နေ့စဉ် မိနစ် ၂၀ မျှ ယောဂလေ့ကျင့်ပေးခြင်းဖြင့် အိုမင်းချိန်ထိဉာဏ်ရည်ထက်မြက်နိုင်

မိုင်ယာမီတက္ကသိုလ်ရဲ့လေ့လာချက်အသစ်အရ နေ့စဉ် မိနစ် ၂၀ မျှ ယောဂလေ့ကျင့်ပေးတာက အသက်အရွယ်အိုမင်း လာချိန်ထိ ဉာဏ်ရည်ထက်မြက်လာစေနိုင်တယ်လို့ သိရပါတယ်။ နေ့စဉ်ယောဂလေ့ကျင့်ပေးတာအပြင် လမ်းလျှောက်ပေးတာကလည်း အိုမင်းချိန်ထိ ဉာဏ်ရည်ထက်မြက်နေစေဖို့ အထောက်အကူပြုတယ်လို့ မိုင်ယာမီမေလာဆေးတက္ကသိုလ်မှ သုတေသနဦးဆောင်သူ ဒေါက်တာဂျွိုက်စ်ဂိုမက်စ်အော့စမန်ကဆိုပါတယ်။ သုတေသနလေ့လာမှုမှာ လူပေါင်း ၁၁၀၀၀ ကျော်နဲ့ လေ့လာခဲ့ကြတာဖြစ်ပြီး ယောဂလေ့ကျင့်တာနဲ့ အပေါ့စားလေ့ကျင့်ခန်းလေးတွေကို နေ့စဉ်မိနစ် ၂၀ ခန့်ပြုလုပ်စေခဲ့တာဖြစ်ပြီး အကျိုးရလဒ် အနေနဲ့နေ့စဉ်နည်းနည်းနဲ့ ပုံမှန်လေ့ကျင့်ခန်းကို ကာလရှည်ကြာစွာ ပြုလုပ်လာခဲ့သူတွေမှာ ဉာဏ်ရည်ပိုင်းဆိုင်ရာ ယုတ်လျော့မှုမရှိဘဲ မူလအတိုင်း ဉာဏ်ရည်ထက်မြက်နေမြဲဖြစ်စေတာကို လေ့လာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေကြောင့် ကိုယ်လက်လှုပ်ရှားမှုဖြစ်စေပြီး သွေးလည်ပတ်မှုပုံမှန်ဖြစ်စေကာ ဦးနှောက်တွင်းမှတ်ဉာဏ်ပိုင်းဆိုင်ရာထောက်ပံ့မှုတွေလည်းဖြစ်စေတာကြောင့် အသက်အရွယ်အိုမင်းချိန်မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့တဲ့မှုဖြစ်စဉ်တွေ ဖြစ်နိုင်ခြေနည်းပါးလာစေတာဖြစ်တယ်လို့ ဒေါက်တာအော့စမန်က ပြောကြားသွားခဲ့ပါတယ်။ ◘ (DM,31.5.18) သံသာ

နေ့စဉ်ဒိန်ချဉ်စားသုံးခြင်းက ပန်းနာရင်ကျပ်၊ အဆစ်ရောင်ရောဂါနှင့် နှလုံးရောဂါကိုကုသရာတွင် အထောက်အကူဖြစ်နိုင်

နေ့စဉ်ဒိန်ချဉ်ပုံမှန်စားသုံးတာက အဆီများတဲ့အစားအသောက်တွေ စားသုံးတာကြောင့်ဖြစ်လာတဲ့ဆိုးကျိုးတွေကို တိုက်ထုတ်ရာမှာ အထောက်အကူဖြစ်စေနိုင်တယ်လို့ သုတေသီတွေကဆိုခဲ့ကြပါတယ်။ဒိန်ချဉ်ကို မနက်စာအဖြစ် မှီဝဲမယ်ဆိုရင် ဆိုးကျိုးတွေရှိတဲ့အကိုက်အခဲ ပျောက်ဆေးတွေကို မှီခိုရတာနည်းသွားနိုင်ပါတယ်။ ဒိန်ချဉ်ရဲ့အဓိကလုပ်ဆောင်မှုက ရောင်ရမ်းမှုတွေကိုသက်သာစေတာကြောင့် အဆစ်ရောင်ရောဂါ၊ ပန်းနာရင်ကျပ်၊ အူမကြီးပြဿနာ၊ အ၀လွန်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ တခြားနာတာရှည်ရောဂါတွေနဲ့ဆက်စပ်မှု ရှိနေတာကိုမြင်တွေ့ရပါတယ်။ သုတေသီတွေရဲ့လက်တွေ့လေ့လာမှုတွေအရ အစားမစားခင်မှာ ဒိန်ချဉ်စားပေးမယ်ဆိုရင် အစားစားပြီးတဲ့နောက်ပိုင်း ဇီဝတွင်းဖြစ်စဉ်ကိုကောင်းမွန်စေပြီး နှလုံးသွေးကြော ကျဉ်းရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးပါ တယ်။ ဒါ့အပြင် ဒိန်ချဉ်ဟာ နာတာရှည် နာကျင်ကိုက်ခဲမှုဝေဒနာတွေကို ခံစားနေရတဲ့အဆစ်ရောင်ရောဂါသည် လိုလူနာတွေမှာ အန္တရာယ်ဖြစ်စေတဲ့ရောင်ရမ်းမှု တွေကိုလျှော့ချပေးပြီး အကိုက်အခဲ ပျောက်ဆေးတွေသောက်ရတဲ့အကြိမ်အရေအတွက်ကိုလည်းနည်းသွားစေနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေက ဒိန်ချဉ်ရဲ့အကျိုးကျေးဇူးတွေကို နှစ်ပေါင်း ၂၀ ကျော် ကြာအောင်လေ့လာနေခဲ့ကြတာဖြစ်ပြီးတော့ ဒိန်ချဉ်ဟာ အူလမ်းကြောင်းတွင်းမှာရှိတဲ့ ကောင်းမွန်တဲ့ဘက်တီးရီးယား ပမာဏကိုလည်းမြင့်တက်စေပါတယ်။ ရလဒ်အနေနဲ့ endotoxins လို့ ခေါ်တဲ့ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ မော်လီကျူးလေးတွေကို သွေးထဲရောက်ရှိမသွားအောင် […]

အများပြည်သူလူထု သုံးစွဲရန်မသင့်တော်သော အလှကုန်ပစ္စည်းများ ထုတ်ပြန်ကြေငြာ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း ၃ မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်း (မာကျူရီ) ပါဝင်နေကြောင်း စစ်ဆေးတွေ့ရရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။   စဉ် အလှကုန်ပစ္စည်းအမည် ထုတ်လုပ်သည့်ကုမ္ပဏီ တွေ့ရှိချက် ၁ Due Beauty Cream Kreative Cosmetics (Pvt) Ltd., Pakistan Mercury (+) ၂ Momiji 66 Sixty Six Every Day Fancy Girl Made in Thailand Mercury (+) ၃ HUASHUZI Ginseng […]

ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင် အရေးပေါ်ဆေးပညာဌာနသို့ N 95 mask များ လှူဒါန်း

 

ဆေးတက္ကသိုလ်(၁) ကျောင်းသူကျောင်းသားဟောင်းများအသင်းမှ ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင် အရေးပေါ်ဆေးပညာဌာန( EM Department) , Medical Observation, Surgical Observation, Ortho / Trauma Observation , Medical Unit 1,2,3 & 4 အဏုဇီဝ ဓါတ်ခွဲခန်း ဓါတ်မှန်ဌာန စသည့်အရေးပေါ်လူနာများနှင့်ပထမဦးဆုံးထိတွေ့နေသူ H1N1 positive လူနာများ ကို အနီးကပ် ကိုင်တွယ် ကုသ ပေးနေရသူ ဆရာဝန်ဆရာမ ဆေး ၀န်ထမ်းများအတွက်N 95 mask (၅၀၀) နှင့် instant alcohol gel ဘူ (၅၀၀) ကို YGH တွင်သွားရောက်လှုဒါန်းခဲ့ပါသည်။ Read more about ရန်ကုန် ပြည်သူ့ဆေးရုံကြီး တွင် အရေးပေါ်ဆေးပညာဌာနသို့ N 95 mask များ လှူဒါန်း

ကလေးများနှင့်တုပ်ကွေးရာသီ

တုပ်ကွေးရာသီဆိုတာ ကလေးတွေရော၊ လူကြီးတွေပါ နှစ်စဉ် ကြုံတွေ့ ကျော်လွှားရမယ့် အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ လူကြီးတွေကတော့ ထိုက်သင့်တဲ့အလျောက် ကျန်းမာရေး အတွက် ဂရုစိုက်ပြုမူနေထိုင်တတ် ကြပေမဲ့ ဘာမှမသိနားမလည်သေးတဲ့ ကျောင်းတက်စအရွယ် ကလေးငယ်တွေအတွက် ကျန်းမာရေးအသိပညာ ပေးဖို့လိုအပ်ပါတယ်။ Read more about ကလေးများနှင့်တုပ်ကွေးရာသီ