ခရီးထွက်သင့်ကြောင်း သိနိုင်သော လက္ခဏာများ

လူအတော်များများကတော့ ခရီး ထွက်ရတာ နှစ်သက်ကြပေမယ့် လူ တချို့ကတော့ အိမ်ကနေ ဘယ်မှမသွား ချင်တဲ့သူတွေလည်း ရှိပါတယ်။ ခရီး ထွက်ချင်ပေမယ့် အချိန်မပေးနိုင်တာ၊ အလုပ်တွေကြောင့် စိတ်မဖြောင့်ရတာ တွေရှိနေရတတ်ပါတယ်။ ဒါပေမဲ့ ဘယ် လောက်ပဲ လုပ်စရာအလုပ်တွေများများ အနည်းဆုံး တစ်နှစ်ကို တစ်ခေါက်တော့ အပန်းဖြေခရီးသွားသင့်ပါတယ်။

ခရီးလုံးဝ မသွားတဲ့သူတွေဟာ လူ မှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေမှာ ထိခိုက်လာနိုင်တယ်လို့ သုတေသီတွေ က ဖော်ပြထားပါတယ်။ သင်နဲ့ပေါင်း သင်း ဆက်ဆံနေတဲ့ လူတွေကို ကြည့် လိုက်ရင် ပြဿနာအသေး အဖွဲလေးတွေ ကိုတောင် ဖြေရှင်းရခက်နေတာ၊ အလွယ် တကူ သိနိုင်တာကိုမသိတာ၊ စိတ်က ငြိုငြင်နေပြီး အလိုမကျဖြစ်နေတဲ့သူတွေ့ ရင် သူဟာ ခရီးထွက်သင့်နေပြီလို့ သိနိုင် ပါတယ်။ သင်ကိုယ်တိုင်ဟာလည်း ဒီလို ဖြစ်လာရင် ခရီးထွက်ဖို့ ပြင်ဆင်ပါ။
နောက်တစ်ချက်က သင်ချစ်ခင်တဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အ ဆက်အသွယ်ပြတ်နေပြီလို့ ခံစားရတဲ့ အ ချိန်ပါ။ သင်ဟာ အလုပ်များတာကြောင့် မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ မွေးနေ့ပွဲ၊ အလှူ စတဲ့ လူမှုရေးတွေမှာ လစ်ဟင်းတာများလာရင် အားလပ်ချိန် ယူလိုက်ပြီး အချိန်ပေးလိုက်ပါ။ နောင် တစ်ချိန်ရောက်မှ အချိန်မပေးလိုက်ရ လေခြင်းဆိုပြီး နောင်တရတဲ့သူတွေ အများကြီး တွေ့ရကြောင်း သုတေသီ တွေက ဆိုထားပါတယ်။
နောက်ပြီး သင်အိပ်ရာက နိုးတဲ့အ ခါ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း နိုးသလား၊ ငြီးငွေ့ပင်ပန်းပြီး နိုးလာ သလားဆိုတာကို ကြည့်ပါ။ ငြီးငွေ့ပြီး မထချင် ထချင်နဲ့ နိုးလာတယ်၊ စိတ်က မလန်းဘူးဆိုရင် သင် အပန်းဖြေခရီး ထွက်သင့်နေပါပြီ။ သင်ဟာ အရင်ကလို ရယ်ရယ်မောမော မရှိတော့တာ၊ ရယ် စရာအဖြစ်အပျက်တွေ တွေ့မြင်နေရရင် တောင် ရယ်ချင်စိတ်မရှိတော့ဘူးဆိုရင် လည်း ခရီးထွက်လိုက်ပါ။
နောက်တစ်ချက်ကတော့ သင်ဟာ အရမ်းပင်ပန်းနေတယ်ဆိုရင် ခေါင်းချ လိုက်တာနဲ့ အိပ်ပျော်ရမှာပါ။ ဒါပေမဲ့ အိပ်မပျော်ဘူး၊ အတွေးတွေပျံ့လွင့်နေ မယ်ဆိုရင် ဒါဟာ စိတ်ဖိစီးမှုများနေ ကြောင်းပြတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီလို ဖြစ်လာရင်လည်း ခရီးထွက်ဖို့ ပြင်ဆင်ပါ။
စိတ်ဖိစီးမှုများလာရင် ကိုယ်ခံအားလည်း ကျလာတဲ့အတွက် သင်ဟာ ခရီးပုံမှန် သွားနေကျလူထက် ပိုပြီးဖျားလွယ်နေမှာ ဖြစ်ပါတယ်။ ခေါင်းကိုက်တာ၊ မျက်စိ ကိုက်တာ၊ ခါးနားတာတွေဟာလည်း စိတ်ဖိစီး မှုများနေတဲ့ လက္ခဏာတွေဖြစ် တာမို့ ခရီးထွက်ပြီး စိတ်ဖိစီးမှုကို အမြန် ဆုံး လျော့ကျအောင် လုပ်နိုင်ပါတယ်။

◘ ဂျူးငယ် (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.