ဟော်လိုဝင်း (Halloween) ပွဲတော် ဆိုတာကတော့ အနောက်နိုင်ငံတွေရဲ့ ဓလေ့ပွဲတော်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ မြန်မာ နိုင်ငံမှာလည်း နိုင်ငံတကာရဲ့ ရိုးရာဓလေ့ ပွဲတော်တွေ အတော်များများ ကျင်းပလာကြပါပြီ။ ဒီထဲမှာမှ ဟော်လိုဝင်းပွဲတော်ကတော့ ထူးခြားတဲ့ ပွဲတော်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဟော်လိုဝင်းပွဲတော်ပါတီတွေ ကျင်းပတဲ့အခါ ကြောက်စရာကောင်းတဲ့ မိတ်ကပ်အပြင်အဆင်တွေ ဖန်တီးတာ၊ သွေးစုပ်ဖုတ်ကောင်၊ Zombie၊ သရဲ ပုံတွေလို ဝတ်ဆင်တာတွေလည်း တွေ့ရပါတယ်။
ဒီအပတ်မှာတော့ ဟော်လိုဝင်းပွဲတော်အတွက် ကိုယ်တိုင်ပြင်ဆင်ခြယ်သနိုင်ဖို့ လွယ်ကူတဲ့ Corpse Bride ကာတွန်းဇာတ်လမ်းထဲက မိတ်ကပ် Look ကိုရွေးချယ်ထားပါတယ်။
Corpse Bride
ဒီဇာတ်လမ်းလေးကို အတော်များများဆယ်ကျော်သက်တွေ ကြည့်ဖူးမှာပါ။ သူမရဲ့ သနားစရာ အချစ်ဇာတ်လမ်းလေးနဲ့အတူ သေရွာက လူတွေနဲ့ သက်ရှိလူ တွေကြား Drama ဇာတ်လမ်းလေး ဖန်တီးထားတာဖြစ်ပါတယ်။ မကြည့်ရသေးရင်လည်း တစ်ခေါက်လောက်ကြည့်လိုက်ပါအုံးလို့၊ ဟော်လိုဝင်းလည်း နီးနေပြီမို့ Halloween Vibe လေးရမှာပါ။
Corpse Bride Creation
(၁) အရင်ဆုံး ဆံပင်တွေကို အပြောင် သိမ်းထားပါ။ Face Paint အပြာနုနဲ့ အပြာရင့်လိုပါတယ်။ တကယ်လို့ မရှိရင် မိတ်ကပ်အဖြူကို အိုင်းရှဲဒိုး အပြာရောင် သုံးပါ။ မျက်နှာနဲ့ လည်ပင်းမှာ ညီအောင် Brush နဲ့ခြယ်ပါ။ မျက်ခုံးအောက်ကိုလည်းခြယ်ဖို့မမေ့ပါနဲ့၊ မျက်ခွံကိုတော့ ချန်ခဲ့ပါ။
(၂) ဒုတိယအဆင့်အနေနဲ့ အနက်ရောင် Face Paint ကိုသုံးပြီး မျက်ခုံးမွေးခြယ်ပါမယ်။ Face Paint ကို ရေမရောပါနဲ့။ မျက်ခုံးမွေးခြယ်တဲ့အချိန်မှာ ဝမ်းနည်းစရာကောင်းတဲ့အတွေးတစ်ခုတွေးပြီး ဆွဲပါ၊ ပိုအသက်ဝင်မှာပါ။ Corpse Bride ရဲ့ character အရ သူမက ဝမ်းနည်းလွယ်သူပါ။
(၃) အိုင်းရှဲဒိုးအပြာရင့်ကို မျက်ခွံပေါ်မှာ ခြယ်ပါမယ်။ မျက်ခုံးနားထိတဖြည်းဖြည်း အရောင်ဖျော့သွားပါ။ အနက်ရောင်လိုင်နာကို မျက်တောင်နားမှာခြယ်ပြီး blend လုပ်သွားပါ။ မျက်လုံးအောက်မှာ အပြာနုရောင်ခြယ်ပြီး blend လုပ်ပါ။
(၄) Contour လုပ်ဖို့ Flat Brush ကိုသုံးပါ။ အပြာရင့်ရောင်နဲ့ အနက်ရောင် ရှဲဒိုးကို သုံးပါမယ်။ မေးရိုးတစ်လျှောက်၊ နဖူး၊ လည်ပင်းနဲ့ ရင်ဘတ်ပေါ်က အရိုးတွေကို ပုံဖော်ပါ။
(၅) Corpse Bride က နှာတံချွန်ချွန်လေးမို့ နှာတံပုံဖော်ဖို့ ဘရပ်ရှ်အသေးကို သုံးပါ။ Face Paint အနက်ရောင်ကို သုံးပြီး နှာခေါင်းပေါက်တစ်ဖက်စီမှာ တြိဂံ ပုံစံခြယ်ပါ။ လိုအပ်တဲ့နေရာကို ရှဲဒိုးနဲ့ လိုက်ဖြည့်ပါ။
(၆) နှုတ်ခမ်းပေါ်မှာ ကွန်ဆယ်လာ အရင် ဖုံးပါ။ နှုတ်ခမ်းလိုင်နာနဲ့ ပုံဖော်ပါ။ ခြယ်နေတဲ့အချိန်မှာ Corpse Bride ပုံကို reference အနေနဲ့ကြည့်ဖို့ အနားမှာယူထားပါ။ နှုတ်ခမ်းနီပန်းရောင်ထပ်ခြယ်ပါ။ အိုင်းလိုင်နာကိုသုံးပြီး နှုတ်ခမ်းပုံကြွသွားအောင် အနားသတ်ပေးနိုင်ပါတယ်။
(၇) မျက်နှာပေါ်က လိုအပ်တဲ့ ဒဏ်ရာ ပုံစံတွေကိုလည်း အိုင်းလိုင်နာ၊ အိုင်းရှဲဒိုး တွေသုံးပြီး နောက်ဆုံးပိတ် လိုက်ဖြည့် လိုက်ရင် Corpse Bride Makeup Look ကို ရပါပြီ။
Happy Halloween Everyone!
♥ #Darliko ♥