ရုပ်ရှင်ကြည့်ရတာကို လူတိုင်းနှစ် သက်ကြပါတယ်။ နေ့တိုင်းမကြည့်ဖြစ် ရင်တောင် အားလပ်ရက်မှာအချိန်ဖဲ့ပြီး ရုပ်ရှင်သွားကြည့်ကြလေ့ရှိပါတယ်။ ဒါ ကြောင့်လည်း ပိတ်ရက်တွေမှာဆိုရင် ရုပ်ရှင်ရုံတွေက လူအပြည့်နဲ့ စည်ကား နေတာတွေ့ရမှာပါ။ ရုပ်ရှင်ကြည့်တာ က ဘာကောင်းကျိုးတွေ ရနိုင်မလဲဆို တော့ –
(၁) ဘ၀သင်ခန်းစာ သင်ယူနိုင်မယ်
ရုပ်ရှင်ဇာတ်လမ်းအမျိုးမျိုးက ပေး တဲ့ မက်ဆေ့အမျိုးမျိုးကို သင်ယူနိုင်ပါ တယ်။ လူတွေအကြောင်း၊ ဘ၀အ ကြောင်းကို လူကြီးမိဘတွေက လက် ဆင့်ကမ်းပြန်ပြောပြသလိုပါပဲ ရုပ်ရှင် တွေကနေ ဘ၀ဇာတ်ခုံအမျိုးမျိုးကို သင်ကိုယ်တိုင်ကြုံတွေ့စရာမလိုဘဲ သင်ယူနိုင်ပါတယ်။ ခက်ခဲတဲ့ ဘ၀သင် ခန်းစာတွေ၊ ပြဿနာဖြေရှင်းနည်းတွေ ကို လေ့လာနိုင်ပါတယ်။
(၂) စိတ်ခံစားမှုကောင်းစေမယ်
ရုပ်ရှင်ကြည့်ရင်း ငိုတာ၊ ရယ်တာ တွေကနေ တင်းမာနေတဲ့ စိတ်ခံစားမှု တွေကိုလျော့ကျစေပါတယ်။ စိတ်ဖိစီး တာ၊ ဝမ်းနည်းစရာတွေကိုလည်း ပြေ ပျောက်သွားစေနိုင်ပါတယ်။ စိတ်အရမ်း ညစ်နေရင်တောင်မှ ဝမ်းနည်းစရာ ကောင်းတဲ့ ဇာတ်လမ်းကိုကြည့်လိုက်ရင် ငါ့အဖြစ်က ဒီလောက်တော့ မဆိုးသေး ပါဘူးဆိုပြီး အားတက်သွားစေနိုင်ပါ တယ်။
(၃) ပိုပြီး သတိရှိလာမယ်
ပိုပြီး အသိ၊ သတိရှိလာစေပါတယ်။ ရုပ်ရှင်တွေထဲမှာ သူခိုးလူဆိုးတွေရဲ့ စ ရိုက်သွင်ပြင်ဘယ်လိုရှိလဲ လေ့လာနိုင် မယ်၊ အစက လူကောင်းထင်နေတဲ့ သူ က လူဆိုးဖြစ်နေတာကိုကြည့်ပြီး အပြင် ပန်းအသွင်အပြင်တစ်ခုတည်းနဲ့ လူဆိုး လူကောင်း ခွဲမရနိုင်တာ သိလာမယ်၊ ဘာ တွေလုပ်ရင် အန္တရာယ်များတယ်၊ ဘယ် လိုအချိန်ဆိုရင်အပြင်မထွက်သင့်ဘူး စ သဖြင့် လက်တွေ့ဘ၀ထဲမှာ ကိုယ့်ကိုယ် ကိုယ်ပြန်ပြီး အသိ၊ သတိပိုရှိဖို့ သိလာ နိုင်ပါတယ်။
(၄) တီထွင်ဖန်တီးနိုင်စွမ်း မြင့်လာမယ်
အတွေ့အကြုံအသစ်၊ ခံစားမှုအ သစ်တွေရရှိစေမယ်။ လူစွမ်းကောင်းတွေ၊ စွမ်းအားရှင်တွေ၊ သဘာဝလွန်ဖြစ်ရပ် တွေအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းတွေကလည်း သင့်ကို အတွေး အမြင်သစ်ရရှိစေပြီး တီထွင်ဖန်တီးနိုင် စွမ်းအားကိုလည်း တိုးမြင့်စေနိုင်ပါတယ်။
(၅) လူမှုအပေါင်းသင်းဆက်ဆံရေး ကောင်း လာမယ်
မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ် ချင်းတွေနဲ့တူတူ ရုပ်ရှင်သွားကြည့်လိုက် တာက အချင်းချင်း ရင်းနှီးမှုကိုလည်း ပို တိုးစေပါတယ်။ ရုပ်ရှင်အကြောင်း ဆွေး နွေးမယ်၊ အတွေး၊ အမြင်ဖလှယ်မယ်၊ စ တာတွေကနေ Sသခငal နထစနမငနညခနျ တွေတိုးတက်ကောင်းမွန်လာစေပါတယ်။
ကျန်းမာရေးထိခိုက်နိုင်လား
ရုပ်ရှင်ကြည့်တာက ကျန်းမာရေး ထိခိုက်လားဆိုရင် အအိပ်မေ့၊ အစားမေ့ ပြီး ရုပ်ရှင်ပဲ တစ်နေ့တစ်နေ့ ထိုင်ကြည့် နေရင်တော့ အိပ်ချိန်မပြည့်ဝတာရယ်၊ အစာစားချိန် ပုံမှန် မရှိတာရယ်ကြောင့် ကျန်းမာရေးကို ထိခိုက်မှာပါ။ အိပ်ချိန်မ ပြည့်ဝတာကြောင့် စိတ်ဖိစီးတာ၊ စိတ်တို ဒေါသထွက်တာ၊ ခေါင်းမကြည်တာ၊ အ လုပ်လုပ်နိုင်စွမ်းကျတာ စတာတွေဖြစ် နိုင်ပြီး ရုပ်ရှင်ကြည့်ချိန်များရင် အဝလွန် ရောဂါနဲ့ ဆက်စပ်တဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ပါတယ်။
ဒီနေ့ခေတ်မှာ လူအတော်များများ က Screen Time များလာပါတယ်။ Sedantary Lifestyle လို့ခေါ်တဲ့ အထိုင်အလှဲများတဲ့ အလေ့အကျင့်က ကျန်းမာရေးပြဿနာတွေကို ယူဆောင် လာနိုင်ပါတယ်။ အလုပ်မှာရော၊ ကျောင်း မှာရော စခရင်မ်ကြည့်ရတဲ့အချိန်က များ နိုင်တာမို့ ရုပ်ရှင်ကြည့်ချိန်ကို သတ်သတ် မှတ်မှတ်ထားပြီး လျှော့ကြည့်နိုင်ရင် တော့ အကောင်းဆုံးပါ။
ထူးဒါလီကိုက်ု (MPharm)