လာနိုင်ပါတယ်။ အခု တလော အပြစ်မဲ့တဲ့ကျောင်းသား၊ ညီ ငယ်တွေ မကြာခဏဆိုသလို ဓာတ်လိုက် ပြီး အသက်အန္တရာယ်ဆုံးရှုံးရတဲ့အတွက် လူတိုင်းလူတိုင်း ဓာတ်လိုက်လာရင် သိ ထားသင့်တဲ့အရေးပေါ် ပြုစုကုသနည်း တွေကို သင်ရော သင်ချစ်တဲ့လူတွေပါ မ ဆုံးရှုံးရစေဖို့ ဖော်ပြပေးလိုက်ရပါတယ်။
ဓာတ်လိုက်တာကို အနည်းနဲ့အများ ဆိုသလို လူတိုင်းခံစားဖူးတတ်ပါတယ်။ ဒါပေမဲ့ လူတိုင်းတော့ အသက်အန္တရာယ် မဆုံးရှုံးကြပါဘူး။ ဒါဟာ လျှပ်စစ်ဓာတ် အားလိုင်း၊ Voltage ပမာဏ၊ ခန္ဓာကိုယ် ထဲ စီးဝင်သွားတဲ့ လျှပ်စစ်ပမာဏ၊ လျှပ် ကူးနိုင်စွမ်း၊ လူတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ကျန်းမာရေးအနေအထားနဲ့ ထိ ရောက်တဲ့ကုသမှုခံယူတာ စတဲ့ အကြောင်း အရာတွေပေါ် မူတည်ပါတယ်။ အပေါ် ကအချက်တွေကို ပြင်ဆင်ခွင့်မရှိပေမဲ့ ထိရောက်တဲ့ အရေးပေါ်ကုသမှုတွေကို အချိန်မီလုပ်နိုင်ရင် အသက်ရှင်ဖို့ အခွင့် အရေးရနိုင်မှာပါ။
သတိပြုဖို့အချက်တွေကတော့-
♦ ဓာတ်လိုက်နေတဲ့ လူတစ်ယောက် ဟာ ဆက်ပြီး ဓာတ်လိုက်နေတုန်းဆိုရင် လုံးဝ မထိပါနဲ့။
♦ ဓာတ်အားလိုင်းက voltage မြင့် တယ်ဆိုရင် ဒါမှမဟုတ် မီးပွားတွေ ထွက် နေတုန်းဆိုရင် လျှပ်စစ်မိန်း မချထား မချင်း လုံးဝမကိုင်တွယ်ပါနဲ့။
♦ အသက်အန္တရာယ် မစိုးရိမ်ရဘူးဆို ရင် ဓာတ်လိုက်ခံရသူကို မရွှေ့ပါနဲ့။
ဘယ်အချိန်မှာ နီးစပ်ရာဆေးရုံကို အမြန်ဆုံး ပို့ဆောင်သင့်လဲ
♦ ခန္ဓာကိုယ်အနှံ့ မီးလောင်ကျွမ်းမှုများ
♦ သတိလစ်မေ့မြောနေခြင်း
♦ အသက်ရှူရခက်ခဲခြင်း
♦ နှလုံးခုန်သံ မမှန်ခြင်း
♦ နှလုံးခုန် ရပ်ခြင်း
♦ ကြွက်သား နာကျင်ကိုက်ခဲမှုများ
♦ တက်ခြင်း
အဲဒီလက္ခဏာတွေရှိလာရင်တော့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်သင့်ပါ တယ်။
ကျန်းမာရေးအကူအညီတွေ မရနိုင်သေးခင်မှာ လုပ်နိုင်တဲ့အရာတွေကတော့-
♦ ဓာတ်အားမိန်းကို အရင်ချပါ။ ဖြစ် နိုင်ရင် လျှပ်စစ်မစီးနိုင်တဲ့ ပလတ်စတစ်၊ ၀ါးအစရှိတာတွေ အသုံးပြုပြီးတော့ ဓာတ် လိုက်နေသူကို လျှပ်စီးကြောင်းနဲ့ ဝေးရာ ကို ဖယ်ထုတ်ပါ။
♦ အသက်မရှူတာ၊ ချောင်းဆိုးတာ ဒါ မှမဟုတ် မလှုပ်မရှားနိုင်ဖြစ်နေရင် အ ရေးပေါ် အသက်ကယ်ဆယ်နည်း CPR ကို လုပ်ဆောင်ပါ။
♦ မှန်ကန်တဲ့ အသက်ကယ်ဆယ်နည်း ဖြစ်ဖို့အတွက် လက်ဖနောင့်အားကို အ သုံးပြုပြီး ရင်ညွန့်ကို အကြိမ် ၃၀ ဖိရပါ မယ်။ အဆိုပါအချိန်မှာ ဦးခေါင်းကနေ တစ်ယောက်က မေးရိုးကို ဆွဲထားရမှာ ဖြစ်ပြီး ရင်ညွန့်ဖိတဲ့ အကြိမ် ၃၀ ပြည့်တဲ့ အချိန်မှာ Mouth to mouth လေရှူ သွင်းပေးတာကို နှစ်ချက်လုပ်ရပါမယ်။ ပြီးရင်တော့ ရင်ညွန့်ဖိတာကို အကြိမ် ၃၀ ပြန်လည်လုပ်ဆောင်ရမှာပါ။
♦ ဒဏ်ရာရနေတဲ့ မီးလောင်နေတဲ့နေ ရာတွေကိုတော့ အ၀တ်သန့်သန့် ဒါမှမ ဟုတ် အနာကပ်တဲ့ ကပ်ခွာနဲ့ အရင်အုပ် ပြီး ပတ်တီးစည်းထားသင့်ပါတယ်။
♦ လူနာကို နီးစပ်ရာဆေးရုံကို အမြန် ဆုံး လွှဲပြောင်းပေးသင့်ပါတယ်။ ဒါမှသာ ဓာတ်လိုက်တာရဲ့ မလိုလားအပ်တဲ့ နောက် ဆက်တွဲတွေကို အချိန်မီရှောင်ကြဉ်နိုင်ပြီး အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ။

◘ ဒေါက်တာအောင်ကျော်မြင့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *