ချောကလက်မှာ ယေဘုယျအားဖြင့် အဖြူ ရောင်၊ အညိုရောင်၊ အနက်ရောင်ဆိုပြီးရှိပါတယ်။ ကိုကိုးမှုန့်(Cocoa)ပါဝင်မှုများလေ ချောကလက်ရဲ့ ကောင်းတဲ့ အာနိသင်များများရလေ ဖြစ်ပါတယ်။ Dark Chocolate က ကိုကိုးမှုန့်ပါဝင်မှု အများဆုံး ဖြစ်ပါတယ်။Brown Chocolate ကတော့ ပုံမှန် အချိုးအစားအတိုင်းပါဝင်ပါတယ်။White Chocolate ကတော့ ဟင်းသီးဟင်းရွက်အဆီ (Vegetable Fat)တစ်မျိုးဖြစ်တဲ့ Cocoa Butter ကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ကိုကိုးမှုန့် ပါဝင်မှု များလေ ချောကလက်အရောင်ရင့်လေဖြစ်ပြီး ပုံ မှန်ချောကလက်တွေထက် ပိုခါးပါတယ်။
ကိုကိုးမှုန့်(Cocoa)
Cocoa ရဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ အချက်တွေကတော့ –
(၁) အာဟာရဓာတ်ကြွယ်ဝတယ်
ကိုကိုးမှုန့်မှာ အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တွေပါ ဝင်ပါတယ်။ ကိုကိုးမှုန့် ၇၀-၈၅% ပါဝင်တဲ့ ချောက လက် ၁၀၀ ဂရမ်မှာ အမျှင်ဓာတ် ၁၁ ဂရမ် ပါဝင် ပါတယ်။ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ကော့ပါး၊ ပိုတက်စီယမ်၊ ဖော့စဖရပ်၊ ဇင့်၊ ဆီလီနီယမ် စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ အဓိကက တော့ ကိုကိုးမှုန့်ပါဝင်မှုများတဲ့ Dark Chocolateန ကို အနေတော် ပမာဏစားပေးပါ။ အများကြီးတော့ မစားပါနဲ့။
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တယ်
ကိုကိုးစေ့မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့ ပေါ်လီဖီနော၊ ကတီချင်၊ ဖလေဗိုနွိုက်တွေ အများအပြားပါဝင်ပါတယ်။
သွေးလည်ပတ်မှုကောင်းစေပြီး သွေးဖိအားကို ကျစေတယ်
ကိုကိုးက ခန္ဓာကိုယ်တွင်း နိုက်ထရစ်အောက် ဆိုဒ်ကိုထွက်စေပါတယ်။ ဒါက သွေးကြောတွေ အပေါ် ဖိအားသက်ရောက်မှုကို လျော့နည်းစေပါ တယ်။
ကောင်းတဲ့ကိုလက်စထရောကိုတက်စေတယ်
ကောင်းတဲ့ ကိုလက်စထရောဖြစ်တဲ့ HDL ကိုမြင့်တက်စေပြီး မကောင်းတဲ့ ကိုလက်စထရော ဖြစ်တဲ့ LDL ကို လျော့ကျစေနိုင်ပါတယ်။ ဒါ ကြောင့် နှလုံးရောဂါနဲ့ ဆီးချိုဖြစ်နိုင်ခြေ လျော့ နည်းစေပါတယ်။
အသားအရေကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးတယ်
ကိုကိုးမှုန့်မှာပါဝင်တဲ့ ဖလေဗိုနောဒြပ်ပေါင်း က နေရောင်ကြောင့် အသားအရေပျက်စီးမှုကို အထိုက်အလျောက်ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကမ်းခြေကို ခရီးထွက်မယ်ဆိုရင် မထွက်ခင် ရက် သတ္တပတ် အနည်းငယ်အလိုမှာ ကိုကိုးမှုန့်ပါဝင်မှု များတဲ့ ချောကလက် စားပေးထားပါ။
ထူးဒါလီကိုကို (MPharm)